Thursday, April 13, 2017

နေတွေကပူ ရေပူတွေနဲ့
အနေကမထိ အထီကျန်ခြင်းတွေ
စိုးမိုးခြင်း ငါ့နှလုံးသားမှာ
ဆွေးမြေ့မှုတွေ ရပ်တန့်မရ
အခါခါပါယ်ချပေးမဲ့
အခါခါတွေးနေမိတဲ့ မင်းပုံရိပ်တွေ
ငါ့စိတ်ကူးထဲ ပဲ့တင်သံထပ်လို့
ရေရွတ်လိုက်မိတဲ့စကားတစ်ခွန်းက
လွမ်းလိုက်တာချစ်သူရယ်ပေါ့....

ဒီလိုဒီလိုနဲ့ပဲ မနက်ဖြန်တွေ
အကြိမ်ကြိမ်ကုန်လွန်ခဲ့တယ်

မျှော်လင့်ချက်ဆိုတာ မျှော်လင့်ပါများလာတော့
လယ်ကွင်းထဲက မြေသားတွေလို
အက်ကြောင်းထပ်လာခဲ့တယ်...

တဖြေးဖြေးနဲ့ တိတ်ဆိတ်လာတဲ့
ငါ့နှလုံးသား ဘယ်အချိန်ထိ
ဘယ်နေရာ ဘယ်လိုအချိန်ကြမှ
ပြန်နိုးထပါမလဲ
စဉ်းစားရင်း...စဉ်းစားရင်းပေါ့
အတွေးတွေ ညဥ့်နက်သွားခဲ့တယ်...

တခါတလေကြရင်ဘဝနဲ့ပုံဖော်ထားတဲ့လောကကြီးကို
စိတ်ရှိလက်ရှိထိုးသတ်ပစ်လိုက်ချင်တယ်...

ငါ့ကိုမျက်နှာသာမပေးလို့လေ.....

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...