Saturday, August 30, 2008

မလောက်နိုင်တဲ့ပိုက်ဆံတချို့နဲ့ ဘီယာဆိုင်ကသူငယ်ချင်း။ နှလုံးသားထဲကချစ်သူ

ဒီနေ့ သူငယ်ချင်းတွေနဲ့

ဘီယာဆိုင်မှာ ချိန်းထားတယ်

အိတ်ထဲမှာက ပိုက်ဆံတချို့

ပြားကပ်ကပ်နဲ့ ကျန်တော့ကျန်သေးတယ်

လစာထုတ်လိုက်တာလဲ အကြွေးဆပ်လိုက်တာနဲ့

မလောက်ဘူး ..........။

ခက်တာပဲ သုံးလို့ကိုမလောက်နိုင်တဲ့

ဒီပိုက်ဆံတွေကို ကြည့်ပြီ

သက်ပြင်းချခဲ့ရတဲ့ နေ့တွေလဲမနည်းပါဘူး

အရေးထဲ ကောင်မလေးအတွက်

ရင်းနှီးနေရတဲ့ စီးပွားရေးကလဲ

အမြတ်မထွက်သေးဘူး ......။

ငွေတွေကော အချစ်တွေကော

အချိန်တွေရောကိုပါ မြုပ်နှံထားရတာ

လွယ်တော့မလွယ်ဘူး .......။

အခုလဲကြည့် အိတ်ထဲမှာက

ထောင်တန်တချို့ ထောင့်ကပ်နေတယ်

သူငယ်ချင်းတွေဆီမသွားပဲ နေလိုက်ရင်လဲ

ငါ့ကိုအပြစ်တင်ကြအုံးမယ် .....။

ဘီယာတော့မသောက်ချင်ပါဘူး

မပြင်းလို့ အရက်ပဲသောက်ချင်တယ်

BE ဖြစ်ဖြစ်ပေါ့ ...

အဲ့ဒီကိစ္စ ချစ်သူသိလို့လဲမဖြစ်သေးဘူး

မရှိမဲ့ ရှိမဲ့

ဒီတစ်ယောက်လေး ရှားရှားပါးပါးရှိပါရဲ့

သူငယ်ချင်းတွေကိုပဲ ကြည့်ပြောရမှာပဲ

တော်ပြီကွာ မသွားတော့ဘူးဘီယာဆိုင်ကို

ရင်ခုန်သံတစ်ချက်နဲ့ ဘီယာတစ်ခွက်မလဲတော့ဘူး

တရားပါ့မလား ..........။

Friday, August 29, 2008

ကိုယ့်အပြစ်နဲ့ကို

ငါသူ့ကိုသတိရလို့
ဒီမနက်အစောကြီး
ငုတ်တုတ်ထိုင်ပြီး လွမ်းနေမိပါတယ်
ငါမျက်နှာမသစ်ရသေးပါဘူး
ရေလဲမချိုးရသေးပါဘူး
ကိုယ်တစ်ကိုယ်လုံးလဲ နံဆောနေတာပဲပေါ့
ငါမှမအားတာလေ ဘယ်တက်နိုင်မှာလဲ
ချစ်သူကို လွမ်းနေရတဲ့အလုပ်က
ငါ့အတွက် အလုပ်ကြီးအကိုင်ကြီးပဲလေ
ခက်တာက နေ့တိုင်းလွမ်းနေလို့
အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့
ငါ့ဘေးနားမှာ စာရင်းစာအုပ်တွေက
တောင်လိုပုံနေပြီလေ ....
ဘယ်တက်နိုင်ပါ့မလဲ
ချစ်သူကိုလွမ်းနေရရင်
ထမင်းတောင်မေ့နေတဲ့ ငါက
ချစ်မိတဲ့ကိုယ့်အပြစ်နဲ့ကို
ဘာပြောနိုင်မှာလဲလေ ...
သူ့ကိုကျွန်တော်က အသဲနစ်အောင်ချစ်နေမိတာကို ...

