Friday, February 21, 2025

အရမ်းလွမ်းတာပဲ

 တစ်ရက်တောင်မခွဲနိုင်တဲ့ ချစ်သူတစ်ယောက်ကို

ရက်တွေကနေ လတွေကိုကူးပြောင်း

အခုတစ်နှစ်တင်းတင်းပြည့်တော့မယ်လေ ။

ငါလေ.... နင့်ကိုအရမ်းလွမ်းတာပဲဟာ ။



Wednesday, May 29, 2024

ဆရာမ သားခိုးလို့ မပြီးသေးဘူး

ဆရာမ သားခိုးလို့မပြီးသေးဘူး ---------------------------------------------- ထိုင်ရာကထ ထရာကလျှောက် ငါ့ခြေထောက်ဝယ် ဖိနပ်ရယ်ပါကာမှ တင့်တယ်လိမ့်မည်လေ။ ပညာရဲရင့်ပွဲလယ်တင့်ဖို့ ဆယ်တန်းခိုးချအောင်ခဲ့တာ ငါ ။ အဝေးသင်ကို ဘော့လ်ပင်ဘာဂျာခေါက်ထည့်၊ လိတ်ခိုးခဲ့တာငါ၊ ဆရာမခြင်းထဲ တစ်ယောက် ၃၀၀၀စုအပြင်ကျောင်းကြ ခိုးချပြီးဘွဲ့ရခဲ့တဲ့ငါ။ ကျောင်းပြီးတော့ Computer ၊ LCCI 1,2 ပြီးနေပြန်ခဲ့တယ်၊ ဒါနဲ့ ဆယ်စုနှစ်ကျော် မြန်ပြည်ကို အကြွေးဆပ်ရင်း.. အလုပ်တွေ အစုံလုပ်ခဲ့တယ်၊ မတိုးတက်ခဲ့တဲ့ငါ၊ တိုးတက်ခဲ့ရတဲ့ ၃၆ ဗိုက်ပူကိုသတိရရင်း... တစ်ချက်အမှားကို စောင့်ပြီး မင်းအောင်လှိုင်လို အာဏာသိမ်း ပုဒ်မ ဘာဂျာခေါက်ဖြီးလို့ ပြုံးပြုံးကြီးနေကာ ပြောလိုက်အုံးမယ် ဆရာမ သားခိုးလို့ပြီးသေးဘူးးးးး။ အဲ့လိုလုပ်ပြီး ခရိုနီတွေလိုကြိုးစားခဲ့ရင်... သေချာတယ် စည်ပင်မြေလဲငါ နှစ်၃၀ ငှားပြီး Shopping Mall ၊Hotel ကြီးတွေဆောက် ပြီးရင် ပြန်ငှားလို့ ပြန်ရောင်းလို့ လုပ်တက်ပါတယ် မ.အ.လ ရယ်။ ခရိုနီနဲ့ ဝန်ထမ်း လက်ဝါးခြင်းရိုက် တိုင်းပြည် အခွန်ဘဏ္ဍာ အိတ်ကပ်ထဲ မင်းတို့ထည့်ခဲ့လို့ပဲ လူဆင်းရဲသားနဲ့ မြန်မာပြည် အံဝင်ဂွင်ကျနေတာပဲလေ။ ဝန်ထမ်းဘဝနဲ့ အချိန်ကုန်ခဲ့တဲ့ငါကတော့ မတင့်တယ်တော့တဲ့ ငါ့ဂုဏ်သတင်းက ငါ့နောက်ကြောမှာ မြူတွေဆိုင်းလို့၊ မကြည်လင်တော့တဲ့ ငါ့အရိပ် ငါပြန်မကြည့်ပဲလျှောက်လာတာ အသက်တွေ ခေါက်ရိုးကျိုးခဲ့ပါရော့လား။ အော်... အခုမှပဲကြည့်မိတယ် ငါစီးလာတာ သူများဖိနပ်ပါလား။ # www.mhyawlintchin.blogspot.com

Tuesday, May 21, 2024

ငါ့ရဲ့ ဒီနေ့

ဒီနေ့မှာပေါ့ မိုးတွေမဲမဲ တိမ်တွေဆီက လျှက်ပန်းနွယ်တွေနဲ့ ရစ်သိုင်းအုပ်မိုင်း ထစ်ချုန်းသံပေးလို့ ကောင်းကင်ကြီးက မိုးတွေသွန်းချတော့မလိုလိုဖြစ်တည် လာခိုက်ပြေးမြင်မိတယ်၊ ချစ်သဲကညှာ မိုးချုန်းသံကြားရင် ကြောက်အားတွေကြီးကာ ငါ့ရင်ခွင်ထဲ တိုးဝေ့ခဲ့တဲ့မင်းကိုပေါ့၊ ဘယ်မှာလဲ သဲမိမိုးရယ် ရွာမယ် လာမယ် တွေ့ရတော့မယ် ဟန်ရေးပြင် မီးစိမ်းပြပြီးကာမှ ငါ့ရင်ခွင်ထဲ ဒီနေ့အတွက် နင့်ရဲ့စကားသံတွေကို ရွာမချခဲ့ဘူး Connection ကျလို့ဆိုတဲ့ ခေါင်းစဥ်အောက် ငါ့ မျှော်လင့်ချက်တို့ ကျပျောက်ခဲ့ရတယ် အဲ့ဒါဒီနေ့ ဒီနေ့မှာ ငါတစ်ယောက်တည်းမို့ပေါ့။

