ဆက်သွယ်မှုမဲ့တဲ့ စတင်မှုတွေဆီ
လွမ်းဆွတ်ခြင်းနဲ့ မျှော်လင့်ရာသီမှာ
ပျံသန်းရင်းနဲ့ အဆုံးမဲ့ခဲ့ပါပြီ ...
Showing posts with label အကြိုက်ဆုံးကဗျာ. Show all posts
Showing posts with label အကြိုက်ဆုံးကဗျာ. Show all posts
Monday, August 24, 2009
Sunday, April 19, 2009
အတွင်းကြေ
Tuesday, November 18, 2008
ကမ်းပျက်
လမ်းတစ်ဝက်မှာ ထားခဲ့တယ်
အနမ်းတစ်စက်မှ မရခဲ့ဘူး
လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ
ထူးတော့မထူးပါဘူး အချစ်ရယ်
ရူးတော့ရူးသွားခဲ့တယ် ...
ဒါပေမဲ့
အရူးတစ်ယောက် ကမ်းပါးအစား
အသဲတစ်ခြမ်းကြွေကျခဲ့တာကိုတော့
သူသိမှာ ဟုတ်ပါဘူးလေ ....။
Friday, September 5, 2008
ယောင်ချာချာအလွမ်းနဲ့ ကဗျာတစ်ပုဒ်
အော် … ဒီလိုနဲ့ပဲတွေးရင်းဆွေး
ဆွေးရင်းနဲ့ ငါ့အလွမ်းတွေတောင်မှိုတက်လာပြီ
အခုချိန်ထိချစ်သူနဲ့ မတွေ့ရသေးဘူး
ငါ့အဖြစ်ကဆိုး
ဘ၀က သနားစရာ
အချစ်တွေကိုရင်မှာ ပိုက်ပြီး
အလွမ်းတွေကို
အသုံးတော်ခံပြဖို့တောင်
နားတော်ဆင်မဲ့သူမရှိ ….
ဘ၀ကဆိုး အတွေးကဂျပိုးနဲ့
ငါညအိပ်ရာဝင်ခါနီး နေ့တိုင်းနိုပ်စက်နေတာမို့
နှလုံးတွေ အချစ်တွေလဲ
ကုန်ခမ်းလုနီးပါပြီ
အားအင်နည်းပါ စွမ်းအင်မရှိတော့တဲ့
နှလုံးသားတစ်စုံနဲ့ မင်းကိုငါဆက်လွမ်းနေနိုင်ပါ့လား
အခုလောလောဆယ်တော့
အလွမ်းဂျပိုးတွေကို တိုက်ဖို့
ငါလက်နှစ်ဖက် Keboard ပေါ်တင်ကာ
ကဗျာတစ်ပုဒ်ကို ယောင်လည်လည်နဲ့
စပ်နေမိတယ် …….
ဆွေးရင်းနဲ့ ငါ့အလွမ်းတွေတောင်မှိုတက်လာပြီ
အခုချိန်ထိချစ်သူနဲ့ မတွေ့ရသေးဘူး
ငါ့အဖြစ်ကဆိုး
ဘ၀က သနားစရာ
အချစ်တွေကိုရင်မှာ ပိုက်ပြီး
အလွမ်းတွေကို
အသုံးတော်ခံပြဖို့တောင်
နားတော်ဆင်မဲ့သူမရှိ ….
ဘ၀ကဆိုး အတွေးကဂျပိုးနဲ့
ငါညအိပ်ရာဝင်ခါနီး နေ့တိုင်းနိုပ်စက်နေတာမို့
နှလုံးတွေ အချစ်တွေလဲ
ကုန်ခမ်းလုနီးပါပြီ
အားအင်နည်းပါ စွမ်းအင်မရှိတော့တဲ့
နှလုံးသားတစ်စုံနဲ့ မင်းကိုငါဆက်လွမ်းနေနိုင်ပါ့လား
အခုလောလောဆယ်တော့
အလွမ်းဂျပိုးတွေကို တိုက်ဖို့
ငါလက်နှစ်ဖက် Keboard ပေါ်တင်ကာ
ကဗျာတစ်ပုဒ်ကို ယောင်လည်လည်နဲ့
စပ်နေမိတယ် …….