Tuesday, August 26, 2008

ဘာ ...မျက်ရည်ကျတယ်

Photobucket
ဘာ …
မင်းမိန်းမတစ်ယောက်အတွက်နဲ့
မျက်ရည်ကျမယ်
ဟေ့ကောင်
သေသေချာချာစဉ်းစားအုံးနော်
အချစ်ကို ယုံကြည်ပြီး
နှလုံးသားကို စတေးချင်တာလား
မသေချာတဲ့ ပျော်မွေ့ချင်းတွေနဲ့
မင်းဘ၀ကိုကာရံထားမယ်ဆိုရင်
အသက်ထပ်ဘာကို မြတ်နိုးလဲလို့
ငါမေးချင်တယ်
သောကတွေ ရင်မှာပိုက်ပြီး
အပူမီးတွေနဲ့ ထာဝရ
မင်းကို
ရှို့သက်မှာက
တခြားသူမဟုတ်ဘူး
အဲ့ဒီအချစ်မီးပေါ့
မင်းသေသေချာချာစဉ်းစားကြည့်
ပူမှန်းသိရဲ့နဲ့တိုးနေလောက်အောင်
သူက ဘယ်လောက်တောင်ချော
ဘယ်လောက်တောင်လှနေလို့လဲ
အချိန်တန်ရင် ပုပ်ဆောနံကြမဲ့
အသေကောင်တွေပါ
အလှကို ရုပ်ဆောင်ပြီး
မာယာလေ တစ်ခွဲသားနဲ့
နှမ်းတစ်စေ့လောက်တောင်
တန်ဖိုးမရှိတဲ့
ခန္တာကိုယ်ကြီးကို တွယ်တာကာ
အလှတွေဖော်ထုတ်ပြီ
ဘ၀တွေမေ့နေလိုက်ကြတာ
ငါအခုချိန်ထိ
ဘာတွေလုပ်ပြီးပြီလဲလို့
ကိုယ့်ကိုပြန်မေးကြည့်ကြအုံး
ငါလဲပဲပြန်မေးကြည့်ရအုံးမယ်
အခုငါ့ရင်ထဲမှာ
ပူလောင်နေတယ် …
အချစ်မီးတွေပေါ့
………..

ဂစ်တာကြိုး

မင်းနဲ့တွေ့မှ အချစ်ကိုဖွဲ့ဆို
နှလုံးသားကို ဂစ်တာတီးခိုင်းပြီး
ရင်ခုန်မလို့ လုပ်တုန်း
ဂစ်တာကြိုးပြတ်သွားတယ်

Sunday, August 24, 2008

မေ့လို့ရရင်

ငါ .. အချစ်တစ်ခုကို
လွယ်လွယ်နဲ့ ချစ်
လွယ်လွယ်နဲ့ ခံစားပြီ
လွယ်လွယ်နဲ့ မေ့လို့ရရင်
နေ့တိုင်း အချစ်သစ်နဲ့
တွေ့ချင်တယ် ...
အဲ့ဒါမှ အဲ့ဒီအချစ်ပေါ်ကိုမှီပြီ
ငါကဗျာရေးမယ်
ကဗျာရေးပြီရင် သူ့ကိုမေ့လိုက်မယ်
ပြီရင် အသစ်ရှာမယ်
နောက် ကဗျာတစ်ပုဒ်ထပ်ရေးမယ်
ကဗျာရေးနေတဲ့ အချိန်လေးပဲ
သူ့ကို ..
ငါချစ်ကြောင်းပြမယ်
ခံစားပြမယ်
ဆွေးပြမယ်
ပြီရင် မေ့လိုက်မယ်
..........

Saturday, August 23, 2008

ငှက်တစ်ကောင်ရဲ့လွတ်လပ်ခြင်းမျိုး

Обои на рабочий стол. Wild and Songbirds
ငါလေ .. ဘာကိုမှမဆွေးရ မပူပန်ရပဲနဲ့ ငှက်ခလေးလို ပေါ့ပေါ့ပါးပါး လျှောက်သွားခွင့်သာ ရမယ်ဆိုရင်
အရင်ဦးဆုံးမင်းရှိရာ အရပ်ဆီ မနားတမ်းပျံလာမှာပါ ချစ်သူရယ် ...