Thursday, May 16, 2024

မျှော်လင့်ခြင်း မနက်ဖြန်

ခါးသက်ခြင်း ရင်ခွင်မှာ အဖော်မဲ့ လက်တစ်ဖက်နဲ့ ကိုယ့်ကိုကိုယ် ပြန်စမ်းကြည့်မိတယ်...။ လစ်ဟာနေတဲ့ ငါ့နှလုံးသားအောက် မျက်ရည်စက်တွေနဲ့ အသက်မဲ့နေခဲ့တဲ့ ငါတစ်ယေက် ။ မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက် နေခြည်ကို မျှော်ရင်း ပါးပေါ်က ကျလာတဲ့ နာကျင်ခြင်း ဝေဒနာ၊ မပြည့်စုံတဲ့ ဘဝအချို့အကွေ့တွေကို ရင်ဆိုင်ရင်း သက်ပြင်းချမိတယ်။ မနေ့ကငါ ဒီနေ့ငါ မတူညီ ခြားနားခြင်း လွမ်းရက်တွေအောက် အသက်မပျောက်အောင် ထိန်းရင်း ဒီနေ့အတွက်နေဝင်ခဲ့တယ်၊ မနက်ဖြန်ကို မျှော်ရင်းနဲ့ပေါ့။ #ကျော်ကြီး#

Saturday, December 16, 2023

သုံညဆိုတဲ့ ငါ့ရဲ့ ဘာမှမရှိခြင်း နုတ်ဆက်ခြင်း ကဗျာတစ်ပုဒ်

ငါ့တွင် ဘာမှမရှိ မရှိခြင်းကို မရှိပါဘူးလို့ ချပြရအောင်လဲ ငါ့အဖို့ Zero ဇုံထဲ ကိုယ့်ကိုကိုယ် တန်ဖိုးပြန်သင့်နေရတဲ့ဘဝ တစ်ခါတစ်ရံကြတွေးမိတယ်... သုံညဆိုတာ လူ့လောကထဲ ရောက်လာကြတဲ့ လူတိုင်းအတွက် လက်ဗလာပဲမို့လို့တွေးပြီး လက်ထဲ အားအင်တစ်စုံတစ်ရာ ဆုတ်ကိုင်မိလိုက်ခိုက်... သုံည၏တန်ဖိုးကို မသိတဲ့လူတွေရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေအလယ်မှာ အထင်အမြင်သေးခံကာ ခါးသက်ခြင်းစကားသံတွေကို ရင်းဆီးခံရင်း မနက်ဖြန်မှာ ငါဘာဖြစ်မလဲ ကိုယ့်ကိုပြန်တွေးရင်း တာမွေ Sakura က ဆုလာတ် ကို ခေါင်းထဲ စဥ်းစားမိလာခိုက် အားအင်တွေ Power full ဖြစ်သွားတယ် ကုန်လွန်ခဲ့တဲ့နေ့ရက်တွေက မနက်ဖြန်မှာ ကျန်ခဲ့ပေမဲ့ ရင်ထဲကဆူးကို ဆွဲနုတ်ရင်း ဖြေဆေးထိုးကာ Music World ရောက်ခဲ့တော့ သဃန်းကျွန်း Music Zone က ပန်းချယ်ရီက နန်းထိုက်တော်ဝင်ကလို တေးသံကြားအလှဆင်ကာ ငါ့ဘဝကို ချော့သိမ့်နေလေရဲ့... ကုန်လွန်ခဲ့တဲ့.... ဟိုအတိတ်ကို ငေးကြည့်ရင်းးး တစ်ချိန်ကငါ အခုငါ ခြားနားခြင်းတွေက မညီမျှခြင်း လမ်းမထပ်မှာ အချစ်ဦးလို့ပြောရမဲ့ မုံရွာသူထံမှာ ရုန်းထွက်ရင်း တောင်းတွင်းသူ မခင်နှင်းဆီထံ မရောက်ခင်ဆက်ကြားမှာ မျိုးကြီးသီချင်းလို ဘဝကိုဖြေသိမ့်ခဲ့တာလားတွေးရင်း တွေးရင်းနဲ့ ငါဟာဘာကောင်လဲ သုံညထဲက သုံညပါလား ငါ့ကိုငါပြန်စဥ်းစားရင်း ငါ့အာဏာကို ငါပြန်သိမ်းပိုက်လိုက်ပြီး အားလုံးနုတ်ဆက်ခဲ့ပါတယ်။ www.mhyawlintchin.blogspot.com

