Saturday, December 6, 2008

ဒီဇင်ဘာညရဲ့ အလွမ်းတို့အကြောင်း

မနှစ်က .. ဒီအချိန်
ငါ့အနားမှာ မင်းမရှိဘူးလေ
ဒီနှစ် .. ဒီအချိန်
ဒီဇင်ဘာဆောင်းတစ်ညမှာရော
ငါ့အနားမှာမင်းရှိသလား . . . ။
မင်းမရှိပါဘူး . . ဘယ်တော့များမှ
ငါ့ရင်ခွင်ထဲ မင်းလျှောက်လှမ်းလာမှာလဲ
မျှော်လင့်ချက်တွေနဲ့ အိပ်စက်ခဲ့တဲ့ညတွေကများလို့
ခြောက်ကပ်စွာ တမ်းတရင်း
အလွမ်းတွေက ခါးသက်
ညတွေမှာ အလွမ်းတွေကထပ်လို့
ရင်ခွင်တစ်ခုလုံး နှင်းနဲ့အတူဖုံးလွှမ်း
Christmas ညတွေနဲ့အတူ
မင်းကိုလွမ်းနေရတာ အချိန်တိုင်းဖြစ်နေလို့
ငါ...ဒီပျော်ရွှင်စရာ ဒီဇင်ဘာညတွေကို
ဆုံးရှုံးရတာ မင်းကိုချစ်ပြီးကတည်းကပေါ့ ...
စိတ်ညစ်တာတစ်ခုက ငါဘာကြောင့်
သူ့ကိုအဲ့ဒီလောက်ချစ်နေရတာလဲ
သူ့ကြောင့်ရင်ခုန်မှုတွေ ဘာလို့မရပ်တန့်သေးတာလဲ
ငါလွမ်းရတာ ပင်ပန်းလှပါပြီချစ်သူရယ် ... ။

Tuesday, December 2, 2008

ချစ်တာကို . . .ထားခဲ့မှာကြောက်တာပေါ့...အဲ့ဒီတော့

မင်း . . . ငါ့ရှေ့က
လှည့်ထွက်ဖို့ ဖြေလှမ်းပြင်ခိုက်
အသဲနစ်အောင် စူးရှပါသည်
ဘာမှန်းမသိ အမည်ဖေါ်မရ
ဝေဒနာတခု ဖြတ်သန်းစီးဆင်း
ဓါးထက်ထက်တစ်လက် အသဲကိုထိုးစိုက်ထားသလိုပဲ
ငါဘယ်လိုနေရမှာလဲ . . .
ငါ့ကို နုတ်ဆက်ခဲ့ပါတဲ့ဆိုတဲ့
စကားတစ်ခွန်းတောင် မင်းပြောဖို့
ဝန်လေနေပြီပေါ့ . . .။
အမှန်တရားကို မျက်ကွယ်ပြုပြီး
မင်းရဲ့ အလှတရားကို
လူတကာရှေ့ခင်းပြဖို့
အသဲရောင်းစားနေတဲ့ ဈေးသည်လား
ငါမင်းဆီမှာ
ချစ်ခွင့်ပန်စဉ်က ငါဈေးမစစ်ခဲ့ပါဘူး
မင်းသုံး မင်းဖြုန်းသမျှကို
အမေဆီတောင် ပိုက်ဆံမအပ်ပဲ
ငါရတဲ့လစာကုန်အောင် မင်းကိုပြုစုခဲ့တာပါ
ငါ့အချစ်က မချိုမြိန်ဘူးပြောရအောင်
မင်းငါနဲ့ပတ်သက်ပြီး ရင်ခုန်ဖူးလို့လား
ငါကတော့မင်းနဲ့ပတ်သက်ပြီး ရင်ခုန်လိုက်ရတာ
ငါ့ဘ၀ဆုတ်ပြက်သွားတဲ့အထိပဲ
အခုတော့ မင်းက
ငါ့ကိုရောင်းပန်မလှလို့ဆိုပြီ
စွန့်ပစ်ချင်သေးတယ်ပေါ့
ဒါနဲ့များချစ်သူရယ် .. ..
အရင်တုန်းက ငါဟာမင်းကို
ချစ်ပါတယ်ပြောတုန်းက ဘာလို့အဖြေပေးခဲ့တာလဲ
အဲ့ဒီတုန်းက ငါဟာရင်ခုန်ဖို့ကောင်းလို့လား
အခုမင်းစိတ်ဝင်စားအောင် ငါဘယ်လိုထပ်ကြိုးစားရမလဲ
ပြောပါချစ်သူ ... ... ။
ဒီအတိုင်းကြီးတော့ နုတ်ဆက်မသွားပါနဲ့
ဒီအတိုင်းထားခဲ့မယ်ဆိုလဲ မင်းလက်နှစ်ဖက်နဲ့
ဓါးတစ်လက်ကိုင်ပြီး ရင်ဝကို
အသေသာထိုးနှက်ခဲ့ပါတော့
ငါ့ဘ၀မှာ မင်းမရှိရင်

အသက်ရှင်နေလဲမထူးတော့ဘူးလေ . . .။
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...