Showing posts with label အခုလက်ရှိ ကျွန်တော့်အခြေအနေ. Show all posts
Showing posts with label အခုလက်ရှိ ကျွန်တော့်အခြေအနေ. Show all posts

Thursday, May 14, 2009

ငါမရွေးချယ်သေးတဲ့နင်လျောက်မဲ့လမ်း


နင့်ကိုတော့ ငါတကယ်ချစ်ပါတယ်
ဒါပေမဲ့ တဘ၀စာလက်တွဲရမယ်ဆိုတော့
ငါ့ကိုငါ ပြန်လှည့်ကြည့်နေမိတယ်
မရေရာ မပီပြင်သေးတဲ့
ငါ့ရဲ့အတတ်ပညာမစုံမလင်နဲ့
နင့်ဘ၀ကို ထမင်းနပ်မှန်အောင်မှ
လုပ်ကြွေးနိုင်ပါ့မလား ..... ။
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
နင်ငါ့ဘ၀ထဲမှာ ထမင်းရည်ပူအတူသောက်နိုင်ပါ့မလား
တဲအိုပျက်မှာနေရမယ်ဆိုရင်ကော
နင့်ဘ၀ကို အလှဖျက်ပြီးနေနိုင်ပါ့မလား
ဘာပဲဖြစ်ဖြစ်ပါချစ်သူ
ငါသိပ်ချစ်ရတဲ့ နင့်ကို
နေပူပူမှာမပြောနဲ့ နေရိပ်ထဲမှာတောင်
ချွေးထွက်အောင် ငါမခိုင်းရက်သူပါ
အခု နင်ရယ်ငါရယ်
အဝေးကြီးဝေးနေရတော့
ငါလေ အဆွေးကြီးဆွေးနေရတယ်ချစ်သူရယ်
ဘာကြောင့်မှန်းမသိတဲ့ ရင်ခုန်သံတွေကိုတိုင်းတာရင်း
နင့်အပေါ်မှာ ငါချစ်တဲ့အချစ်တွေ
လျော့သွားမှာ ဆိုးလို့
အလွမ်းတွေကို နှစ်နဲ့မြှောက်နေရသူပါ
ကံကြမ္မာက မျက်နှာသာပေးလို့
နင်နဲ့ပြေးတွေ့မိကာမှ နင့်အိမ်ကသိခဲ့တယ်လေ
နှစ်ဖက်မိဘတွေသဘောတူလို့
နင်နဲ့ငါနဲ့ နီးရမယ်ဆိုတော့
ငါလေ ... အရမ်းပျော်မိပါတယ်
ဒါပေမဲ့ဟာ မိဘတွေမျက်ရည်ကျြ့ပီးမှ
လက်တွဲရမဲ့ ငါတို့နှစ်ယောက်ရဲ့ဘ၀ခရီးက
သာယာနိုင်ပါ့လား ......... ။
နင့်အိမ်ကလဲ နင့်ကိုကလေးလေတဲ့
ငါအိမ်ကလဲ ငါ့ကိုငယ်သေးတယ်တဲ့လေ
မပေးစားရင် ခိုးပြေးခိုးရာနောက်လိုက်မယ်ဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့သတ္တိတွေက
တကြိမ်တခါမှာတော့ မိဘတွေရဲ့စကားအောက်
ပြားပြားမှောက်ခဲ့ရတယ်ချစ်သူ
အခုနင်ဘယ်လမ်းကိုရွေးမလဲ ......
ငါကကောဘယ်လမ်းကိုလျောက်မလဲ ........ ။

Friday, September 12, 2008

ချစ်သူထံသို့တောင်းဆိုလွှာ

ိုသို့/
အကြောင်းအရာ။။(၁)ချစ်သူထံသို့မေတ္တာရပ်ခံတောင်းဆိုခြင်း …
ကျွန်တော် မျိုးချစ်သူအနေဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း သခင်သည် ကျွန်တော်မှလွဲ၍ တခြားသော ယောင်္ကျားလေးများကိုမခင်တွယ်ပါရန်နှင့် အလေးမထားပါရန် တောင်းဆိုအပ်ပါသည် ။
ထိုကဲ့သို့တောင်းဆိုမှုကို သခင်အနေဖြင့် စဉ်းစားရန်မလိုပါ အဘယ်ကြောင့်ဆိုသော် ကျွန်တော်မျိုးရဲ့ လုပ်သက် Service ကိုထောက်၍ ချက်ခြင်း ကျွန်တော်မျိုးအလိုကျ တောင်းဆိုမှုကို ပေးပါရန် ပူတွဲ လျောက်ထား အပ်ပါသည် ။