Friday, September 2, 2022

လူညံ့နှင့် တန်ဖိုးထဲကလူ

ငွေ၏တန်ဖိုး တန်ဖိုးကိုသိ... တန်ဖိုးမသိ မရှိတန်ဖိုး... လိုအပ်လာခိုက် ထိုအချိန်ဝယ် တစ်ပါးသူထံ ကူညီနိုးနိုး ခေါင်းကိုငုံ၍ စီလျှော်ဝါကျ စီကာပါတ်ကုံး ပြော၍မဆုံး... စကားစကား ပြောပါများရင် စကား၏တန်ဖိုး ကောင်းကျိုးအလုပ် တွင်နိုင်သလို ပြောသမျှစကား ကူညီပါအုံး ပြောထွက်နိုင်‌နေလျှင် မရှိမဆုံး တန်ဖိုးထိုးကျ လူဖြစ်ရကျိုး ဧကံရှုံးမည်။ သို့တည်းမဟုတ် ငါ့ဖို့ငါ့အတွက် မကြည့်ပါပဲ တစ်ပါးသူကို ကူညီချင်၍ ကိုယ့်ကိုကိုယ်နိမ့်ချ သိက္ခာတရားရင်းသောသူသည် တစ်ရာမှာတစ်ယောက် ရှိဖို့လဲခက် သက်မှတ်တန်ဖိုး အဖိုးမဖြတ်နိုင်ပေ။ Value for money Know the value... Value unknown No value... Necessary Buy at that time to another Help wake up Head bowed I can't say enough... If you talk a lot The value of words and good work as in Please help me with all the words If you can speak Infinite value Being human will definitely lose. or I don't look for me to another I want to help, and lower myself A man of integrity It's hard to have someone in one place The token value is priceless. MhyawLintChin

Wednesday, April 3, 2019

နောင်တ

တစ်ခါအမှားက ဘဝအတွက် ဆူးညှောင့်ခလုတ်ဆိုခဲ့ရင် အမှားကို လက်ခံပြီး အမှန်ကို လျှောက်မဲ့လမ်း ပြုပြင်ကာမှ ဘဝတွေက လှပချောမွေ့လာမှာလေ. .. ထပ်ခါထပ်ခါအမှားလုပ်မိလို့ ငါ့ကိုငါတောင် တဖြေးဖြေးနဲ့ ညည်းငွေ့လာပြီလေ ဒုက္ခက ဆင်းရဲခြင်းလို့ဆိုခဲ့ရင် သုခက ငါ့အတွက်ဘယ်နေရာများပါလိမ့်. . . အလင်းရောင်မရှိပဲ မှောင်မိုက်နေတဲ့လမ်းကို ဘယ်သူမပြုမိမိမှုဖြင့် ငါကိုငါညည်းငွေ့ရင် လက်ကျန်ဘဝအတွက် ပေးဆပ်ခြင်းတွေနဲ့ပဲ ဆုတ်ကိုင်ပြီး လျှောက်တော့မယ်. . .ဒီလမ်း..ကိုပေါ့ Kyaw ThuHein

Sunday, March 31, 2019

MhyawLintChin

"မျှော်လင့်ခြင်းရဲ့ ရင်ဖွင့်သံ" ---?------?-----?-------?-------?---- ကျွန်တော်သုံးခဲ့တဲ့ငွေထပ် ဆယ်ဆမက ကုမ္ပဏီကို လုပ်အားနဲ့ ပြန်ရှာပေးခဲ့ပါတယ်. . . ထပ်ခါထပ်ခါလည်း လစာထဲက ကျေခမ်းနီးအထိပေးဆပ်ခဲ့ပါတယ်. . . ရယူခြင်းတွေကို မမျှော်လင့်ပါဘူး လက်ရှိမှာ ရပ်တည်မှုယိုင်နဲ့နေတဲ့ ကျွန်တော်တစ်ယောက် အလုပ်ရှိလာရင် ညဘက် ညဥ့်နက်မရှောင် မနက်မိုးလင်း အလုပ်ထသွား တာဝန်ကို မျက်လုံးတစ်လုံးနဲ့ထမ်းဆောင် မပြီးတာမရှိ မသိတာမရှိ ကြိုးစားပေမဲ့ လကုန်တော့လည်း ရက်စက်လိုက်တာ . . .ကျွန်တော့်နောက်မှာ မေမေအပါအဝင်မှီခိုနေရသော ဘဝတွေရှိနေသေးတယ်လေ. . . ၃သိန်းကို ရက်၃၀နဲ့စား ရလာတဲ့အဖြေကို အိမ်လခပြန်နုတ် လက်ကျန်ရလဒ်အဖြေကို မိသားစုဝင်နဲ့ပြန်စား ကျွန်တော် ညဘက် Waiter သွားလုပ်မှရတော့မှ မိသားစုဘဝရပ်တည်နိုင်တော့မယ်. . . ကျေးဇူးတရားကို ရင်ဝယ်ပိုက်ပေမဲ့ ရင်ထဲက လိုအပ်ချက်တွေပြည့်နှက်လာတဲ့အခါမှာတော့

Thursday, January 12, 2017

မာနတွေရိုက်ခက်လို့ အတ္တဆန်ဆန်
ပြောထွက်ခဲ့တဲ့စကားလုံးတွေက
နင့်အဖို့ ဘာမှမဖြစ်ပေမဲ့
ခံရတဲ့ရင်ထဲ အသဲနှလုံးခွဲ
ဆားနဲ့ပတ်သလိုပါပဲဟာ....