နုတ်ဆက်စွန့်ခွာသူ

အလွမ်းတွေနဲ့ တမ်းတ
ချစ်ခြင်းတွေနဲ့ မိတ်ဖွဲ့
ဒို့ရဲ့နှလုံးသားရင်ခုန်သံမြန်အောင်
လုပ်တတ်မှန်းမသိတတ်ခဲ့ဘူး
စေတနာတရွေးသားနဲ့
ဝေဒနာပေးသွားတဲ့
(ဂျစ်ပစီ)ကောင်လေးဆိုတာ
သတိမထားမိခဲ့ဘူး
သတိထားမိခဲ့ရင်
ဒို့ရဲ့မေတ္တာတံခါးအသေအချာပိတ်ထားမှာပေါ့
အခုတော့ ….
စွန့်လွှတ်ခြင်းကိုရင်ဆိုင်
ဝေဒနာတွေကို ရင်ဝယ်ပိုက်
အလွမ်းတွေနဲ့ခံစား
သံယောဇဉ်ဒဏ်မခံနိုင်လို့
အရာရာကို ကျောခိုင်းခဲ့ပါပြီ ကောင်လေးရယ် ။
+……………..+……………+
ချစ်သူရယ်
ငါမင်းကိုအလွမ်းတွေနဲ့လဲ
မတမ်းတခိုင်းပါဘူး
တခုတော့ရှိတယ်
ငါမင်းကိုချစ်ခြင်းတွေနဲ့တော့
မိတ်ဖွဲ့ခဲ့တယ်
ပြီတော်
မင်းရဲ့နှလုံးသားကို
ရယူဖို့ကြိုးစားနေတဲ့သူပါ
အထင်တွေမှားပြီး
အမြင်မှာ
ငါ့ကိုဂျစ်ပစီကောင်လေးလို့
မင်းထင်ပြီ
ငါ့ရဲ့မရေတွက်နိုင်တဲ့အချစ်တွေကို
စေတနာတရွေးသားလို့
မင်းသက်မှတ်မယ်ဆိုရင်
အမှားကြီးမှားလိမ့်မယ်ချစ်သူ
မေတ္တာတံခါးပိတ်ဖို့တော့မကြိုးစားပါနဲ့
မင်းအလှတွေရဲ့
အဆိတ်မိနေတဲ့
လူသားတစ်ဦးမို့ပါ
မင်းနဲ့ ငါနဲ့ရေးနေတဲ့ဇာတ်လမ်းက
အခုမှ နိဒါန်းမို့လို့
ဇာတ်သိမ်းစကား
စွန့်လွှတ်ခြင်းကို
ငါမရေးပါရစေနဲ့
ဝေဒနာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို
အသေအချာစဉ်းစားပြီးမှ
ငါ့ကိုဒဏ်ရာတွေပေးဖို့
မင်းကြံရွယ်ပါ ။
အရာရာကိုကျောခိုင်းခဲ့ရင်တောင်
ငါ့ကိုတော့ကျောမခိုင်းပါနဲ့ ။
အရမ်းချစ်ရသူမို့
အရမ်းလဲလွမ်းမိတာအမှန်ပါ
တခါတလေများဆိုချစ်သူရယ်
နှလုံးသားမှာတဆစ်ဆစ်နဲ့
ကိုက်ခဲနာကျင်
မျက်ရည်တွေနဲ့အလွမ်းတွေစပ်ပြီး
ချစ်သူကိုအရမ်းချစ်တဲ့အကြောင်း
ကဗျာလေးရေးပြီး Mail ပို့မိပါတယ် ။။

လွမ်းကြောင်းကိုပုံကြီးချဲ့

ငါ့အတွေးတွေ မင်းဆီကိုလွင့်မျောတဲ့အခါ
ဘာမှ ထိန်းချုပ်မရ
ငါ့ဘာမှ လုပ်မရ
စာကျက်နေရင် စာအုပ်ကိုပိတ်
ငါ့ကိုငါ ဘာမှန်းမသိတော့
အလုပ်လုပ်နေရင် အလုပ်ကိုရပ်လို့
ငါ့ကိုငါ ဒုက္ခပေးနေမှန်း
ငါ့ကိုငါမသိတော့ မင်းရဲ့အချိန်တိုင်း
ငါ့ကိုစိုးမိုးထားတဲ့ စိတ်အဆင်းနဲ့ပုံရိပ်တွေကို
ပြန်တွေးကြည့်မိတော့ ငါ့နှလုံးသားမှာ
အလွမ်းတွေက ဒဏ်ရာတွေအဖြစ်ကူးပြောင်း
နာကျင်ခြင်း ဝေဒနာတွေကိုအဓိပ္ပာယ်ဖွဲ့ပြီး
ငါ့သူကို အရမ်းချစ်မိနေတာပါလား
အော် မိန်းခလေးရယ်လို့
တွေးမိချိန်မှာ ……
ညည်းသံသဲ့သဲ့မှတပါး
ငါဘာလုပ်နိုင်မှာလဲ
လိုချင်တာကိုရအောင်ယူမယ်လို့
ငါ့ကိုငါ အားအင်သစ်တွေမွေးပြန်တော့
အခုလက်ရှိကိုပြန်သုံးသပ်မိတယ်
ငါ့ဘေးနားမှာ မင်းမရှိ
ကျောင်းစာတွေဝိုင်းရံလို့
ထမင်းကြွေးနေတဲ့ အလုပ်ကတဖက်မို့
ငါအလုပ်ဆက်လုပ် စာတွေဆက်ကျက်နေမိတယ်
ဒါပင်မဲ့ အတွေးထဲမှာ
မင်းအမြဲစိုးမိုးနေလို့
ငါလုပ်သမျှ ရှေ့မရောက်ဘူး
အဲ့ဒီအတွက်ကြောင့်
ငါဟာတစ်နေတစ်ခြားညံ့လာပါလားလို့
လူတွေဝိုင်းပြောကုန်ကြပြီ
ဖြစ်ချင်ရာဖြစ် အရမ်းချစ်မယ်ဆိုပြီး
မင်းကိုယုံကြည်တဲ့ စိတ်နဲ့
ငါဆက်လွမ်းနေမိတယ် “ ငယ် ” ရယ် …..

