ရှုပ်ရှက်ခက်အတွေးတွေကို စုပုံ
လိုချင်တာတွေ ပုံချပြီး
မျှော်လင့်ချက်တွေ ချစီကာ
ငါသီကုံးလိုက်တော့ . . .
ဘ၀ကလှပလိုက်တာ
အပြုံးပွင့်တွေ ကာရံထားတဲ့
လောကစာမျက်နှာတစ်ဖက်ချင်းစီကို
ငါအသာခိုးလှမ်းကြည့်မိတယ် . . .
ရင်ခုန်သံတွေက နွေးထွေး
ပြီးပြည့်စုံနေလိုက်တာ
ခါးသက်မှုတွေ ရီဝေစွာတွေးတတ်တဲ့
ငါ့အတွေးတွေ ခဏတာကျပျောက်ခဲ့တယ်
ချစ်သူရယ် . . .
အချစ်ထက်အရေးပါတဲ့အရာ လောကမှာ
မရှိဘူးလို့ ငါအထင်မှားခဲ့မိတယ်
အမှန်တကယ်တော့ ငါရင်ခုန်ချင်ပါတယ်
ချစ်သူ.. . .
ရင်ခုန်သံတွေကြာရှည်မခံမှာ ကြောက်တဲ့အတွက်
ငါ့ကိုငါ ဖြေကာသိပ်ကြိတ်ကာဆွေးနေရတာပါ
ထမင်းရည်ပူအတူလျှက်ရချည်းရဲ့လို့
စကားဆိုတွေရှိနေသောလည်း
မင်းကို ငါ့ဘ၀နွံ့ဗွက်ထဲ ဆွဲမနစ်ရက်ပါဘူးချစ်သူ
ငါတို့နှစ်ယောက်ရဲ့ ချိုမြိန်တဲ့အချစ်တွေ
လောကဓံတရားနဲ့အတွေ့မှာ
မင်း ... ... ငါ့ကိုထားသွားမှာ ငါဆိုးရိမ်တယ်ချစ်သူ
ဖြစ်နိုင်ရင် ချစ်သူရယ်
ငါလေ . . . အခုအမြန်ဆုံးပြေးထွက်လို့
မင်းဆီအရောက်လှမ်းလာချင်ပါရဲ့
ပြီးတော် မင်းလက်ကိုဆွဲပြီး
ကမ္ဘာ့အပြင်ဘက် ခုန်ထွက်ချင်ပါရဲ့
လူတွေနဲ့ဝေးတဲ့နေရာ တစ်နေရာအရောက်မှာ
ငါအသံကုန်ဟစ်အော်လို့ မင်းကိုအရမ်းချစ်ပါတယ်ဆိုတဲ့အကြောင်း
စာတသံပေတသံနောလို့ ဟစ်ကြွေးချင်လိုက်တာ ချစ်သူရယ်
ဒီလိုနဲ့ ငါဘ၀လည်းစဉ်းစားရင်နဲ့
အိပ်မောကျခဲ့ရတဲ့နေ့တွေ
မင်းနဲ့ဆုံနိုးနိုးဆိုပြီး ထိုင်စောင့်ခဲ့ရတဲ့
ပြက္ခဒိန်စာမျက်နှာတွေ တွန့်ကာကြေကာ
ကုန်ဆုံးသွားပင်မဲ့ တွေ့ဆုံမှုဆိုတာဘယ်ဆီနေမှန်းမသိသေးတဲ့
နေ့စွဲအပိုင်းအစတွေဟာ လက်ချိုးရီလို့တောင်
မပြည့်နိုင်တော့ပါလား . . .
ကံကြမ္မာကိုပဲ အပြစ်တင်ရမလိုလို
ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလိုလိုနဲ့
အချိန်တွေသာကုန်သွားတယ်
ငါအခုထိ ဘာကိုမှမဆုတ်ကိုင်မိသေးဘူးချစ်သူရယ် .. ..