တကယ်တမ်းပြောရရင် ငါ့မှာလဲမာနနဲ့ပါ
အရှူံးပေးပါတယ်ပြော လက်မြှောက်ထားတာတောင်
ဒူးပါထောက်ခိုင်းတဲ့ နင့်ရဲ့အတ္တတွေမှာ
ငါဒုတိယအကြိမ်မြောက် လက်မမြှောက်ပါရစေနဲ့

ငါအရှူံးသမားမဟုတ်ဖူး....



Saturday, August 20, 2016

ငါနဲ့ဝေးရာကိုသာ ထွက်သွားပါတော့


တိတ်စိတ်နေတဲ့ည    
အဲ့ဒီညမှာ   ငါမွန်းကြပ်နေခဲ့တယ်....

အရာရာထိန်းချုပ်လို့မရတဲ့    ငါ့စိတ်တွေ
ဖိအားတွေနဲ့   ရင်ဆိုင်နေရတယ်.....

တကယ်မမှားနိုင်တဲ့    ပုဒ်စာအောက်မှာ
ငါတွက်ရခက်နေခဲ့တယ်....

လေးနက်တဲ့အရာတွေက   ကျော့ကွင်းတူတယ်
ဟန်ဆောင်အပြုံးတွေကို   ငါမုန်းတယ်....

နင်လိမ်နေတာ    ငါသိတယ်
ငါနင့်ဆီက   ရှင်းပြမဲ့အရာတွေ
မြောင်းထဲ  သွန်းချပစ်လိုက်တယ်....

တခါတလေကြရင်   ခံပြင်းလွန်းလို့
တောက်ခေါက်မိတယ်....

မာနဆိုတာ    ဝတ်ထားတဲ့ပုဆိုးလောက်မှ
ငါမမြဲပါလားဆိုပြီး   ငါ့စိတ်ကိုငါ
အသေသတ်ပစ်ဖို့    ကြိုးစားမိတယ်.....

နင်နဲ့ကြမှ  ကျခဲ့ရတဲ့     ငါ့မျက်ရည်တွေကို
ငါသနားလာမိတယ်....

ကျပြီးသားမျက်ရည်တွေ     ခန်းခြောက်လွယ်ပေမဲ့
ဒဏ်ရာတွေကုစားလို့မရဘူး.....

သတ်ပစ်ချင်လောက်အောင်မုန်းတဲ့
အမုန်းဆုံးလူတွေစာရင်းထဲ   နင်မပါအောင်
ငါကြိုးစားနေရတယ်....

ဟန်ဆောင်မှုကင်းကင်းနဲ့
   တစ်ဘဝလုံးစတေးပြီးချစ်ရတာ    
      တခါတလေကြရင်   နင်လုပ်ရပ်ကြောင့်  
           မတန်သလိုပဲ     သဲရယ်....

ငါနဲ့ဝေးရာ    ငါ့မျက်စိအောက်က    
                            နင်ထွက်သွားပါတော့ဟာ..


Friday, August 19, 2016

ငါ့အနားပြန်လာခဲ့ပါ

တခါတရံမှာ     အမည်ဖော်မရတဲ့
ခံစားမှုတွေက   ရင်းနှီးနေပေမဲ့
သက်မဲ့နေခဲ့တယ်.....

အရာရာမပြောင်းလဲပဲ   ရှိနေတာက
ရင်ဘက်ထဲက    နင့်ကိုချစ်တဲ့စိတ်လေ

တစ်ကြိမ်တခါလောက်ပဲ   ငါ့ကို
အခွင့်အရေးလေးပေးပါ
အကြိမ်တစ်ရာမက    ပြုပြင်နေပြီဆိုတာပြချင်တယ်

နင်ပြောခဲ့သလို  ငါမနေခဲ့ဖူး
မိုက်မဲမှုတွေ   တရစပ်နဲ့
ဘဝကို   ဖြစ်သလိုတည်ဆောက်ခဲ့တယ်

ငါတကယ်မှားသွားပြီ
 နောင်တတွေ   ငါမလိုချင်ဘူး
ငါလိုချင်တာ      နင်ပဲမို့
ငါ့အနားပြန်လာခဲ့ပါလားဟာ...

