Showing posts with label ကျွန်တော် စခဲ့တဲ့ရင်ခုန်ခြင်းအသဲကွဲဇာတ်လမ်း. Show all posts
Showing posts with label ကျွန်တော် စခဲ့တဲ့ရင်ခုန်ခြင်းအသဲကွဲဇာတ်လမ်း. Show all posts

Sunday, August 10, 2008

“ ကျွန်တော်ရေးတဲ့အသဲကွဲဇာတ်လမ်းတစ်ပုဒ် ” အပိုင်း( ၁ ) …

မိုးရွာနေတဲ့ နေတစ်နေ့ “ မိုးကအရမ်းရွာနေတယ် computer သင်တန်းကလည်း အတန်းလွတ်ခန်းနီးမှာပေါ့ အချိန်က 2007 September 6 ရက်နေ့ညနေ 4:30 မိုးကုန်ခမ်းနီးမို့ ဆွေ့ဆွေ့မြေ့မြေ့ရွာနေတယ်” မိုးရေစက်တို့ကအေးလဲအေးတယ် .. ဘာကြောင့် လည်းဆိုတော့ မြောက်ဘက်မှတိုက်လာတဲ့ ဆောင်းလေတို့ကြောင့်“ဆောင်းကူးမိုး”လို့ ခေါ်ရင်လည်းရပါတယ် ..
“ ကျွန်တော်သင်တန်းစတက်တာ တပတ်လောက်တော့ရှိပြီပေါ့ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ သင်ခန်းစာ သိပ်မရောက်သေးဘူး
ကောင်မလေး တစ်ယောက် သူနာမည်က အိလေးတဲ့ သူနဲ့ ကျွန်တော်နဲ့က စာသိပ်မကွာဘူး ကျွန်တော်က သင်တန်းစတတ်တာ
နည်းနည်းစောတယ် .. သင်တန်းမှာ ဆရာမက အားလုံးပေါင်းလေးယောက်ရှိတယ် .. သူနဲ့ကျွန်တော်ကို သင်တဲ့ဆရာမက အတူတူ
ပဲ ဒါပင်မဲ့ ခုန်ချင်းတော့မတူဘူး .. ကြားထဲမှာ နှစ်ခုံလောက်ခြားတယ် .. ။

ဒါပင်မဲ့ တစ်နေ့မှာ ဆရာမက ကျွန်တော့်ကို စာခဏစောင့်နိုင်မလားလို့ မေးတော့ ကျွန်တော်ပြောလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကောင်မလေးနဲ့ ကျွန်တော်ကို စာအတူတူ သင်ပေးရင် ဆရာမလည်းသက်သာ .. အချင်းချင်းညှိနှိုင်းပြီးသင်သွားလို့ရတာပေါ့ .. ဒါနဲ့ကျွန်တော့်ကို“သူ”စာမှီသွားတယ်အဲ့ဒီအချိန်မှာဆရာမကကျွန်တော်နဲ့သူ့ကိုခုံချင်းကပ်ပေးလိုက်တယ်။ကျွန်တော်ကဘယ်ဘက်ဘေးကပေါ့ .. သင်တန်းသားတစ်ယောက်ခုံရွေ့သံကြားမှ ကျွန်တော်အတွေးစတို့ပျက်ပျယ်သွားတယ် .. “ ဟော သင်တန်းလွတ်ပြီ အဲ့ဒီအချိန်မှာ ကျွန်တော့်ညာဘက်ဘေးကကောင်မလေး သိကစသူငယ်ချင်းပေါ့ .. စကားပြောရင်လည်း သူ့မျက်နှာမှာ အပြုံးပန်းလေးတစ်ပွင့် ဆင်ပြီးပြောတတ်တဲ့ အကျင့်ရှိတယ် ..“ ကယ်သွားကြရအောင်” သူပြောလာတာပါ “ဟုတ်သားပဲအတန်းတောင်လွတ်ပြီ” ဒါနဲ့ ကျွန်တော်နဲ့သူ သင်တန်းဆင်းခဲ့ပါတယ် .. အဲ့ဒီအချိန်မှာ အပြင်မှာ မိုးတွေအရမ်းရွာနေခဲ့တယ်လေ “ အဲ့ဒါမှပြသာနာပဲ ကျွန်တော့်မှာ ထီးမပါဘူး” ကျွန်တော်မိုးရွာတော ထဲပြေးထွက်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ “သူ” ကျွန်တော့်ရဲ့သိကစ friend ပေါ့ “Hey ငါနဲ့လိုက်ခဲ့ပါလား you” ကျွန်တော်လည်းဘာပြောကောင်းမလဲ .. သူ့ထီးအောက်ကို ပြေးခိုခဲ့မိတာပေါ့ .. မိုးကအရမ်းရွာနေတယ် ..ထီးကမလုံဘူး ၊ သူ့ကိုမှာလဲရွှဲ ကျွန်တော့် ကိုယ်ပေါ်မှာလဲ ရွှဲနေတယ်။ .. ငါ .. ရင်တွေအရမ်းခုံနေပါလား .. ဘာဖြစ်လို့ပါလိမ့် .. အော် .. ဒီလိုတစိမ်းမိန်းခလေးတစ်ယောက်နဲ့ မိုးရွာတောထဲမှာ ထီးတစ်လက်တည်းမပြောနဲ့ အပြင်မှာ တွဲသွားတွဲလာတောင်လုပ်ဖူးတာ မဟုတ်ပါဘူး ။ ..