Friday, August 22, 2008

Online ပေါ်ကမင်းသမီး

ဇာတ်လမ်းတပုဒ်ရေးနေတယ်
ဒါပင်မဲ့ မင်းသမီးကတော့
စင်ဆာမရသေး ပါတ်ပို့စ်မလုပ်ရသေးလို့
ငါအခုOnline ပေါ်ကမင်းသမီးကို
အခုထပ်ထိတော့ မတွေ့ရသေးဘူး
ဒါပေမဲ့ ...
ဇာတ်လမ်းနံမည်ပြောပြမယ်
“ မရေမရာအလွမ်းကမ္ဘာ”တဲ့
မင်းသားကတော့ ငါဖြစ်ကောင်းဖြစ်မယ်
မင်းကိုငါအပြင်မှာ မမြင်ဖူးပါဘူး
Online ပေါ်မှာခင်
လေလှိုင်းပေါ်မှာတင် ချစ်စကားတွေဖွဲ့ပြီး
ငါချစ်သမျှကို လွမ်းပြတဲ့အခါ
မင်းသမီးက သူလဲလွမ်းတာပါပဲတဲ့
ပြီတော်ပြောသေးတယ်
ငါတို့မကြာခင်တွေ့ကြရမှာ ပါတဲ့
နင်ကြိုးစားပါတဲ့ …။
နင်ငါ့ကိုချစ်တာ ငါမှမမြင်ရတာ
လွမ်းတာကော ဘယ်လိုမျိုးလဲ
ဒါရိုက်တာခိုင်းသမျှကို
အသက်သွင်းပြီး ငါ့ကိုမာယာတွေနဲ့
ဇာတ်ကွက်လှအောင် မလှည့်စားပါနဲ့
Online မင်းသမီး ။
မင်းဘယ်လိုပဲ သရုပ်ဆောင်ဆောင်
ငါကတော့ မင်းကိုအမှန်တကယ်ရင်ခုန်မိတာမို့
မင်းအသံလေးကြား မင်း Account လေးမြင်ပြီး
မင်းဓါတ်ပုံလေးကြည့်နေရရင်
လွမ်းနေရရင်ဖြစ် ကျေနပ်ပါပြီ ။
ဒါပေမဲ့ …
ငါဆက်မလွမ်းချင်တော့ဘူး
ငါ့ရဲ့မရေရာတဲ့ အလွမ်းကမ္ဘာကို
ဇာတ်သိမ်းချင်နေပြီ …
မင်းကိုအရမ်းသတိရလို့ လွမ်းရရင်တောင်
ငါရေရေရာရာပဲ လွမ်းချင်တယ်
ချစ်သူရယ် ….။
ငါ့ကို ရေရာတဲ့ရင်ခုန်မှုတွေပေးပါ
စမ်းတ၀ါးဝါး မပီပြင်ဝိုးတ၀ါးနဲ့
အသက်သွင်းထားတဲ့ အချစ်တွေနဲ့တော့
ငါ့ရင်ဘက်ထဲက ရင်ခုန်သံတွေကို
ခိုးပြီး နာထောင့်ဖို့ စိတ်မကူးပါနဲ့
ဘာလို့လဲဆိုတော့
ငါ့အချစ်က ရင်ခုန်သံအစစ်မို့ပါ
Online မင်းသမီးရယ် ..။

Thursday, August 21, 2008

အာရုံ

ကျုပ် …
အရှေ့မှာ
မြင်နေရတယ်
ကြားနေရတယ်
အရောင်ရှိတယ်
အနံ့ရှိတယ်
အထိ ၊ အတွေ့ ၊ အငွေ့တွေ
အားလုံးရှိတယ်
ဒါပေမဲ့
အရသာမရှိဘူး ……။
ကျုပ် …
အနောက်မှာ
မမြင်ရဘူး
ကြားနေရတယ်
အနံ့နည်းနည်းရှိတယ်
ကျန်တာတွေ မသိဘူး
ဒါပေမဲ့
အရသာရှိတယ်
စိမ့်စိမ့်လေး …..။

Saturday, August 16, 2008

လွမ်းနေရရင်

အချိန်တိုင်း မင်းကိုတမ်းတ
အလွမ်းတွေ ပိပြီ
ငါအိပ်ရာထဲမှာ နလံမထနိုင်လို့
ဆရာဝန်တောင် လက်လျော့
အထူးကုတွေတောင် ထိုင်ငိုလို့
ငါ့ဘ၀ကြီးတစ်ခုလုံး ဆွေးမြေ့ကာ
မြေပေါ်လုံးလုံးကျပြီ
ငါ့တကိုယ်လုံး မှိုတက်နေပလေ့စေအုံး
မင်းကို လွမ်းနေရတဲ့
အချိန်တိုင်းဟာ ငါ့အတွက်အရသာတစ်မျိုးပါပဲလား

