Showing posts with label သားသားအဖြစ်က. Show all posts
Showing posts with label သားသားအဖြစ်က. Show all posts

Monday, February 20, 2012

နှစ်ဦးမှာ သားနဲ့ခွဲခွါခဲ့သောဖေဖေ


ဖေဖေ … ဖေဖေလို့
သား … အသံကုန်ဟစ်အော် လိုက်ရှာနေလည်း
သား … ချစ်တဲ့ဖေဖေက သားတို့မိသားစုကိုခွဲခွါ
သား … တို့အနားမှာမရှိတော့ပါလား ဖေဖေရယ်
သား … လေဖေဖေကို ဘယ်လောက်ချစ်တယ်ဆိုတာ
သား … ဖေဖေရှေ့မှာ ထပ်ခါတလဲလဲပြောပြီး
သား … ဖေဖေရဲ့ပါးကို တစ်ဝနမ်းကာ
သား … ခလေးတစ်ယောက်လို ပြန်နေခွင့်မရှိတော့ပါလားဖေဖေရယ် …
သား … တို့သားဖကို ကံကြမ္မာက မျက်နှာသာမပေး ဒဏ်ရာပေးကာ
သား … အနားက ဖေဖေ့ကိုခွဲလိုက်ကြတယ် …
သား … တစ်ယောက်အနေနဲ့မဆပ်လိုက်ရတဲ့ ဖေဖေ့ကျေးဇူးတွေကို
သား … ကုသိုလ်ကောင်းမှုလေးလုပ်ကာ အမျှအမျှအမျှလို့ သားဓုတွေထပ်ခါခေါ်
ဖေဖေကောင်းရာသုဂတိရောက်ပါစေလို့ သားဘုရားမှာဆုတောင်းပြီး
ဖေဖေကျေးဇူးထဲက သဲတစ်မှုန်စာကိုသား ဆပ်လိုက်ပါတယ်ဖေဖေ …

Wednesday, July 16, 2008

လုပ်ရက်တယ်


သူတကယ်ရက်စက်သွားတယ်
ချစ်ဟန်ဆောင်ပြီး
ငါနှလုံးသားကို အချုပ်ထဲ
ပို့ရုံတင်မကဘူး လူကိုပါ
လှောင်အိမ်ထဲမှာ ထည့်ထားတယ်

ဘုရား ဘုရား


ဒီနေ့ သူငါ့ကို
ချိန်းတွေ့မယ်တဲ့
ဘာများလုပ်အုံးမလဲမသိဘူး
ကြောက်လိုက်တာ ဘုရား ဘုရား

အား ဆူးလိုက်တာဗျ


မေမေ ချစ်ချစ်က
သားသားကို ပန်းပေးသွားလို့
အမြတ်တနိုးလေး သိမ်းထားတယ်
သာသာပေါင်ကြားထဲမှာ
သူက သားကို
မချစ်ဘူးလားမသိဘူး
ပန်းမှာ ဆူးတွေနဲ့
သားဘ၀ကို ရေတိမ်နစ်အောင်လုပ်နေတယ်
သားကို အမှုဖွင့်ပေးပါ မေမေ
528 ပုဒ်မနဲ့
ရောကြေးကတော့ 1500 ကျပ်ပဲ
အဲ့ဒါမှမပေးရင် အိမ်မှာခေါ်ထားမှာလို့
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...