အကြောင်းအရာ။။(၂)အထပ်ပါတောင်းဆိုမှုကိုမှီငြမ်း၍ကျွန်တော်မျိုးကိုသနားသောအနေဖြစ်အမြဲတမ်းသခင်စိတ်ထဲမှာကျွန်တော်မျိုးအကြောင်းကိုပဲတွေးနေပါရန်တောင်းဆိုခြင်း
သခင့်အပါးတွင် တာဝန်ထမ်းဆောင်နေသော သခင်ရဲ့ အချစ်ကျေးကျွန်အား ဆက်လက်ပြီ အချစ်တွေတိုးလို့ အမြဲတမ်းအလေးပေးရန် နှင့် စားလဲဒီစိတ်သွားလဲဒီင်္စိတ်နဲ့ အချိန်တိုင်း ကျွန်တော့် အကြောင်း ပုံရိပ်တွေကိုပဲ တွေးနေပါရန် တောင်းဆိုအပ်ပါသည် ။

အကြောင်းအရာ။ ။ ( ၃ ) ချစ်သူရာထူးတိုးပေးပါရန်တောင်းဆိုခြင်း ..
ကျွန်တော်မျိုးအခုလက်ရှိ တာဝန်ထမ်းဆောင်နေရပုံမှာ ချစ်သူကို Chatting မှာသာ လွတ်လွတ်လပ်လပ်
ချစ်ပါသည် ကြိုက်ပါသည် ဟူ၍ လျှာအရိုးမရှိ ပြောနေရသောလဲ ဖုန်းထဲ၌ မူ သခင်အလိုကျ စကားပြောစဉ်းချင်
နေရသဖြင့် ကျွန်တော်မျိုးဝမ်းနည်းမိခြင်း ၊ ကျွန်တော်မျိုးကို Chatting ထဲကလို မောင်ဟုခေါ်ပါရန် တောင်းဆို
သည့်အခါမှာ သခင်က ဘေးတွင်လူတွေရှိလို့ဆိုသည်ကတကြောင်း ၊ ပတ်ဝန်းကျင်က သိသွားမည်ဆိုသည့်က
တစ်ကြောင်းအမျိုးမျိုး ကျွန်တော့အား စကားလုံးကောင်းကောင်းသုံးပြီ ဆင်ခြေဆင်နက်တွေပေးခဲ့ပါသည် ။
သခင်၏ အလှအောက်တွင် တာဝန်ထမ်းဆောင်နေသော ကျွန်တော်မျိုးမှာ အလုပ်ပြုတ်မှာဆိုး၍ ခေါင်းညိတ်ခဲ့
ရပါသည် ။ သို့သော် လုပ်သက်ကိုစာနာထောက်ထား၍ သောလည်းကောင်း ၊ လက်ဆောင်ပနာ များပေး၍
သောလည်းကောင်း ၊ သခင့်ကိုချစ်ပါသည်ဟု အချိန်တိုင်းသခင်နှင့်တွေ့သည့်အခါ အမြဲတမ်းညည်းတွားနေရ
သည်ကို ထောက်၍သောလည်းကောင်း ၊ အဝေးကနေပြီ ချစ်သူတာဝန်ကိုထမ်းဆောင်နေရသဖြင့် အလွမ်းများ
နှင့်ပိနေသော သခင့်ကျွန်ဖြစ်သူ ကျွန်တော်မျိုးအား ချစ်သူရာထူးထပ်မြင့်သည့် တစ်နေရာအား တိုးပေးပါရန် လျှောက်ထားအပ်ပါသည် ။

