Friday, September 5, 2008

ယောင်ချာချာအလွမ်းနဲ့ ကဗျာတစ်ပုဒ်

အော် … ဒီလိုနဲ့ပဲတွေးရင်းဆွေး

ဆွေးရင်းနဲ့ ငါ့အလွမ်းတွေတောင်မှိုတက်လာပြီ

အခုချိန်ထိချစ်သူနဲ့ မတွေ့ရသေးဘူး

ငါ့အဖြစ်ကဆိုး

ဘ၀က သနားစရာ

အချစ်တွေကိုရင်မှာ ပိုက်ပြီး

အလွမ်းတွေကို

အသုံးတော်ခံပြဖို့တောင်

နားတော်ဆင်မဲ့သူမရှိ ….

ဘ၀ကဆိုး အတွေးကဂျပိုးနဲ့

ငါညအိပ်ရာဝင်ခါနီး နေ့တိုင်းနိုပ်စက်နေတာမို့

နှလုံးတွေ အချစ်တွေလဲ
ကုန်ခမ်းလုနီးပါပြီ

အားအင်နည်းပါ စွမ်းအင်မရှိတော့တဲ့

နှလုံးသားတစ်စုံနဲ့ မင်းကိုငါဆက်လွမ်းနေနိုင်ပါ့လား

အခုလောလောဆယ်တော့

အလွမ်းဂျပိုးတွေကို တိုက်ဖို့

ငါလက်နှစ်ဖက် Keboard ပေါ်တင်ကာ

ကဗျာတစ်ပုဒ်ကို ယောင်လည်လည်နဲ့

စပ်နေမိတယ် …….

ကျွန်တော့်ရဲ့ …. :)

ကျွန်တော့နာမည်-------------မျှော်လင့်ခြင်း

ကျွန်တော့ကို သူငယ်ချင်းတွေအများစုက----------- ကိုပေါ လို့ခေါ်ပါတယ်..ဘာလို့လဲဆိုတော့ ကျွန်တော်ရေးတဲ့ အလွမ်းကဗျာတွေက သူတို့အတွက်ပေါပေါတောတောနေလို့တဲ့..

နေတာက -----လမ်းဘေးမှာဆောက်ထားတဲ့ ရန်ကုန်ကသူဋ္ဌေးရုံမှာပါ

မွေးရပ်ဇာတိကတော့….....နာဂစ်နိုပ်စက်သွားတဲ့ ကွမ်းခြံကုန်းမြို့နယ် ပိုင်ရဲ့..ဇနပုပ်ရွာတစ်ခုမှာပါ

အလုပ်အကိုင် ------- မိန်းမယူဖို့မခိုင်လုံတဲ့ အလုပ်တစ်ခုမှာပါ ..ဘာလို့လဲဆိုတော့ …
ပြောတော့ဘူး သူဋ္ဌေးသိရင် အလုပ်ဖြုတ်ခံနေရအုံးမယ် ..

ကျွန်တော့ဆီဖုန်းဆက်ချင်ရင် ---------- ကောင်မလေးတွေဆိုဦးစားပေးပါတယ် …စတာနော် ..နောက်တတ်လို့

(အကြိုက်ဆုံးတွေက)

နံပါတ်တစ် … ကိုယ်ချစ်တဲ့ကောင်မလေး

အရောင်ဆိုရင် ---------- အနီ ။ အနက်၊ အဖြူ

အစားအစာဆိုရင် ---------- ဗိုက်ဝတာမှန်သမျှ ။ အရသာရှိဖို့တော့လိုတယ်နော် …ဟဲဟဲ

သီချင်းဆိုရင်
---------- လွမ်းလို့ကောင်းတဲ့ သီချင်းမှန်သမျှကြိုက်တယ် ..အထူးသဖြင့် IC ….

ကျွန်တော်လေးစားရသောလူ …ပညာသင်ပေးသူမှန်သမျှ ။ လေးစားထိုက်သူမှန်သမျှ


ကျွန်တော့ရဲ့အချစ်ဆုံးသူငယ်ချင်းက ---------- သူငယ်ချင်းမှန်သမျှ ကိုယ့်ရဲ့ အချစ်ဆုံးပဲ။ မခွဲခြားပါဘူးကွယ်။ ဒါပေမဲ့ ကျွန်တော်ပိုးနေတဲ့ ကောင်မလေးဆိုရင်တော့ နည်းနည်းပိုတယ် ..


ရင်အခုန်ဆုံးအချိန် ---------- ချစ်သူနဲ့ ဟီးဟီး……ပြောတော့ဘူး …အော်…ပြောဘူး ။


အမုန်းဆိုတာ …. ကျနော် အရင်က ချစ်ခဲ့တဲ့ ကောင်မလေးကိုပြန်မေးကြည့်လိုက်အုံးမယ် ။


အချစ်ဆိုတာ … အလွမ်းတွေပါ ကျနော်ကတော့ဒီလိုပဲထင်တယ် ပြီတော် ရင်ခုန်သံ
တွေအရက်သောက်ခိုင်းတယ် ဘယ်အခါမှာလဲဆိုတော့ ချစ်သူကြောင့်ခံစားရရင်ပေါ့

သံယောဇဉ်ဆိုတာ
....... အချစ်ထပ်ပိုလေးနက်ပါတယ်လို့တော့ကျွန်တော်ထင်တယ် ဒါပေမဲ့ကျွန်တော်ကတော့ သံယောဇဉ်တွေကို ကြမ်းခင်းပြီ အလွမ်းတွေကို ငယ်ထိပ်ပေါ်တင်
ပြီ ကိုးကွယ်ထားရပါတယ် ..


ဒါလောက်ပါပဲဒီစာကိုရေးရချင်မှာ ကျွန်တော့ရဲ့ လက်ဦးဆရာ ကိုရုပ်ဆိုးရဲ့ ခိုင်းစေချက်
ကြောင့်ပါဟဲဟဲ ….. ကျွန်တော်ပြောတယ်လို့မပြောနဲ့နော် …:):):)
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...