Friday, November 16, 2012

အလုပ်

အလုပ် .. အလုပ်

 ပြီးအောင်လုပ် ကြိုးစားပန်စားလုပ်

အလုပ်မအား အလုပ်များ စိတ်နဲ့အလုပ်တွဲပါစေ...

စိတ်ကများများ အလုပ်ကမှား ပြီးမဲ့အလုပ်မပြီးနိုင်...

 ဒီနေ့အလုပ် အခုလုပ် မြန်မြန်ပြီးအောင်လုပ်

အလုပ်ကမပြီးနိုင် စိတ်ကမြန်

 မှားတတ်လေခြင်း အလုပ်မတွင်...

ဒီနေ့အလုပ် အခုမလုပ်ပဲ

မနက်ဖြန်မှလုပ်မယ်ဆိုပြီး အစီအစဉ်တွေဆွဲလို့

အလုပ်တွေကို အကြွေးမှတ်

 အားနေတဲ့ အချိန်တွေဖြုန်းတီးလို့

အလုပ်ကို အလုပ်လို့ မမှတ်ယူသူများ ...

 ဒီနေ့ အလုပ် အခုလုပ်၍

 ဘဝကို အလုပ်ဖြင့် တည်ဆောက်

ရိုရိုဝန်ထမ်းဘဝမှသည် ...

အမြင့်ဆုံး .. အမြင့်ဆုံးဆီသို့
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...