အကြောင်းအရာ။ ။ ( ၄ ) သခင့်လုံခြုံရေးအတွက်အကြံပေးခြင်း
သခင့်အပါးတွင် တာဝန်ထမ်းဆောင်နေရသောလည်း ကျွန်တော်မျိုးဟာ လက်ရှိသခင်အနားတွင် မရှိသော
ကြောင့် သခင်လုံခြုံရေးအနေနဲ့ ဆိုးရိမ်ရပါသည် ထို့ကြောင့် ကျွန်တော်မျိုး သခင့်အလွမ်းပြေရန်ပေးထားသော
ဓါတ်ပုံအား သခင်သွားလေရာ ယူသွားပြီ လုံခြုံရေးတာဝန် ပေးနိုင်ပါသည် ။ ရန်သူနှင့်တွေ့လာပြီ ဆိုပါက ချက်ချင်းဓါတ်ပုံကိုထုတ်ကြည့်ကာသခင်အားအင်ဖြည့်ကြည့်ပါချက်ချင်းအားတက်လာကာစွမ်းအင်ပြည့်လာမည်မှာ အသေအချာဖြစ်ပါသည် ။ အိမ်မှာ ကြွက်ရှိပါကလဲ အသုံးဝင်ပါသည် ။ ချစ်သူ Chatting တွင်
ချက်ပြီး ကျွန်တော်မျိုး Mail များကိုဝင်ရောက်စစ်ခဲ့ပါသည် ။ ထိုအခါမလိုအပ်မှုများတွေ့ရှိရပါသည် ထို့ကြောင့်
ကျွန်တော်မျိုး ချစ်သူကိုစိတ်အနှောက် အရှက်ဖြစ်မည့် Online အချစ်ရူးတွေအား မကြာခဏရှင်းလင်းရေးတွေ
လုပ်နေရပါသည် ။ ကျွန်တော်မျိုးမှာ အားကျိုးမံတက်လုပ်နေသောလဲ သခင်ကမူ သိပ်ပြီး အလိုမကျချေ ။
သခင့်လုံခြုံရေးအတွက် ရှင်းလင်း Block လုပ်ရသဖြင့် ကျွန်တော်မျိုးကို နားလည်ပေးစေချင်ပါတယ် ၊ထို့ကြောင်း လုံခြုံရေးအတွက် လုပ်ဆောင်နေသည်များကို သခင်အနေဖြင့် ပြန်ပြီး ကျွန်တော်မျိုးကို ဆင်ချေပေးရန် မသင့်တော်ပေ ။ သို့ပါသောကြောင့် ကျွန်တော်မျိုးပြောစကားကို မြေ၀ယ်မကျနားထောင် ပေးပါရန် အကြံပေးအပ်ပါသည် ။

ပုံ / သခင်ကျွန်း
မျှော်လင့်ခြင်း

Friday, August 29, 2008

ကိုယ့်အပြစ်နဲ့ကို

ငါသူ့ကိုသတိရလို့
ဒီမနက်အစောကြီး
ငုတ်တုတ်ထိုင်ပြီး လွမ်းနေမိပါတယ်
ငါမျက်နှာမသစ်ရသေးပါဘူး
ရေလဲမချိုးရသေးပါဘူး
ကိုယ်တစ်ကိုယ်လုံးလဲ နံဆောနေတာပဲပေါ့
ငါမှမအားတာလေ ဘယ်တက်နိုင်မှာလဲ
ချစ်သူကို လွမ်းနေရတဲ့အလုပ်က
ငါ့အတွက် အလုပ်ကြီးအကိုင်ကြီးပဲလေ
ခက်တာက နေ့တိုင်းလွမ်းနေလို့
အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့
ငါ့ဘေးနားမှာ စာရင်းစာအုပ်တွေက
တောင်လိုပုံနေပြီလေ ....
ဘယ်တက်နိုင်ပါ့မလဲ
ချစ်သူကိုလွမ်းနေရရင်
ထမင်းတောင်မေ့နေတဲ့ ငါက
ချစ်မိတဲ့ကိုယ့်အပြစ်နဲ့ကို
ဘာပြောနိုင်မှာလဲလေ ...
သူ့ကိုကျွန်တော်က အသဲနစ်အောင်ချစ်နေမိတာကို ...

