Sunday, June 22, 2008

သည်းလွှာကျွမ်း လွမ်းလှပြီ

ဟန်မူမပျက် နုတ်မဆက်ပဲ
ပြေးထွက်ရှောင်ရှား ကိုယ်သက်ထားရယ်
ပြုအားလွန်ကဲ ကြွေလုဆဲပါ
အသဲကကြေ ဘ၀သေ
မျော်လွင့်အချစ် ရေတွင်နစ်
တိမ်တွင် လွင့်မျော်လွမ်းသောစိတ်တွေ
လူခြေကစိတ် ညအရိပ်မှာ
တိတ်တိတ်ကလေး ကြိတ်ကြိတ်ဆွေးခဲ့
အတွေးစိတ်တွေ လေရူးပွေသို့
တေလေလွင့်မျော လွမ်းသည့်ဇောတိုက်
မောဟိုက်နွမ်းလျ ပူလောင်လှနှင့်
စူးရှဒဏ်ရာ ပြင်းထန်ပါသည်
အော် ပြစ်ခွာရက်သူစိမ်းကာသူကို
မုန်းရန်မလွယ် မေ့ရန်ခက်ကာ
လွမ်းရန်လွယ်လှ၏ ။
သည်းလွှာကျွမ်း ပန်းလုဆဲပင်
ဒီအသဲလည်း မာကြောကျောက်သား
သံမဏိနှလုံးသားလို့ပင်
တင်စားမမှီ အချစ်ကြီးသူရဲ့
ငါဟဲ့ယောက်ကျာင်္းလက်မထောင်လဲ
အချစ်နဲ့အတွေ့မှာ ကွေးညွတ်သွား၏
သူရဲ့အချစ် အလွမ်းတွေဖြစ်တော့
မခံနိုင်အသဲ နွမ်းလျကြွေလု
မြေမှာခရန် ကြံရွယ်ရယ်စိတ်
ကြိတ်ကြိတ်ဆွေးကာ ကြွေလုဆဲပင်
မျှော်မှန်းရည်ကာ ကံမကုန်ရင်ဖြစ်
တစ်နေ့တော့ ပြန်တွေ့ရမှာပဲလို့
ဖြေသိပ်အသဲ အဆွေးနှလုံးသားကို
အလွမ်းဒဏ်ရာ ပျောက်ဖို့
မျှော်လင့်ချက်ကလေးတော့
ကိုယ့်ကိုကိုယ် ပေးမိတယ်
မရေးရာတဲ့ အလွမ်းတစ်ပုဒ်
ပြဇာတ်ဟောင်းကို ပြန်ကနိုင်ပါစေ
ချစ်သူရယ်------------
မျှော်လင့်သူ----

Friday, June 20, 2008

ငါ့အဖြစ်က

မင်းမရှိလို့ ငါနှလုံးသား
ရင်ခုန်သံတွေ ရပ်တန့်သွားမှာစိုးလို့
အချိန်တိုင်း မင်းအကြောင်းကို
ငါအသက်ရှင်ဖို့ တစ်ခုတည်းအတွက်
စဉ်းစားပေးနေရတယ် ---- ချစ်သူ


အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...