ရင်တွေကခုန် အတွေးစတို့က ရောယှက်မွှေနှောက်လို့ ၊ ငါ့နှလုံးသားတွေ ရင်ခုန်စပြုလာပြီလေ.. ခက်တာတစ်ခုက ကျွန်တော်သူ့
ကိုအားနားနေတယ် .. သူနဲ့က အသားချင်းကပ်မလိုလိုတောင်ဖြစ်နေတာကို .. ကျွန်တော်သူကိုယ်ငွေ့လေနည်းနည်း …ကျွန်တော့်
ရဲ့ရင်ခုန်သံတွေကို လာပြီဖုံလွှမ်းနေတယ် .. “ You ဘယ်ပြန်မှာလဲ” သူမေးလာတာပါ “အော် Friend ဒီလမ်းကပြန်မှာ” ဆိုပြီ 18 လမ်း ကိုညွှန်ပြလိုက်ပါတယ် ..ပြီတော်ကျွန်တော်က သူ့ကိုမေးလိုက်ပါတယ် “Friend ကကောဘယ်ပြန်ရမှာလဲ” ကျွန်တော်စကား
မရှိစကားရှာပြီမေးလိုက်ပါတယ် သူက .. “ အလုံပြန်ရမှာ” သူအလုံမှာနေတာကျွန်တော်သိတာပေါ့ .. ဟိုနေ့မသိခင်ကတည်းကိုက
မေးကြည့်ခဲ့ပြီသားပါ .. ရင်ခုန်သံတွေ .. ဗျောင်းဆန်နေလို့ ဘာမှန်းတောင်မသိတော့ပါဘူးဗျာ .. အော်ဒါအချစ်တဲ့လား .. ငါအချစ်
ဆိုတာကိုရှာတွေ့ပြီ … ငါဘာဆက်လုပ်ရမလဲ .. “ငါ့ကိုသွားခွင့်ပြုပါ” တဲ့ .. ဆိုပြီသူထီးအောက်ကပြေးထွက်ခဲ့ပါတယ် ….

မိုးရွာတောထဲပြန်လာရပင်မဲ့ ကျွန်တော်အရမ်းပျော်တယ် ၊ ဒါဟာအချစ်တဲ့လား အချစ်ဆိုတဲ့အရာဟာ ဘာလဲ ရင်ခုန်ခြင်းတွေလား
ပျော်မြူးခြင်းတွေလား ဆိုတာတော့ကျွန်တော် ကောင်းကောင်းမသိပါဘူး ဒါပင်မဲ့အခု လောလောဆယ်တော့ ကျွန်တော် ရင်ခုန်ခြင်း
တွေနဲ့ အချစ်ကိုစတင်နေတယ်လေ …။ အင်း … မအိပ်ပဲနဲ့စဉ်စားလိုက်တာညတော်တော် ညည့်နက်တယ် ..ပြီမှ အိပ်ပျော်သွား
တယ် …..။ မနက်မိုးလင်းတော့ လုပ်စရာရှိတာတွေလုပ် Breakfast စာပြီး သင်တန်းသွားရမဲ့ 2:30 pm ကိုမျှော်နေမိပါတယ် ..၊
ခါတိုင်းဆို သင်တန်းသွားရမှာ ပျင်းတဲ့ ကျွန်တော်အခု ဘာဖြစ်လို့ နာရီတကြည့်ကြည့်ဖြစ်နေရတာလဲ .. ငါဘာဖြစ်နေတာလဲ
သူ့ကအရမ်းလှတာပဲနော် .. ဘာကြောင့် .. ငါ့နှလုံးသားကိုဖမ်းစားခဲ့တာလဲ မိန်းခလေးရယ် .. ငါ..ဘယ်လို .. ရင်ခုန်သံတွေကို
အသက်သွင်းရပါ့မလဲ .. ငါ့ရင်ထဲကစကားလုံးတစ်ချို့မင်းကို ပြောပြရင် မင်းနားထောင်နိုင်ပါ့မလား ..









အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...