Saturday, August 23, 2008

နုတ်ဆက်စွန့်ခွာသူ

အလွမ်းတွေနဲ့ တမ်းတ
ချစ်ခြင်းတွေနဲ့ မိတ်ဖွဲ့
ဒို့ရဲ့နှလုံးသားရင်ခုန်သံမြန်အောင်
လုပ်တတ်မှန်းမသိတတ်ခဲ့ဘူး
စေတနာတရွေးသားနဲ့
ဝေဒနာပေးသွားတဲ့
(ဂျစ်ပစီ)ကောင်လေးဆိုတာ
သတိမထားမိခဲ့ဘူး
သတိထားမိခဲ့ရင်
ဒို့ရဲ့မေတ္တာတံခါးအသေအချာပိတ်ထားမှာပေါ့
အခုတော့ ….
စွန့်လွှတ်ခြင်းကိုရင်ဆိုင်
ဝေဒနာတွေကို ရင်ဝယ်ပိုက်
အလွမ်းတွေနဲ့ခံစား
သံယောဇဉ်ဒဏ်မခံနိုင်လို့
အရာရာကို ကျောခိုင်းခဲ့ပါပြီ ကောင်လေးရယ် ။
+……………..+……………+
ချစ်သူရယ်
ငါမင်းကိုအလွမ်းတွေနဲ့လဲ
မတမ်းတခိုင်းပါဘူး
တခုတော့ရှိတယ်
ငါမင်းကိုချစ်ခြင်းတွေနဲ့တော့
မိတ်ဖွဲ့ခဲ့တယ်
ပြီတော်
မင်းရဲ့နှလုံးသားကို
ရယူဖို့ကြိုးစားနေတဲ့သူပါ
အထင်တွေမှားပြီး
အမြင်မှာ
ငါ့ကိုဂျစ်ပစီကောင်လေးလို့
မင်းထင်ပြီ
ငါ့ရဲ့မရေတွက်နိုင်တဲ့အချစ်တွေကို
စေတနာတရွေးသားလို့
မင်းသက်မှတ်မယ်ဆိုရင်
အမှားကြီးမှားလိမ့်မယ်ချစ်သူ
မေတ္တာတံခါးပိတ်ဖို့တော့မကြိုးစားပါနဲ့
မင်းအလှတွေရဲ့
အဆိတ်မိနေတဲ့
လူသားတစ်ဦးမို့ပါ
မင်းနဲ့ ငါနဲ့ရေးနေတဲ့ဇာတ်လမ်းက
အခုမှ နိဒါန်းမို့လို့
ဇာတ်သိမ်းစကား
စွန့်လွှတ်ခြင်းကို
ငါမရေးပါရစေနဲ့
ဝေဒနာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို
အသေအချာစဉ်းစားပြီးမှ
ငါ့ကိုဒဏ်ရာတွေပေးဖို့
မင်းကြံရွယ်ပါ ။
အရာရာကိုကျောခိုင်းခဲ့ရင်တောင်
ငါ့ကိုတော့ကျောမခိုင်းပါနဲ့ ။
အရမ်းချစ်ရသူမို့
အရမ်းလဲလွမ်းမိတာအမှန်ပါ
တခါတလေများဆိုချစ်သူရယ်
နှလုံးသားမှာတဆစ်ဆစ်နဲ့
ကိုက်ခဲနာကျင်
မျက်ရည်တွေနဲ့အလွမ်းတွေစပ်ပြီး
ချစ်သူကိုအရမ်းချစ်တဲ့အကြောင်း
ကဗျာလေးရေးပြီး Mail ပို့မိပါတယ် ။။

လွမ်းကြောင်းကိုပုံကြီးချဲ့

ငါ့အတွေးတွေ မင်းဆီကိုလွင့်မျောတဲ့အခါ
ဘာမှ ထိန်းချုပ်မရ
ငါ့ဘာမှ လုပ်မရ
စာကျက်နေရင် စာအုပ်ကိုပိတ်
ငါ့ကိုငါ ဘာမှန်းမသိတော့
အလုပ်လုပ်နေရင် အလုပ်ကိုရပ်လို့
ငါ့ကိုငါ ဒုက္ခပေးနေမှန်း
ငါ့ကိုငါမသိတော့ မင်းရဲ့အချိန်တိုင်း
ငါ့ကိုစိုးမိုးထားတဲ့ စိတ်အဆင်းနဲ့ပုံရိပ်တွေကို
ပြန်တွေးကြည့်မိတော့ ငါ့နှလုံးသားမှာ
အလွမ်းတွေက ဒဏ်ရာတွေအဖြစ်ကူးပြောင်း
နာကျင်ခြင်း ဝေဒနာတွေကိုအဓိပ္ပာယ်ဖွဲ့ပြီး
ငါ့သူကို အရမ်းချစ်မိနေတာပါလား
အော် မိန်းခလေးရယ်လို့
တွေးမိချိန်မှာ ……
ညည်းသံသဲ့သဲ့မှတပါး
ငါဘာလုပ်နိုင်မှာလဲ
လိုချင်တာကိုရအောင်ယူမယ်လို့
ငါ့ကိုငါ အားအင်သစ်တွေမွေးပြန်တော့
အခုလက်ရှိကိုပြန်သုံးသပ်မိတယ်
ငါ့ဘေးနားမှာ မင်းမရှိ
ကျောင်းစာတွေဝိုင်းရံလို့
ထမင်းကြွေးနေတဲ့ အလုပ်ကတဖက်မို့
ငါအလုပ်ဆက်လုပ် စာတွေဆက်ကျက်နေမိတယ်
ဒါပင်မဲ့ အတွေးထဲမှာ
မင်းအမြဲစိုးမိုးနေလို့
ငါလုပ်သမျှ ရှေ့မရောက်ဘူး
အဲ့ဒီအတွက်ကြောင့်
ငါဟာတစ်နေတစ်ခြားညံ့လာပါလားလို့
လူတွေဝိုင်းပြောကုန်ကြပြီ
ဖြစ်ချင်ရာဖြစ် အရမ်းချစ်မယ်ဆိုပြီး
မင်းကိုယုံကြည်တဲ့ စိတ်နဲ့
ငါဆက်လွမ်းနေမိတယ် “ ငယ် ” ရယ် …..