Sunday, August 10, 2008

ချစ်သူပေးတဲ့ကဗျာ တစ်ပုဒ်ကိုပြန်ပြီဖြေရှင်းချက်ပေးခြင်း

ဒဏ်ရာတွေ ဗလပွနဲ့
ငါလဲကျတော့ မင်းကလက်ကမ်းပေးတယ်
ပြီးတော့ … “မငိုပါနဲ့ကလေးရယ်တဲ့”
အသဲကွဲသီချင်းတွေကို ဒို့တောင်းဆိုတော့
ဘာမှမမြဲဘူး ………….
မဆွေးနဲ့ကွာလို့ အားပေးခဲ့ဘူးတယ်
ဒို့အရမ်းစိတ်ညစ်တယ်လို့ပြောတော့ ….
မင်းအရမ်းစိတ်ပျော့တယ်လို့
ဒို့ ကိုဝေဖန်ခဲ့တယ် ။
အခုတော့ . . . မင်းပြောတဲ့အတိုင်း
ဒို့စိတ်ခိုင်မာအောင်ကြိုးစားနေတဲ့အချိန်မှာ
မင်းကဒို့ရဲ့အဝေးဆုံးတစ်နေရာမှာ သွားနေတယ် ။
ဒို့ဘ၀ရဲ့ . . . နိဒါန်းနဲ့နိဂုံးဟာဒဏ်ရာတွေနဲ့ပါကောင်လေးရာ . . . ။
+ .. .. .. .. .. .. +.. .. .. .. .. .. .. +.. .. .. .. .. .. +
တကယ်လို့ .. မင်းမှာ တကယ်ဒဏ်ရာတွေရှိနေတယ်ဆိုရင်
ငါ့မှာက . . . ချစ်သူကိုလွမ်းရလို့
ဒဏ်ရာတွေကတစ်မျိုး …..
အဝေးကြီးက .. ချစ်သူကို
ဘယ်လိုစိတ်ချမှုမျိုးတွေ .. ငါ့ပေးရမှာလဲ
ငါ့ညတိုင်းလွမ်းနေတာကော မင်းသိပါ့မလား
ငါ့ကိုလွမ်းခွင့် .. တမ်းတခွင့်ပေးတဲ့အတွက်
မင်းကိုကျေးဇူးတင်ပါတယ်ကွာ ..
ဘာလို့လဲဆိုတော့ . . . မိန်းခလေးတစ်ယောက်ကို
လွယ်လွယ်နဲ့ ရင်မခုန်တတ်တဲ့
ငါ့နှလုံးသားက ထူးဆန်းစွာ မင်းကိုမှ
ရင်ခုန်ခဲ့တယ်လေ …
အခုတော့ .. ငါလွမ်းနေရပြီးပေါ့
ကောင်းမလေးရေ ……
ရင်ခုန်မိတဲ့ … နှလုံးသားကိုတော့
အပြစ်မတင်ဝံ့ပါဘူး . . .
ငါ့ဘာသာငါ လွမ်းနေတာက ကောင်းပါတယ်
မင်းနဲ့ဆုံစည်းရမဲ့ ရက်ကိုလက်ချိုးရီပြီး
မနက်ဖန်ပေါင်းများစွာ အသက်ဆက်ရှင်ရမဲ့
ငါ့နှလုံးသားကို မျှော်လင့်ချက်ပေးနေမိတာတော့အမှန်းပါချစ်သူ
မင်းပေးတဲ့ ဓါတ်ပုံလေးအိပ်ကပ်ထဲထည့်
ငါသွားလေရာယူသွားလို့ ငါ့အလွမ်းတို့
နှိပ်စက်တော့မယ်ဆိုရင် .. ကဗျာကယာ
အကူအညီတောင်းမိတာက 119 ကိုမဟုတ်ပါဘူး
မင်းဆီင်္ကိုပါ … မင်းဓါတ်ပုံလေးထုတ်ကြည့်လို့“
ငါ့တခဏတာ အမောဖြေလိုက်ရင်
ငါရင်မှာ စစ်ငြိမ်းလို့
ရင်ခုန်ခြင်းတွေ .. ဆီချက်ညီညီနဲ့
ငါ့နှလုံးသားမှာ .. ကခုန်ခဲ့ပြန်ပါတယ် မိန်းခလေးရေ