Friday, May 9, 2014

မင်းကိုငါမသိ အသဲညှိတခဏအကြည့်


ရုတ်တရပ်မြင်လို့ ချစ်မယ်ဟန်ပြင်
တိမ်ပင်မဆင် ရွာချလိုက်တဲ့မိုးရယ်
ကြည့်လို့ပင်မ၀ မိုးကရက်စက်
ဒီကံကြမ္မာ ဒီသံသရာ
င်္ဒီအချိန်က မြန်လိုက်ပါဘိ
မျက်နှာဝိုင်းနှင့် အကြည့်ကအေးစက်
မပွင့်တစ်ပွင့်ပြုံးတဲ့ မိန်းခလေးတစ်ယောက်ကို
ငါ့ရှေ့က ရုတ်သိမ်း
အချိန်ဒီရေလှိုင်းက ကလာကာချလို့
မျက်လွှာချပြီး ငါရှေ့ကထွက်သွားတဲ့
မိန်းခလေးရယ် ------------
မင်းလည်းမိုးပဲ ငါ့ရဲ့အသဲနှလုံးအိမ်ကို
မင်းအကြည့်တွေနဲ့ ထိုးဖောက်မွှေနှောက်
နှောင်းတွေဖွဲ့လို့  ရစ်ပတ်ချည်နှောင်းပြီးမှ
နုတ်ပင်မဆက် ထွက်သွားရက်တယ်
ကျွန်တော်မသိသော် .... အလှပိုင်ရှင်ရယ်

Monday, September 9, 2013

အခုမိုးတွေရွာနေတယ် ချစ်သူ

ဟိုအရင်တချိန်က ငါနှလုံးသား

ရင်ခွင်ထဲမှာဒီမိုးလိုပဲ ရွာခဲ့ဖူးတယ်လေ
အဲ့ဒီအချိန်က ကျခဲ့ဖူးတဲ့
မိုးစက်တွေဟာ ရင်ခုန်သံတွေအပြည့်နဲ့
ငါ့နှလုံးသားတို့ နိုးထကခုန်
အချစ်ဆိုတဲ့အရာကို ငါစသိခဲ့တာ
မိုးရည်စက်တို့ကြောင့်ပါချစ်သူ
အခုတော့ဒီလိုမဟုတ် မိုးတွေရွာလေလေ
လွမ်းလေလေဖြစ်နေလို့
ငါ့နှလုံးသားကို ဆေးခန်းမှာ
ကြိုတင်ဘိုကင်တင်ထားရတယ် ချစ်သူ
အရာအားလုံးဟာ ပြီးဆုံးခဲ့ပင်မဲ့
မမေ့နိုင်သူ ငါလိုလူက
လွမ်းရက်တွေကို လက်ချိုးရီပြီ
အလုပ်မရှိအလုပ်ရှာ ကဗျာရေးလိုက် mail ပို့လိုက်နဲ့
ပြန်မချစ်သူ အသဲရက်စက်သူကို
ခံစားမှုအပြည့် စာသားကာရံ
သံစဉ်နံဘေး ချစ်တေးစကားစီကာ
မင်းဆီကို အချိန်မှန်မှန်
ချစ်ခွင့်တောင်းနေဆဲပါမေ-----
ငါမှာဖြစ် အလုပ်ကတဖက်
အလွမ်းက တစ်ချက်နဲ့
နေ့တိုင်းမအား ထမင်းစားဖို့
အချိန်တိုကိုတောင် ငါလေမပေးချင်
second တိုင်း computer ထိုင်ပြီး
online ပေါ်မင်းတတ်လာမလားလို့
မျှော်သာမျှော်ရ ပေါ်မလာတဲ့
မင်းရဲ့ account က
ငါ့ကိုလှောင်ပြောင်နေတယ် ချစ်သူ
အပြစ်မယူပါဘူး မင်းမချစ်သူ
ငါကိုကောင်က တစ်လမှတစ်ခါ
တစ်ခါမှာ တစ်secondလောက်
စကားပြောရယုံ နှစ်လုံးသုံးလုံးနဲ့
ငါနှလုံးသားတို့ connection
ပြန်မတတ်လာနိုင်ပါဘူး
အဲ့ဒီအတွက်ကြောင့်
ကွဲလက်စ အသဲ
လွမ်းလက်စ အလွမ်းချင်းတွေနဲ့
သီချင်းတွေညည်း ကဗျာတွေရေးကာ
မျှော်လင့်ချက် အပ်ချည်မျှင်နဲ့
ငါ့နှလုံးသားကို မင်းနဲ့မတွေ့ရစဉ်
အချိန်ကာလ အတွင်း
အသဲတစ်ခြမ်းကွဲကို လမ်းထိပ်က
အပ်ချုပ်ဆိုင်မှာ သွားပြီ
ငါ့အချစ်တွေ အသက်ဆက်ရှင်ဖို့အတွက်
ချုပ်ထားရမယ်ချစ်သူ ----------:(