Sunday, August 24, 2008
မေ့လို့ရရင်
ငါ .. အချစ်တစ်ခုကို
လွယ်လွယ်နဲ့ ချစ်
လွယ်လွယ်နဲ့ ခံစားပြီ
လွယ်လွယ်နဲ့ မေ့လို့ရရင်
နေ့တိုင်း အချစ်သစ်နဲ့
တွေ့ချင်တယ် ...
အဲ့ဒါမှ အဲ့ဒီအချစ်ပေါ်ကိုမှီပြီ
ငါကဗျာရေးမယ်
ကဗျာရေးပြီရင် သူ့ကိုမေ့လိုက်မယ်
ပြီရင် အသစ်ရှာမယ်
နောက် ကဗျာတစ်ပုဒ်ထပ်ရေးမယ်
ကဗျာရေးနေတဲ့ အချိန်လေးပဲ
သူ့ကို ..
ငါချစ်ကြောင်းပြမယ်
ခံစားပြမယ်
ဆွေးပြမယ်
ပြီရင် မေ့လိုက်မယ်
..........
လွယ်လွယ်နဲ့ ချစ်
လွယ်လွယ်နဲ့ ခံစားပြီ
လွယ်လွယ်နဲ့ မေ့လို့ရရင်
နေ့တိုင်း အချစ်သစ်နဲ့
တွေ့ချင်တယ် ...
အဲ့ဒါမှ အဲ့ဒီအချစ်ပေါ်ကိုမှီပြီ
ငါကဗျာရေးမယ်
ကဗျာရေးပြီရင် သူ့ကိုမေ့လိုက်မယ်
ပြီရင် အသစ်ရှာမယ်
နောက် ကဗျာတစ်ပုဒ်ထပ်ရေးမယ်
ကဗျာရေးနေတဲ့ အချိန်လေးပဲ
သူ့ကို ..
ငါချစ်ကြောင်းပြမယ်
ခံစားပြမယ်
ဆွေးပြမယ်
ပြီရင် မေ့လိုက်မယ်
..........
Thursday, August 21, 2008
အာရုံ
ကျုပ် …
အရှေ့မှာ
မြင်နေရတယ်
ကြားနေရတယ်
အရောင်ရှိတယ်
အနံ့ရှိတယ်
အထိ ၊ အတွေ့ ၊ အငွေ့တွေ
အားလုံးရှိတယ်
ဒါပေမဲ့
အရသာမရှိဘူး ……။
ကျုပ် …
အနောက်မှာ
မမြင်ရဘူး
ကြားနေရတယ်
အနံ့နည်းနည်းရှိတယ်
ကျန်တာတွေ မသိဘူး
ဒါပေမဲ့
အရသာရှိတယ်
စိမ့်စိမ့်လေး …..။
အရှေ့မှာ
မြင်နေရတယ်
ကြားနေရတယ်
အရောင်ရှိတယ်
အနံ့ရှိတယ်
အထိ ၊ အတွေ့ ၊ အငွေ့တွေ
အားလုံးရှိတယ်
ဒါပေမဲ့
အရသာမရှိဘူး ……။
ကျုပ် …
အနောက်မှာ
မမြင်ရဘူး
ကြားနေရတယ်
အနံ့နည်းနည်းရှိတယ်
ကျန်တာတွေ မသိဘူး
ဒါပေမဲ့
အရသာရှိတယ်
စိမ့်စိမ့်လေး …..။
Friday, July 25, 2008
မင်းနဲ့တွေ့မှဈေးမတတ်ဖို့
မင်းနဲ့တွေ့မှ ငါနှလုံးသားတို့ရင်ခုန်ခဲ့တယ်ဆိုရင်
မင်းနဲ့မတွေ့ခင် ငါနှလုံးသားတို့ဘာလုပ်နေလဲ