“ ကျွန်တော်ရေးတဲ့အသဲကွဲဇာတ်လမ်းတစ်ပုဒ် ” အပိုင်း( ၁ ) …

မိုးရွာနေတဲ့ နေတစ်နေ့ “ မိုးကအရမ်းရွာနေတယ် computer သင်တန်းကလည်း အတန်းလွတ်ခန်းနီးမှာပေါ့ အချိန်က 2007 September 6 ရက်နေ့ညနေ 4:30 မိုးကုန်ခမ်းနီးမို့ ဆွေ့ဆွေ့မြေ့မြေ့ရွာနေတယ်” မိုးရေစက်တို့ကအေးလဲအေးတယ် .. ဘာကြောင့် လည်းဆိုတော့ မြောက်ဘက်မှတိုက်လာတဲ့ ဆောင်းလေတို့ကြောင့်“ဆောင်းကူးမိုး”လို့ ခေါ်ရင်လည်းရပါတယ် ..
“ ကျွန်တော်သင်တန်းစတက်တာ တပတ်လောက်တော့ရှိပြီပေါ့ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ သင်ခန်းစာ သိပ်မရောက်သေးဘူး
ကောင်မလေး တစ်ယောက် သူနာမည်က အိလေးတဲ့ သူနဲ့ ကျွန်တော်နဲ့က စာသိပ်မကွာဘူး ကျွန်တော်က သင်တန်းစတတ်တာ
နည်းနည်းစောတယ် .. သင်တန်းမှာ ဆရာမက အားလုံးပေါင်းလေးယောက်ရှိတယ် .. သူနဲ့ကျွန်တော်ကို သင်တဲ့ဆရာမက အတူတူ
ပဲ ဒါပင်မဲ့ ခုန်ချင်းတော့မတူဘူး .. ကြားထဲမှာ နှစ်ခုံလောက်ခြားတယ် .. ။

ဒါပင်မဲ့ တစ်နေ့မှာ ဆရာမက ကျွန်တော့်ကို စာခဏစောင့်နိုင်မလားလို့ မေးတော့ ကျွန်တော်ပြောလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကောင်မလေးနဲ့ ကျွန်တော်ကို စာအတူတူ သင်ပေးရင် ဆရာမလည်းသက်သာ .. အချင်းချင်းညှိနှိုင်းပြီးသင်သွားလို့ရတာပေါ့ .. ဒါနဲ့ကျွန်တော့်ကို“သူ”စာမှီသွားတယ်အဲ့ဒီအချိန်မှာဆရာမကကျွန်တော်နဲ့သူ့ကိုခုံချင်းကပ်ပေးလိုက်တယ်။ကျွန်တော်ကဘယ်ဘက်ဘေးကပေါ့ .. သင်တန်းသားတစ်ယောက်ခုံရွေ့သံကြားမှ ကျွန်တော်အတွေးစတို့ပျက်ပျယ်သွားတယ် .. “ ဟော သင်တန်းလွတ်ပြီ အဲ့ဒီအချိန်မှာ ကျွန်တော့်ညာဘက်ဘေးကကောင်မလေး သိကစသူငယ်ချင်းပေါ့ .. စကားပြောရင်လည်း သူ့မျက်နှာမှာ အပြုံးပန်းလေးတစ်ပွင့် ဆင်ပြီးပြောတတ်တဲ့ အကျင့်ရှိတယ် ..“ ကယ်သွားကြရအောင်” သူပြောလာတာပါ “ဟုတ်သားပဲအတန်းတောင်လွတ်ပြီ” ဒါနဲ့ ကျွန်တော်နဲ့သူ သင်တန်းဆင်းခဲ့ပါတယ် .. အဲ့ဒီအချိန်မှာ အပြင်မှာ မိုးတွေအရမ်းရွာနေခဲ့တယ်လေ “ အဲ့ဒါမှပြသာနာပဲ ကျွန်တော့်မှာ ထီးမပါဘူး” ကျွန်တော်မိုးရွာတော ထဲပြေးထွက်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ “သူ” ကျွန်တော့်ရဲ့သိကစ friend ပေါ့ “Hey ငါနဲ့လိုက်ခဲ့ပါလား you” ကျွန်တော်လည်းဘာပြောကောင်းမလဲ .. သူ့ထီးအောက်ကို ပြေးခိုခဲ့မိတာပေါ့ .. မိုးကအရမ်းရွာနေတယ် ..ထီးကမလုံဘူး ၊ သူ့ကိုမှာလဲရွှဲ ကျွန်တော့် ကိုယ်ပေါ်မှာလဲ ရွှဲနေတယ်။ .. ငါ .. ရင်တွေအရမ်းခုံနေပါလား .. ဘာဖြစ်လို့ပါလိမ့် .. အော် .. ဒီလိုတစိမ်းမိန်းခလေးတစ်ယောက်နဲ့ မိုးရွာတောထဲမှာ ထီးတစ်လက်တည်းမပြောနဲ့ အပြင်မှာ တွဲသွားတွဲလာတောင်လုပ်ဖူးတာ မဟုတ်ပါဘူး ။ ..

