ငါတစ်ယောက်တည်း ရင်ခုန်သံတွေကင်းမဲ့ကာ
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကိုလဲမတွေးချင်ဘူး
ပြီခဲ့တဲ့အတိတ်ကိုလည်း မဆွေးချင်ဘူး
အခုလောလောဆယ် အရက်တစ်ခွက်လောက်ဘာမှမကောင်းသလိုပဲ
ငါ့ကိုဘယ်သူမှ မချစ်ကြဘူး
သစ္စာမရှိကြဘူး ငါအမြဲသောက်နေတဲ့
ဒီအရက်လောက် နင်တို့ငါ့ကိုမေတ္တာတွေသဲတစ်ပွင့်လောက်
ပေးခဲ့မယ်ဆိုရင် ငါဘ၀ဟာ
အရက်သမားဖြစ်မှာ မဟုတ်ပါဘူး
အခုတော့ အချစ်ကို ကိုးကွယ်မိတဲ့
နှလုံးသားပိုင်ရှင် ကျွန်တော်မျိုးဟာ
ဒုက္ခပင်လယ်ထဲမျောလို့ အသဲတွေကွဲ
ကယ်သူမရှိ အချစ်နွံနစ်နေခဲ့ပါပြီ
အရက်ကသောက်ကောင်း မိုးမိုးကအေးအေးနဲ့ပေါ့
ဆွေးစရာဓါတ်ပုံတစ်ချို့ကို ပြန်ကြည့်ပြီ
မင်းတော်တော်လှပါလားလို့ ငါညည်းထွားမိတော့
ယောင်္ကျားဒဏ်မဲ့ မျက်ရည်ကျခဲ့ရတယ်
အရက်သမားမျက်ရည်ကျတော့ အရက်ဆိုင်က
waiter တချို့က ငါ့ကိုမေးကြတယ်လေ
အကို ဘာဖြစ်လို့လဲတဲ့
ဟားဟား .....
ငါပြန်ဖြေလိုက်တာက အချစ်ကိုဝါးစားတာ
အသဲမှာ အရိုးဆူးသွားလို့ကွာ
လောလောဆယ် အသဲကြွေမကျခင်
မျက်ရည်တစ်ချို့ နိဒါန်းအနေနဲ့
ရှေ့ပြေးမိတာပါ သူငယ်ချင်းတို့ရယ်
Saturday, August 9, 2008
Sunday, August 3, 2008
Myanmar family မှသူငယ်ချင်းများနှင့် ဆုံဖြစ်ခဲ့တဲ့နေ့တစ်နေ့(၁)
ကျွန်တော်တို့ဒီနေ့(2 Aug 2008 )ညနေမြေနီကုန်းမှာ တွေ့စုံခဲ့ကြပါတယ် ။ ကျွန်တော်နှင့် “DuDu-13” ဟာ ဟဲလပင်မှတ်တိုင်းမှာ တွေ့ဖို့ချိန်းခဲ့ကြပါတယ် ။
“ကျွန်တော်ဟဲလပင် မှတ်တိုင်းကိုရောက်ရှိသွားတဲ့အချိန်မှာ “DuDu-13” ဟာကျွန်တော်ကိုစောင့်နေပါတယ် ဒါပင်မဲ့”DuDu” ကိုကျွန်တော်မမြင်ဘူးပါ၊ လူတစ်ယောက် လူအများကြီးတည်းမှ ကျွန်တော်ကို ရီပြနေပါတယ်၊ ဒါပင်မဲ့ ကျွန်တော်ကိုလဲ မခေါ်ဘူး ………… ဘာလို့ဘာလိမ့် DuDu မဖြစ်လောက်ဘူးဟု
ယူဆကာ ကျွန်တော်ကျောချမ်သွားပါတယ်၊ ယောင်္ကျားကြီးတစ်ယောက်က ရီပြီတော် ကျွန်တော်ကိုကြည့်နေတာ တစ်မျိုးကြီးပဲ …….. အင်း DuDu ငါ့ကိုပြောတော့ လိမ္မော်ရောင်country shirt ၀တ်လာမယ်တဲ့ ။ အင်း သူက အင်္ကျီကတော့ဟုတ်ပါတယ် ဒါပင်မဲ့ အရောင်က လိမ္မော်ရောင်ဆိုတော့ အ၀ါရောင်လို့ တွေးကာ ……… ဒီကောင်ငါ့ကိုဘာလို့ကြည့်နေရတာလဲ “DuDu-13” ဆိုလဲငါ့ကိုခေါ်မှာပဲ ပြီတော် ငါဘာဝတ်လာမလဲဆိုတာလဲပြောပြီးသာလေ
ဒုက္ခပဲ ……. အာ…….. သွားမေးကြည့်တာကောင်းပါတယ်ဆိုပြီး အတွေးစကိုဖြတ်ကာ …….. မေးလိုက်တော့ ကျွန်တော် DuDu-13 ပါတဲ့ …….. ဒါနဲ့ကျွန်တော်တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် အပြစ်တွေပြောပြီး မြေနီကုန်း လောကနတ်လက်ဖက်ရည် ဆိုင်သို့လာခဲ့ကြပါတယ် ……..
ကျွန်တော်တို့ထိုင်ပြီ မကြာပါဘူး “ကောင်းမြတ်” ရောက်လာပါတယ် ….. ဒါနဲ့ကောင်းမြတ်ကိုအမောပြေ ရေနွေးတစ်ခွက်ငဲ့တိုက်လိုက်ပါတယ် ……. ကျွန်တော်
တို့ဟာ တစ်ခါမှ မတွေ့ဖူးကြပါဘူး …… ဒါပင်မဲ့ သူငယ်ချင်းအရင်းတွေလိုခံစားမိပါတယ် …… အခုဆို “ကောင်းမြတ်” “DuDu-13” ကျွန်တော”Mr.ကိုပေါ”စုစုပေါင်း သုံးယောက်သာရောက်ပါသေးတယ် ………. စိတ်မရှည်တစ်ရှည်နဲ့နောက်လူတွေ လာမှ လာပါ့မလားလို့ မျှော်ရတာပေါ့ ဒါပင်မဲ့
“ဟင်းလင်းပြင်”ကိုတော့ လာမှာပဲဆိုပြီ မျှော်နေခဲ့မိပါတယ် ……. နောက်ရောက်လာတာက “ အာကာမောင် “ “နေမင်း “ “ကိုဂျစ်တူ” ပြည့်စုံ “အောင်အောင်
“ပူတူ” တို့ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့ကြပါတယ်…………..

Subscribe to:
Posts (Atom)