Showing posts with label ကျွန်တော်ရေးတဲ့Online ပေါ်က အချစ်. Show all posts
Showing posts with label ကျွန်တော်ရေးတဲ့Online ပေါ်က အချစ်. Show all posts

Monday, November 10, 2008

Internet ပေါ်က စမ်းတ၀ါးဝါး


အခု ငါရပ်တည်နေတဲ့


လက်တွေ့ဘ၀ဟာ ကျေနပ်စရာမကောင်းဘူး


လိုအပ်ချက်တွေက များပြား


ပြည့်စုံဖို့ တစုံတရာကိုတောင်


ငါရှာဖွေလို့မရသေး …။


ဘ၀ကိုအလှဆင် အချစ်ဘောင်


အတွဲအဆင့်အတန်းနှင့်နေနိုင်ဖို့


ငါယုံကြည်ချက်ကို အုတ်မြစ်ချ


ပညာကိုအရင်းတည်၍


ခေတ်မှီအတွေးအခေါ်တွေနဲ့


နေ့မအား ညမနား


Chatting ထိုင်ကာ ကြိုးစားကျက်မှတ်လိုက်သည်မှာ


အကျိုးတွေများပြား မျက်လုံးဟောက်ပက်


မျက်တွင်းချိုင့်ကာ ချစ်သူတစ်ယောက်ရနိုးနိုးနဲ့


Zorpia Blogger မကျန်


ရှိသမျှ Q လို့ရသည်မှန်းသမျှ


သေသေချာချာလေ့လာ၍


Online ပေါ်ရှိုးအပြည့်နဲ့


ခုန်တက် ပဲခပ်များများ


မမတွေနဲ့ အသဲကုန်လှောင်တဲ့


ညီမတွေမကျန် ချစ်ခွင့်ပန်ဖို့


ပန်းတွေဆက်သ ကျွန်တော်ခဗျာ


ကိုဗျက်တ ကြနေတာပဲ


ပန်းမဆက်ခင် ချောကညာရယ်


လှပါသလားလို့ လေ့လာစူးစမ်းပြန်တော့


ကံဆိုးစွာ အလိမ်ရယ်မိ


မမမိလည်တို့က ကျွန်တော်“ကိုအ”ကိုယ်


ကိုးရီးယားမင်းသမီးပုံ ချိုဝမ်နဲ့တစ်ဖုံ


ဆန်းမီပုံကပါ .. ပါလိုက်သေး … ။


ကိုးရီးယားကားမကြည့်လို့ သူတို့ကိုမသိတော့


ကျွန်တော့်ခဗျာ အလိမ်မိ


ဘ၀ရယ် နစ်မွန်းမလိုလိုဖြစ်


ကံသီ၍ အကြံမှီကာတွေးလိုက်လို့


Online ပေါ်မှာ ရေတိမ်မနစ်ခဲ့ဘူးလေ ….. ။


တကယ်ချောတဲ့ မနှောကလျာကြတော့


နီးလျက်မနေ ဝေးလျှက်နေပြန်ပြီး


ချစ်သူတွေ ၀ိုင်းဝိုင်းလဲ


ပန်းဆက်သမားတောင်ပုံနေသည်မို့


ကျွန်တော်ပို့တဲ့ Comment တချို့တ၀က်


Message နှစ်လုံးသုံးလုံးပြန်ကာ


မျှော်လင့်ချက်လေ လက်တစ်ဆုပ်စာနဲ့


ကျွန်တော့်ကိုမြူးဆွယ်မယ်ကြံပြန်တော့


Homepage အပြင်မသိမသာခိုးထွက်


Account ကို Signout လုပ်ကာ


မနည်းလစ်ပြေးခဲ့ရတယ်လေ .. .. ။


ဒီနေ့ဟာ ကံမကောင်းပါလားလို့


ကိုတွတ်ပီလိုတွေးမိတော့


ငါအိမ်ပြန်ရင်ဖြစ် မသေမျှင်အစား


Chatting ထိုင်ဖို့ လမ်းထိပ်က


ကိုစောတင်မောင်ဆီက ချည်းလာတဲ့


ငွေအသပြားများ လာတောင်းဖို့စောင့်နေပြီလား


အော် … … ငါ့အဖြစ်က


ဟိုမရောက်ဒီမရောက် လမ်းပျောက်နေတဲ့


အချစ်ရှာပုံတော် ရေသည်ယောကျာင်္းပါလား


………. ။

Tuesday, September 9, 2008

””ချစ်သူထံကို အကူအညီတောင်းခံခြင်း ““

အချိန်ရှိခိုက် လုံလစိုက်ဆိုတဲ့

စကားလုံးကို ခုတုံးလုပ်ပြီး

အချိန်တိုင်း မင်းကိုလွမ်းနေတဲ့

ငါ့နှလုံးသား အတွေးတွေက

မျှော်လင့်ချက် တစ်ဆယ်အတိုးနဲ့

အချစ်တွေကို မင်းဆီမှာ

Credit Sales ချထားတာကိုရော

မင်းသိရဲ့လား ……….

နှလုံးသားကို တုတ်ထိုး

အချစ်ကို အရုပ်လုပ်ပြီး

ရင်ခုန်တိုင်း အသက်ဝင်ခဲ့တဲ့

ငါ့ရဲ့“ရုပ်သေးအက”

အငိုတလှည့် ရီတကွက်နဲ့

ဘယ်လောက်ချစ်ပါတယ်ဆိုတာကို

မင်းရှေ့မှာ ငါ့အချစ်တွေ

ခ၀ါချပြခဲ့ပြီးပါပြီ ….

အဲ့ဒီတော့ ငါ့နှလုံးသား

မျှော်လင့်ခြင်း Website မှာ

မင်း Account ကို

Member ၀င်စေချင်တယ်

Member ဖြစ်သွားရင်တော့

ငါ့ရဲ့ rule and regulation အောက်မှာပဲ

မင်းကိုရင်ခုန်ခွင့်ပေးမယ် …

မလွတ်လပ်ဖူးဆိုပြီး

ငါ့အချစ်တွေကို Signout လုပ်ကာ

User change ဖို့

မင်းမကြံပါနဲ့ ချစ်သူ …..

တကယ်တော့ ငါ့အဖြစ်ကသနားစရာပါ

အခုလက်ရှိ State က

Online ပေါ်မှာတင်ပဲ

ငါ့ချစ်သူ Member ဖြစ်နေတဲ့

မင်းကို …

ဘယ်လို method တွေနဲ့

Control လုပ်ရမှာလဲ

အသံသာကြားရ ဓါတ်ပုံလေးပဲမြင်ရပြီး

Chatting Chat ရင်းဆွေးနေရတဲ့

ငါ့နှလုံးသား ရပ်ဝန်းကြီးလဲ

မင်းကိုချစ်မိတဲ့ အချစ်တွေ

ပြီတော် …

အဝေးကချစ်သူကို စိုးရိမ်စိတ်

ပူပန်စိတ်တွေက

ငါ့အတွေး File ထဲက

Floders တွေ ကြပ်နေတာမို့

ငါ့ရဲ့ Memory တွေလဲ

Hang ကုန်ပါပြီချစ်သူရယ် …

ကူညီပါ ““““““

မင်းရဲ့ 2008 Software အသစ်နဲ့
ငါ့ရဲ့နှလုံးသား 2003Window ကို

Install လုပ်ပေးစေချင်တယ် …ချစ်သူရယ် …
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...