Monday, February 20, 2012

နှစ်ဦးမှာ သားနဲ့ခွဲခွါခဲ့သောဖေဖေ


ဖေဖေ … ဖေဖေလို့
သား … အသံကုန်ဟစ်အော် လိုက်ရှာနေလည်း
သား … ချစ်တဲ့ဖေဖေက သားတို့မိသားစုကိုခွဲခွါ
သား … တို့အနားမှာမရှိတော့ပါလား ဖေဖေရယ်
သား … လေဖေဖေကို ဘယ်လောက်ချစ်တယ်ဆိုတာ
သား … ဖေဖေရှေ့မှာ ထပ်ခါတလဲလဲပြောပြီး
သား … ဖေဖေရဲ့ပါးကို တစ်ဝနမ်းကာ
သား … ခလေးတစ်ယောက်လို ပြန်နေခွင့်မရှိတော့ပါလားဖေဖေရယ် …
သား … တို့သားဖကို ကံကြမ္မာက မျက်နှာသာမပေး ဒဏ်ရာပေးကာ
သား … အနားက ဖေဖေ့ကိုခွဲလိုက်ကြတယ် …
သား … တစ်ယောက်အနေနဲ့မဆပ်လိုက်ရတဲ့ ဖေဖေ့ကျေးဇူးတွေကို
သား … ကုသိုလ်ကောင်းမှုလေးလုပ်ကာ အမျှအမျှအမျှလို့ သားဓုတွေထပ်ခါခေါ်
ဖေဖေကောင်းရာသုဂတိရောက်ပါစေလို့ သားဘုရားမှာဆုတောင်းပြီး
ဖေဖေကျေးဇူးထဲက သဲတစ်မှုန်စာကိုသား ဆပ်လိုက်ပါတယ်ဖေဖေ …

Thursday, August 26, 2010

နေချင်ရင်လည်း

love Pictures, Images and Photos
နေချင်ရင်လည်းနေပေါ့..
အဲဒီအခါငါဟာမြေကြီး..
ရပ်တည်ခပေးဖို့မှမလိုတာ...မင်းအကြိုက်ပေါ့
သွားချင်ရင်လဲသွားပေါ့..အဲ့ဒီအခါ..
ငါဟာမြစ်တစ်စင်းးစုန်ဆင်းသွားရင်ပြန်တက်မလာကြေး...
မင်းနောက်တစ်ယောက်ရှာချင်ရင်လည်းရှာပေါ့
ဝေးချင်ရင်လည်းဝေးပေါ့..ဟောဒီကမ္ဘာမှာ..
အသည်းမကွဲဖူးတဲ့သူရှိလို့လား...
ငါအရက်သမားဖြစ်ရုံက လွဲလို့ပေါ့
မေ့ချင်ရင်လည်းမေ့ပေါ့..
ဖြစ်ပြီးရင်..ပျက်တတ်တဲ့..လောကမှာ..
ဘယ်အရာမှမတည်မြဲခြင်းအကြောင်း...
အရင်တစ်ယောက်တည်းကိုက ငါသိပြီးသားပါလေ ...
တစ်ခုတော့ရှိတယ် ...
ငါကောင်းကောင်းသိထားတာက...၀မ်းနည်းချင်တဲ့..အခါလည်း..
ငါဝမ်းနည်းမှာပေါ့...ဆွေးချင်တဲ့အခါလည်း.. ငါဆွေးမှာပေါ့
အသည်းနှလုံးဆိုတာ..ပျော်ရွှင်ဖို့..တစ်ခုတည်းအတွက်..
သွေးလှည့်ပတ်နေတာမှမဟုတ်တာ..
ဒါပေမယ့်...သူများထက်သာတာတစ်ခုက..
ငါနာကျင်တဲ့အခါ...ငါ့ဘေးနားမှာ..
ကဗျာတွေ..အဖော်ရှိနေတတ်တာပဲ...
မင်းထပ်မသာရင်တောင် ငါ့မင်းကိုမလွမ်းမိအောင်
သူတို့က အဖော်ပြုပေးမှာသေချာတယ် ...

Sunday, October 11, 2009

မယား ( ၇ ) မျိုး ၊ လင် ( ၈ ) မျိုး


မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊
သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊
အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊
ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊
နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊
ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊
ကျွန့်နှယ်အလား ၊
ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊
တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။

( က ) ခိုးသူနဲ့တူတဲ့မယား ၊
( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊
( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယား
အဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့ …
( ဃ ) အမေနဲ့တူတဲ့မယား ၊
( င ) နှမနဲ့တူတဲ့မယား ၊
( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊
( ဆ ) ကျွန်မနဲ့တူတဲ့မယား ၊
ဒီလေးမျိုးကောင်းတယ်သေတဲ့ အခါနတ်ပြည်ရောက်မယ်တဲ့ သူငယ်ချင်းတို့ရေ …

တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေ
ဟာ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ် ။
ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ် “ ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာ
လဲ” မေးတော့ -
အနာသပိဏ်သူဌေးကြီးဟာ အရှက်ရတဲ့မျက်နှာနဲ့ -
“ မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ် ။ ဒီကလေးမဟာ ယောက္ခမ
လင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး ၊ ဘယ်သူ့ကို
မှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား” လို့လျှောက်ပါတယ် ။
“ ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး” ဆိုပြီး မြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့ …
( က ) ခိုးသူနဲ့ တူတဲ့မယား ၊
လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ၀ယ်ခြမ်းစားသောက် ၀တ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။

( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊
အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုင်လိုမင်းတက် ယောကျာင်္းကို ပြောဆိုဆက်ဆံတာ ၊ လင်သားရဲ့ ဆွေးမျိုးအသိုင်း အ၀ိုင်းကိုပါ မောက်မာစွာ
ဆက်ဆံတာ ၊

( ဂ ) သူသတ်ကောင်နဲ့ တူတဲ့မယား ၊
လင်သားအပေါ် ပြစ်မှားလိုစိတ်ရှိတာ ၊ ပြဿနာပေးတာ ၊ ဂျီတိုက်တာ အလေးမထားတာ ၊ တခြားယောကျာင်္းတစ်ဦးအပေါ်တပ်မက်တာ ၊ လင်သားအပေါ်ငြူစူနေတာ ။

( ဃ ) အမေနဲ့တူတဲ့မယား ၊
လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့်
ရှောက်တာ ၊ အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြောဆိုတတ်တာ ။

( င ) နှမနဲ့တူတဲ့ မယား ၊
အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊ စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊

( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊
လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။

( ဆ ) ကျွန်မနဲ့ တူတဲ့မယား ၊
လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။
“ သုဇာတာ - ဒီ ( ၇ ) မျိုးမှာ သင် ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲ” လို့ဘုရားရှင်ကမေးတော့ “ မှန်လှပါဘုရား ၊ တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ၀န်ခံခဲ့သတဲ့ ။
ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး ၊
- လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊
- လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊
- မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊
- အနာဒရ ၊ ပြုတတ်စွာရှင့် ။
( မဃဒေ၀ / ၂၉၇ )

( က ) ဆင်းရဲတဲ့လင် ၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာ မှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။

( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင် ၊ ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊

( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင် ၊ ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ၊

( ဃ ) ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမ၀င်တဲ့လင်မျိုး ။

( င ) ဖျင်းတဲ့ အ , တဲ့လင် ၊ သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အ, တယ် န, တယ်တဲ့ ၊ အ, တာက အောက်တန်းကျတာ ၊ န, တာက နောက်တန်းနေရာရောက်နေတာ ။

( စ ) ပျင်းတဲ့လင် ၊ လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ၀ီရိယ လုံ့လမရှိတဲ့လင် ။

( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင် ၊ ဇနီးက ငယ်ငယ်လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရ ။

( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင် ၊ အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့ … သူငယ်ချင်းတို့ရေ ဒီလောက်ပါပဲကွာ …
တွင်းသင်းမင်းကြီး ဦးထွန်းညိုရဲ့ သလ္လာတိယပျိှု့မှာလာတဲ့ ကဗျာတစ်ပိုဒ်နဲ့ အလည်လာတဲ့ သူငယ်ချင်းများကို ဆုတောင်းပေးလိုက်ပါတယ် ….
သောင်းပြင်ဇ္ဗူ ၊
မိတ်စုံသူတို့ ၊
သည့်သူနိုးနိုး ၊
နည်းယူခိုးလျက် ၊
ချစ်ကြိုးမပြတ် ၊
ဆင့်ဆင့်ပတ်၍ ၊
ကြင်မြတ်လေးကြစေသတည်း ။
ဘလ္လာတိယပျို့ - နိဂုံး ( ၁ )

သူငယ်ချင်းအားလုံးအတွက် ရေးပြီးတင်လိုက်တာပါ ၀ါကျွတ်လက်ဆောင်ပို့စ်လေးပါနော် …

( ၁၉၉၄ ခုနှစ် ၊ ဇွန်လထုတ်ရွှေစက်တော်အရှင်တေဇောဘာသ ရေးသားပြုစုသည့် “ ဆွမ်းစား ကွမ်းစား” တရားတော်များ စာအုပ်မှ ကောက်နုတ်တင်ပြသည် ) စာမျက်နှာ ၄၄ မှ ၅၀ ထိ …

Monday, August 24, 2009

အစရှိတဲ့အဆုံး

ဆက်သွယ်မှုမဲ့တဲ့ စတင်မှုတွေဆီ
လွမ်းဆွတ်ခြင်းနဲ့ မျှော်လင့်ရာသီမှာ
ပျံသန်းရင်းနဲ့ အဆုံးမဲ့ခဲ့ပါပြီ ...