ရင်တွေကခုန် အတွေးစတို့က ရောယှက်မွှေနှောက်လို့ ၊ ငါ့နှလုံးသားတွေ ရင်ခုန်စပြုလာပြီလေ.. ခက်တာတစ်ခုက ကျွန်တော်သူ့
ကိုအားနားနေတယ် .. သူနဲ့က အသားချင်းကပ်မလိုလိုတောင်ဖြစ်နေတာကို .. ကျွန်တော်သူကိုယ်ငွေ့လေနည်းနည်း …ကျွန်တော့်
ရဲ့ရင်ခုန်သံတွေကို လာပြီဖုံလွှမ်းနေတယ် .. “ You ဘယ်ပြန်မှာလဲ” သူမေးလာတာပါ “အော် Friend ဒီလမ်းကပြန်မှာ” ဆိုပြီ 18 လမ်း ကိုညွှန်ပြလိုက်ပါတယ် ..ပြီတော်ကျွန်တော်က သူ့ကိုမေးလိုက်ပါတယ် “Friend ကကောဘယ်ပြန်ရမှာလဲ” ကျွန်တော်စကား
မရှိစကားရှာပြီမေးလိုက်ပါတယ် သူက .. “ အလုံပြန်ရမှာ” သူအလုံမှာနေတာကျွန်တော်သိတာပေါ့ .. ဟိုနေ့မသိခင်ကတည်းကိုက
မေးကြည့်ခဲ့ပြီသားပါ .. ရင်ခုန်သံတွေ .. ဗျောင်းဆန်နေလို့ ဘာမှန်းတောင်မသိတော့ပါဘူးဗျာ .. အော်ဒါအချစ်တဲ့လား .. ငါအချစ်
ဆိုတာကိုရှာတွေ့ပြီ … ငါဘာဆက်လုပ်ရမလဲ .. “ငါ့ကိုသွားခွင့်ပြုပါ” တဲ့ .. ဆိုပြီသူထီးအောက်ကပြေးထွက်ခဲ့ပါတယ် ….

မိုးရွာတောထဲပြန်လာရပင်မဲ့ ကျွန်တော်အရမ်းပျော်တယ် ၊ ဒါဟာအချစ်တဲ့လား အချစ်ဆိုတဲ့အရာဟာ ဘာလဲ ရင်ခုန်ခြင်းတွေလား
ပျော်မြူးခြင်းတွေလား ဆိုတာတော့ကျွန်တော် ကောင်းကောင်းမသိပါဘူး ဒါပင်မဲ့အခု လောလောဆယ်တော့ ကျွန်တော် ရင်ခုန်ခြင်း
တွေနဲ့ အချစ်ကိုစတင်နေတယ်လေ …။ အင်း … မအိပ်ပဲနဲ့စဉ်စားလိုက်တာညတော်တော် ညည့်နက်တယ် ..ပြီမှ အိပ်ပျော်သွား
တယ် …..။ မနက်မိုးလင်းတော့ လုပ်စရာရှိတာတွေလုပ် Breakfast စာပြီး သင်တန်းသွားရမဲ့ 2:30 pm ကိုမျှော်နေမိပါတယ် ..၊
ခါတိုင်းဆို သင်တန်းသွားရမှာ ပျင်းတဲ့ ကျွန်တော်အခု ဘာဖြစ်လို့ နာရီတကြည့်ကြည့်ဖြစ်နေရတာလဲ .. ငါဘာဖြစ်နေတာလဲ
သူ့ကအရမ်းလှတာပဲနော် .. ဘာကြောင့် .. ငါ့နှလုံးသားကိုဖမ်းစားခဲ့တာလဲ မိန်းခလေးရယ် .. ငါ..ဘယ်လို .. ရင်ခုန်သံတွေကို
အသက်သွင်းရပါ့မလဲ .. ငါ့ရင်ထဲကစကားလုံးတစ်ချို့မင်းကို ပြောပြရင် မင်းနားထောင်နိုင်ပါ့မလား ..









Saturday, August 9, 2008

အရက်သမား ရဲ့အသဲကွဲစကား

ငါတစ်ယောက်တည်း ရင်ခုန်သံတွေကင်းမဲ့ကာ
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကိုလဲမတွေးချင်ဘူး
ပြီခဲ့တဲ့အတိတ်ကိုလည်း မဆွေးချင်ဘူး
အခုလောလောဆယ် အရက်တစ်ခွက်လောက်ဘာမှမကောင်းသလိုပဲ
ငါ့ကိုဘယ်သူမှ မချစ်ကြဘူး
သစ္စာမရှိကြဘူး ငါအမြဲသောက်နေတဲ့
ဒီအရက်လောက် နင်တို့ငါ့ကိုမေတ္တာတွေသဲတစ်ပွင့်လောက်
ပေးခဲ့မယ်ဆိုရင် ငါဘ၀ဟာ
အရက်သမားဖြစ်မှာ မဟုတ်ပါဘူး
အခုတော့ အချစ်ကို ကိုးကွယ်မိတဲ့
နှလုံးသားပိုင်ရှင် ကျွန်တော်မျိုးဟာ
ဒုက္ခပင်လယ်ထဲမျောလို့ အသဲတွေကွဲ
ကယ်သူမရှိ အချစ်နွံနစ်နေခဲ့ပါပြီ
အရက်ကသောက်ကောင်း မိုးမိုးကအေးအေးနဲ့ပေါ့
ဆွေးစရာဓါတ်ပုံတစ်ချို့ကို ပြန်ကြည့်ပြီ
မင်းတော်တော်လှပါလားလို့ ငါညည်းထွားမိတော့
ယောင်္ကျားဒဏ်မဲ့ မျက်ရည်ကျခဲ့ရတယ်
အရက်သမားမျက်ရည်ကျတော့ အရက်ဆိုင်က
waiter တချို့က ငါ့ကိုမေးကြတယ်လေ
အကို ဘာဖြစ်လို့လဲတဲ့
ဟားဟား .....
ငါပြန်ဖြေလိုက်တာက အချစ်ကိုဝါးစားတာ
အသဲမှာ အရိုးဆူးသွားလို့ကွာ
လောလောဆယ် အသဲကြွေမကျခင်
မျက်ရည်တစ်ချို့ နိဒါန်းအနေနဲ့
ရှေ့ပြေးမိတာပါ သူငယ်ချင်းတို့ရယ်

