Thursday, June 13, 2013

ခဏခဏလိုအပ်ချက်











ငါခဏခဏမက်တဲ့ အိမ်မက်တွေထဲ
နင်ခဏခဏ ၀င်ပါနေတယ်
ငါခဏခဏရေးတဲ့ ကဗျာတွေထဲ
နင်ခဏခဏ  ၀င်ပါနေတယ်
ငါခဏခဏဆိုတဲ့ သီချင်းတွေထဲ
နင်ခဏခဏ ၀င်ပါနေတယ်
ငါခဏခဏတွေးတဲ့ အတွေးတွေထဲ
နင်ခဏခဏ ၀င်ပါနေတယ်
ငါခဏခဏလိုအပ်နေတဲ့ အရာတွေထဲ
နင်ခဏခဏ ၀င်ပါနေတယ်
ငါနင့်ကို  လိုအပ်လို့
အလုပ်တွေ လုပ်နေရတယ်
ငါနင့်ကို ပိုင်ဆိုင်ချင်လို့
အလုပ်တွေ လုပ်နေရတယ်
ငါနင့်ကို အသုံးချချင်လို့
အလုပ်တွေ လုပ်နေရတယ်
နင်ရှိမှ ရပ်တည်လို့ရမဲ့
ငါ့ဘ၀ပါ “ ငွေ” ရယ် .....
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...