Monday, August 3, 2009

မင်းမရှိတဲ့အရပ်ဒေသ ငါဖြစ်ပျက်ခဲ့သမျှ

မင်းမရှိတဲ့ အရပ်ဒေသ
နေရတာ ပျင်းတိပျင်းခြောက်နဲ့
ရင်ခွင်မှာ ဟာတာတာ
ပြည့်စုံမှုမရှိတဲ့ နာရီလက်တံ
ရိုက်ချက်တွေကို ကြည့်ရင်း
သက်ပြင်းတွေ အခါခါချ
ငါ့ကိုယ်ငါ ဘ၀င်မကျ
ထိုင်နေရမလိုလို ထပဲသွားရမလိုလို
စိတ်ထဲမှာ အလိုမကျ
ပူတိပူဆာ ဟာတိဟာတာနဲ့
စပ်ဖျင်းဖျင်း အလွမ်းတွေက
ခံရခက်ဆိုး ညဆိုအတွေးကတစ်မျိုး
တရေးကနိုးနဲ့ အိပ်လို့ကမရ
ငါ့နှယ်ဒုက္ခ ပတ်ဝန်းကျင်ကိုအလိုမကျ
ကံကြမ္မာကို အပြစ်တွေပုံချ
ငါတစ်ယောက် လူတွေကြားမှာ
ထော်လော်ကန့်လန့်နဲ့ နေရတာအထိုင်မကျ
ကုန်းကုန်းကွကွနဲ့ ကဗျာရေးလိုက်
မှောက်ရက်တွေးလိုက် အရက်ဆိုင်ပြေးလိုက်နဲ့
အချစ်ကြောင့် ပျာရာတွေခက်
ရောက်တက်ရာရာတွေးလိုက် ရောက်တက်ရာရာဆွေးလိုက်နဲ့
ပုံပျက်ပန်းပျက် အတွေးတွေရောက်ရက်ခက်
နှလုံးသားကို ထိုးနှက်
ရင်ခွင်တစ်ခုလုံး စုတ်ပျက်သက်
နေရတာ ပူစပ်စပ်
ခြောက်ကပ်ကပ် ကဗျာတစ်ပုဒ်က
မျက်ရည်လေး စို့တို့စက်တက်
အေးစက်စက်နဲ့ ခါးသက်စွာ
ငါကြိတ်ငိုချလည်း လွမ်းဆွတ်မှုကိုဖြေသိပ်မရ
မင်းမရှိတဲ့ အရပ်ဒေသ
ငါကဗျာရေးလို့တောင် အလွမ်းစကားလုံးတွေသီကာထပ်
ရင်ခွင်တစ်ခုလုံးလဲ ကြည့်ရက်စရာတောင်
မရှိတော့ဘူး စုတ်ပျက်သက်ကုန်ပါပြီ
ချစ်သူရယ် ....... ။

Friday, July 24, 2009

အိပ်ရာထဲက အတွေးတစ်ပုဒ်


ဟိုအဝေးကို မျှော်ငေးမိတော့
ဟိုအဝေးတစ်နယ်က ချစ်သူကို
လွမ်းမိပါတယ် ...
တစ်ပတ်လောက် ဆက်သွယ်မှုမဲ့ယုံနဲ့
အသဲက တဆစ်ဆစ်ဖြစ်ကာ
နာကျင်လွမ်းရှ အလွမ်းတို့
ပူလောင်လှပါတယ်လို့ မင်းကိုပြောရင်
ယုံပါ့မလားချစ်သူ ...
တစ်ကိုယ်ရေ တမ်းတနေရလို့
အဖော်မရှိပေမဲ့ မင်းဓါတ်ပုံလေးကြည့်ကာ
ဟို...... အနာဂတ် မျှော်ငေးမိပါတယ်
ငေးရင်းနဲ့ တွေးမိတယ်ဆိုရင်ပဲ
ရေရာတာတွေရော မရေရာတာတွေရော
သေချာတာတွေရော မသေချာတာတွေရော
မရေရာတာတွေခြားက ရေရာတာလေးရယ်
မသေချာတာတွေခြားက သေချာတာလေးရယ်
တွေးတွေးပြီး ယုံကြည်ချက်ကိုအုတ်မြစ်ချကာ
ငါတစ်ကြိမ်မက ကြိုးစားခဲ့ဖူးပါတယ် ချစ်သူ...
အခု.... ငါနေမကောင်းနေလို့
အိပ်ရာထဲမှာ မင်းနဲ့ဘယ်လိုနီးအောင်ကြိုးစားရမလဲ
စဉ်းစားရင်းနဲ့ အဖျားတက်နေတယ်ချစ်သူရေ ...
အပူချိန်က 100ကျော်ယုံလေးမို့
မင်းဓါတ်ပုံတစ်ချို့ထုတ်ကြည့်ကာ ချွေးထုတ်နေမိတယ်ချစ်သူ...
ဒါတွေကို မင်းသိပါ့မလား
မသိတာပဲကောင်းပါတယ် ချစ်သူရယ်
မင်းသိရက်နဲ့ ငါ့အနားကိုမလာနိုင်ရင်
ခံစားရမဲ့ ငါ့အဖြစ်က
ပိုဆိုးလွန်းလို့ ဒီအတိုင်းလေးပဲ
ချစ်သူကိုမျှော်ငေးကာ သတိတရလွမ်းနေမိပါတယ် ...
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...