Sunday, August 3, 2008

Myanmar family မှသူငယ်ချင်းများနှင့် ဆုံဖြစ်ခဲ့တဲ့နေ့တစ်နေ့(၁)

ကျွန်တော်တို့ဒီနေ့(2 Aug 2008 )ညနေမြေနီကုန်းမှာ တွေ့စုံခဲ့ကြပါတယ် ။ ကျွန်တော်နှင့် “DuDu-13” ဟာ ဟဲလပင်မှတ်တိုင်းမှာ တွေ့ဖို့ချိန်းခဲ့ကြပါတယ် ။
“ကျွန်တော်ဟဲလပင် မှတ်တိုင်းကိုရောက်ရှိသွားတဲ့အချိန်မှာ “DuDu-13” ဟာကျွန်တော်ကိုစောင့်နေပါတယ် ဒါပင်မဲ့”DuDu” ကိုကျွန်တော်မမြင်ဘူးပါ၊ လူတစ်ယောက် လူအများကြီးတည်းမှ ကျွန်တော်ကို ရီပြနေပါတယ်၊ ဒါပင်မဲ့ ကျွန်တော်ကိုလဲ မခေါ်ဘူး ………… ဘာလို့ဘာလိမ့် DuDu မဖြစ်လောက်ဘူးဟု
ယူဆကာ ကျွန်တော်ကျောချမ်သွားပါတယ်၊ ယောင်္ကျားကြီးတစ်ယောက်က ရီပြီတော် ကျွန်တော်ကိုကြည့်နေတာ တစ်မျိုးကြီးပဲ …….. အင်း DuDu ငါ့ကိုပြောတော့ လိမ္မော်ရောင်country shirt ၀တ်လာမယ်တဲ့ ။ အင်း သူက အင်္ကျီကတော့ဟုတ်ပါတယ် ဒါပင်မဲ့ အရောင်က လိမ္မော်ရောင်ဆိုတော့ အ၀ါရောင်လို့ တွေးကာ ……… ဒီကောင်ငါ့ကိုဘာလို့ကြည့်နေရတာလဲ “DuDu-13” ဆိုလဲငါ့ကိုခေါ်မှာပဲ ပြီတော် ငါဘာဝတ်လာမလဲဆိုတာလဲပြောပြီးသာလေ
ဒုက္ခပဲ ……. အာ…….. သွားမေးကြည့်တာကောင်းပါတယ်ဆိုပြီး အတွေးစကိုဖြတ်ကာ …….. မေးလိုက်တော့ ကျွန်တော် DuDu-13 ပါတဲ့ …….. ဒါနဲ့ကျွန်တော်တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် အပြစ်တွေပြောပြီး မြေနီကုန်း လောကနတ်လက်ဖက်ရည် ဆိုင်သို့လာခဲ့ကြပါတယ် ……..
ကျွန်တော်တို့ထိုင်ပြီ မကြာပါဘူး “ကောင်းမြတ်” ရောက်လာပါတယ် ….. ဒါနဲ့ကောင်းမြတ်ကိုအမောပြေ ရေနွေးတစ်ခွက်ငဲ့တိုက်လိုက်ပါတယ် ……. ကျွန်တော်
တို့ဟာ တစ်ခါမှ မတွေ့ဖူးကြပါဘူး …… ဒါပင်မဲ့ သူငယ်ချင်းအရင်းတွေလိုခံစားမိပါတယ် …… အခုဆို “ကောင်းမြတ်” “DuDu-13” ကျွန်တော”Mr.ကိုပေါ”စုစုပေါင်း သုံးယောက်သာရောက်ပါသေးတယ် ………. စိတ်မရှည်တစ်ရှည်နဲ့နောက်လူတွေ လာမှ လာပါ့မလားလို့ မျှော်ရတာပေါ့ ဒါပင်မဲ့
“ဟင်းလင်းပြင်”ကိုတော့ လာမှာပဲဆိုပြီ မျှော်နေခဲ့မိပါတယ် ……. နောက်ရောက်လာတာက “ အာကာမောင် “ “နေမင်း “ “ကိုဂျစ်တူ” ပြည့်စုံ “အောင်အောင်
“ပူတူ” တို့ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့ကြပါတယ်…………..
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...