Thursday, October 2, 2008

မင်းသိဖို့တော့

ငါခံစားနေရတာ နင်သိပါ့မလား

ငါကြေကွဲနေရတာရော နင်မြင်နိုင်ပါ့မလား

ဝမ်းနည်းစွာ တမ်းတရင်

လွမ်းမိတဲ့ ရက်တွေက

ငါ့ကို လှောင်ပြောင်နေသလိုပဲ

ငါ့အနားမှာ မင်းမှမရှိတာ

ကြေကွဲနေရတာ အဆန်းလား

တကယ်ဆို မင်းသိဖို့တော့ကောင်းပါတယ်

ငါလွမ်းရကျိုးနပ်အောင်လို့လေ ...

Wednesday, October 1, 2008

အဖြူရောင် ... သူငယ်ချင်း

ငါကချစ်ရတဲ့သူပါ

နင်ကချစ်သူရှိတဲ့သူပါ

နင်နဲ့ငါတွေ့တဲ့အခါ

နင်ကတော့ အဖြူရောင်သက်သက်ပြုံးပြခဲ့တယ် ။

ငါကတော့ ရင်ခုန်သံတစ်ဝက်တစ်ပြက်နဲ့

တကယ်တော့ ငါမှားတယ်ဟာ

နင်နဲ့ငါက .. .. ..

အဖြူရောင် .. .. .. သူငယ်ချင်းတွေပါ ။
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...