Friday, August 22, 2008

Online ပေါ်ကမင်းသမီး

ဇာတ်လမ်းတပုဒ်ရေးနေတယ်
ဒါပင်မဲ့ မင်းသမီးကတော့
စင်ဆာမရသေး ပါတ်ပို့စ်မလုပ်ရသေးလို့
ငါအခုOnline ပေါ်ကမင်းသမီးကို
အခုထပ်ထိတော့ မတွေ့ရသေးဘူး
ဒါပေမဲ့ ...
ဇာတ်လမ်းနံမည်ပြောပြမယ်
“ မရေမရာအလွမ်းကမ္ဘာ”တဲ့
မင်းသားကတော့ ငါဖြစ်ကောင်းဖြစ်မယ်
မင်းကိုငါအပြင်မှာ မမြင်ဖူးပါဘူး
Online ပေါ်မှာခင်
လေလှိုင်းပေါ်မှာတင် ချစ်စကားတွေဖွဲ့ပြီး
ငါချစ်သမျှကို လွမ်းပြတဲ့အခါ
မင်းသမီးက သူလဲလွမ်းတာပါပဲတဲ့
ပြီတော်ပြောသေးတယ်
ငါတို့မကြာခင်တွေ့ကြရမှာ ပါတဲ့
နင်ကြိုးစားပါတဲ့ …။
နင်ငါ့ကိုချစ်တာ ငါမှမမြင်ရတာ
လွမ်းတာကော ဘယ်လိုမျိုးလဲ
ဒါရိုက်တာခိုင်းသမျှကို
အသက်သွင်းပြီး ငါ့ကိုမာယာတွေနဲ့
ဇာတ်ကွက်လှအောင် မလှည့်စားပါနဲ့
Online မင်းသမီး ။
မင်းဘယ်လိုပဲ သရုပ်ဆောင်ဆောင်
ငါကတော့ မင်းကိုအမှန်တကယ်ရင်ခုန်မိတာမို့
မင်းအသံလေးကြား မင်း Account လေးမြင်ပြီး
မင်းဓါတ်ပုံလေးကြည့်နေရရင်
လွမ်းနေရရင်ဖြစ် ကျေနပ်ပါပြီ ။
ဒါပေမဲ့ …
ငါဆက်မလွမ်းချင်တော့ဘူး
ငါ့ရဲ့မရေရာတဲ့ အလွမ်းကမ္ဘာကို
ဇာတ်သိမ်းချင်နေပြီ …
မင်းကိုအရမ်းသတိရလို့ လွမ်းရရင်တောင်
ငါရေရေရာရာပဲ လွမ်းချင်တယ်
ချစ်သူရယ် ….။
ငါ့ကို ရေရာတဲ့ရင်ခုန်မှုတွေပေးပါ
စမ်းတ၀ါးဝါး မပီပြင်ဝိုးတ၀ါးနဲ့
အသက်သွင်းထားတဲ့ အချစ်တွေနဲ့တော့
ငါ့ရင်ဘက်ထဲက ရင်ခုန်သံတွေကို
ခိုးပြီး နာထောင့်ဖို့ စိတ်မကူးပါနဲ့
ဘာလို့လဲဆိုတော့
ငါ့အချစ်က ရင်ခုန်သံအစစ်မို့ပါ
Online မင်းသမီးရယ် ..။