မင်းနဲ့တွေ့မှ အချစ်ကိုစတင်ခဲ့တယ်ဆိုရင်
မင်းနဲ့မတွေ့ခင် အရင်ကငါမှာအချစ်မရှိဘူးပေါ့
မင်းနဲ့တွေ့မှ ငါဘ၀ဟာအဓိပ္ပာယ်ရှိလာတာပါလို့ဆိုရင်
မင်းနဲ့မတွေ့ခင် ငါ့ဘ၀ဟာသုညပေါ့
မင်းနဲ့မတွေ့ခင် ငါနှလုံးသားတို့
ရင်ခုန်သံရပ်တန့်နေခဲ့တယ်လေ( အသက်မသေရုံပေါ့ )
မင်းနဲ့မတွေ့ခင် အရင်ကငါ့မှာအချစ်ဆိုတာတော့ရှိခဲ့ပါတယ်
ဒါပင်မဲ့ မချိုမြိန်ခဲ့ပါဘူး
ယောင်ရမ်းပြီ ရင်ခုန်သံတွေစမ်းတ၀ါးဝါးနိုးထခဲ့တာပါ
အခုငါ့ဘ၀ကို မင်းဝင်လာလို့
ငါဟာသုညမဟုတ်တော့ပါဘူး
အမှန်တကယ်တော့ မိန်းခလေး
ငါဒီလိုပြောလို့ မာနတွေတတ်
အချစ်တွေဈေးကြီးအောင်တော့ မလုပ်ပါနဲ့
ငါဟာ company ၀န်ထမ်းမို့
ပိုက်ဆံက မင်းအချစ်ကိုဝယ်ဖို့
မတတ်နိုင်ဘူးလေ အဲ့ဒါကြောင့်
1500 နဲ့ဈေးညှိပါလို့တောင်းဆိုချင်တယ်
မင်းနဲ့မတွေ့ခင် ငါနှလုံးသားတို့ဘာလုပ်နေလဲ
မင်းနဲ့တွေ့မှ အချစ်ကိုစတင်ခဲ့တယ်ဆိုရင်
မင်းနဲ့မတွေ့ခင် အရင်ကငါမှာအချစ်မရှိဘူးပေါ့
မင်းနဲ့တွေ့မှ ငါဘ၀ဟာအဓိပ္ပာယ်ရှိလာတာပါလို့ဆိုရင်
မင်းနဲ့မတွေ့ခင် ငါ့ဘ၀ဟာသုညပေါ့
မင်းနဲ့မတွေ့ခင် ငါနှလုံးသားတို့
ရင်ခုန်သံရပ်တန့်နေခဲ့တယ်လေ( အသက်မသေရုံပေါ့ )
မင်းနဲ့မတွေ့ခင် အရင်ကငါ့မှာအချစ်ဆိုတာတော့ရှိခဲ့ပါတယ်
ဒါပင်မဲ့ မချိုမြိန်ခဲ့ပါဘူး
ယောင်ရမ်းပြီ ရင်ခုန်သံတွေစမ်းတ၀ါးဝါးနိုးထခဲ့တာပါ
အခုငါ့ဘ၀ကို မင်းဝင်လာလို့
ငါဟာသုညမဟုတ်တော့ပါဘူး
အမှန်တကယ်တော့ မိန်းခလေး
ငါဒီလိုပြောလို့ မာနတွေတတ်
အချစ်တွေဈေးကြီးအောင်တော့ မလုပ်ပါနဲ့
ငါဟာ company ၀န်ထမ်းမို့
ပိုက်ဆံက မင်းအချစ်ကိုဝယ်ဖို့
မတတ်နိုင်ဘူးလေ အဲ့ဒါကြောင့်
1500 နဲ့ဈေးညှိပါလို့တောင်းဆိုချင်တယ်
Subscribe to:
Posts (Atom)