Sunday, August 10, 2008

ချစ်သူပေးတဲ့ကဗျာ တစ်ပုဒ်ကိုပြန်ပြီဖြေရှင်းချက်ပေးခြင်း

ဒဏ်ရာတွေ ဗလပွနဲ့
ငါလဲကျတော့ မင်းကလက်ကမ်းပေးတယ်
ပြီးတော့ … “မငိုပါနဲ့ကလေးရယ်တဲ့”
အသဲကွဲသီချင်းတွေကို ဒို့တောင်းဆိုတော့
ဘာမှမမြဲဘူး ………….
မဆွေးနဲ့ကွာလို့ အားပေးခဲ့ဘူးတယ်
ဒို့အရမ်းစိတ်ညစ်တယ်လို့ပြောတော့ ….
မင်းအရမ်းစိတ်ပျော့တယ်လို့
ဒို့ ကိုဝေဖန်ခဲ့တယ် ။
အခုတော့ . . . မင်းပြောတဲ့အတိုင်း
ဒို့စိတ်ခိုင်မာအောင်ကြိုးစားနေတဲ့အချိန်မှာ
မင်းကဒို့ရဲ့အဝေးဆုံးတစ်နေရာမှာ သွားနေတယ် ။
ဒို့ဘ၀ရဲ့ . . . နိဒါန်းနဲ့နိဂုံးဟာဒဏ်ရာတွေနဲ့ပါကောင်လေးရာ . . . ။
+ .. .. .. .. .. .. +.. .. .. .. .. .. .. +.. .. .. .. .. .. +
တကယ်လို့ .. မင်းမှာ တကယ်ဒဏ်ရာတွေရှိနေတယ်ဆိုရင်
ငါ့မှာက . . . ချစ်သူကိုလွမ်းရလို့
ဒဏ်ရာတွေကတစ်မျိုး …..
အဝေးကြီးက .. ချစ်သူကို
ဘယ်လိုစိတ်ချမှုမျိုးတွေ .. ငါ့ပေးရမှာလဲ
ငါ့ညတိုင်းလွမ်းနေတာကော မင်းသိပါ့မလား
ငါ့ကိုလွမ်းခွင့် .. တမ်းတခွင့်ပေးတဲ့အတွက်
မင်းကိုကျေးဇူးတင်ပါတယ်ကွာ ..
ဘာလို့လဲဆိုတော့ . . . မိန်းခလေးတစ်ယောက်ကို
လွယ်လွယ်နဲ့ ရင်မခုန်တတ်တဲ့
ငါ့နှလုံးသားက ထူးဆန်းစွာ မင်းကိုမှ
ရင်ခုန်ခဲ့တယ်လေ …
အခုတော့ .. ငါလွမ်းနေရပြီးပေါ့
ကောင်းမလေးရေ ……
ရင်ခုန်မိတဲ့ … နှလုံးသားကိုတော့
အပြစ်မတင်ဝံ့ပါဘူး . . .
ငါ့ဘာသာငါ လွမ်းနေတာက ကောင်းပါတယ်
မင်းနဲ့ဆုံစည်းရမဲ့ ရက်ကိုလက်ချိုးရီပြီး
မနက်ဖန်ပေါင်းများစွာ အသက်ဆက်ရှင်ရမဲ့
ငါ့နှလုံးသားကို မျှော်လင့်ချက်ပေးနေမိတာတော့အမှန်းပါချစ်သူ
မင်းပေးတဲ့ ဓါတ်ပုံလေးအိပ်ကပ်ထဲထည့်
ငါသွားလေရာယူသွားလို့ ငါ့အလွမ်းတို့
နှိပ်စက်တော့မယ်ဆိုရင် .. ကဗျာကယာ
အကူအညီတောင်းမိတာက 119 ကိုမဟုတ်ပါဘူး
မင်းဆီင်္ကိုပါ … မင်းဓါတ်ပုံလေးထုတ်ကြည့်လို့“
ငါ့တခဏတာ အမောဖြေလိုက်ရင်
ငါရင်မှာ စစ်ငြိမ်းလို့
ရင်ခုန်ခြင်းတွေ .. ဆီချက်ညီညီနဲ့
ငါ့နှလုံးသားမှာ .. ကခုန်ခဲ့ပြန်ပါတယ် မိန်းခလေးရေ
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...