ဆုတ်ကိုင်မိတာတစ်ခုတော့ရှိတယ်
အဲ့ဒါဘာလဲဆိုတော့အလွမ်းတွေပေါ့
သုံးစားမရတဲ့ဒီအလွမ်းတွေကိုခင်တွယ်ရင်း
ငါ့ကိုငါတောင်အသက်ဆက်ရှင်ဖို့အားယူနေရတယ်
မင်းမသိတဲ့ငါ့ရင်ထဲကအကြောင်းတရားတွေကို
တခါတလေ . . . ငါလေမင်းရှေ့မှာ
ပုံချပြလိုက်ချင်တယ်ချစ်သူ . . .
ဘယ်လောက်ထိချစ်ပါတယ် . . .
မည်သို့မည်ပုံလွမ်းပါတယ်ဆိုတဲ့အကြောင်းတွေနဲ့
ခိုင်းနှိုင်းပြီး ငါ့အချစ်တွေကို
ရင်ဖွင့်ပြီးစင်မြင့်တင်ချင်တယ်ဟာ . . .
ကြာပါတယ်ဟာ . . . အခုပဲစလိုက်ကြစို့
ဆိုပြီး ကဗျာတစ်ပုဒ်မဟုတ်တဲ့
စာကြောရှည်ကိုအဆုံးသတ်လိုက်ပြီး
ချစ်သူရှိရာသို့အတွေးတွေနဲ့ မျောလွင့်မိပါတော့တယ် ။
Friday, January 16, 2009
Sunday, January 11, 2009
ချစ်သူရယ် . . .

မနေ့က ချစ်သူနဲ့
ဖုန်းပြောရလို့ ပျော်မိပင်မဲ့
ခဏတာပါပဲ ငါတို့နှစ်ယောက်ရဲ့
မညီမျှခြင်းတွေကို နင်မှန်ပါတယ်
ငါမှန်ပါတယ်နဲ့ ချိန်ခွင်ထက်ပေါ်
စကားနိုင်လုရင်း အချိန်တွေကိုအသာပေးခဲ့ရတယ်
အမှန်တော့ နင်လဲအရှုံးငါလဲအရှုံးပေါ့ . . . ။
ဖုန်းမပြောခင် မင်းဆီကဖုန်းလာနိုးနိုး
ငါပဲဖုန်းဆက်ရကောင်းနိုးနိးနဲ့
ခြေတုန်ချတုန် စိတ်ဗျာပါ
ရောက်ရက်ခက်ခဲ့တာလဲများပါပြီချစ်သူ
အခုတော့ ငါဆန္ဒလေးပြည့်မလိုလို
ငါ့စကားတွေ နိဒါန်းပျိုးတုန်း
ရင်ခုန်မလို့လုပ်တုန်းမှာ
မင်းခပ်ယဲ့ယဲ့လေသံတွေနဲ့
ငါ့ဘ၀ကိုလှောင်ပြောင်ခဲ့တယ် . . .
ဒါကြောင့် ငါ့ပျော်ရွှင်ရမဲ့အချိန်အပိုင်းအဆတချို့
မင်းလေသံအောက်မှာ ကျပျောက်ခဲ့တယ်ချစ်သူ . . . ။
ငါ .. .. မင်းနဲ့စကားနိုင်လုပြောဖို့
မရည်ရွယ်ပါဘူးချစ်သူ ....
မင်းနဲ့ဘယ်လောက်ပဲစကားနိုင်လုလု
အချိန်တန်ရင် ငါပဲအရှုံးပေးခဲ့ရတာပါချစ်သူ
မင်းနဲ့ပတ်သက်ရင် ဘယ်တော့များမှ
အရှုံးထဲက အမြတ်မထွက်တဲ့
ငါလိုလူသားကို ဘာကြောင့်
စကားလုံးလှလှတွေသုံးပြီး
အမြတ်ထုတ်ချင်ရတာလဲချစ်သူရယ် ... ။
ကျေးဇူးပြုပြီးလူချင်းတွေ့ ဖုန်းပြောတဲ့အခါ
ငါ့ဘက်ကိုငဲ့ကွက်တစ်ကွက်လောက်ဖြစ်ဖြစ်
လှည့်ကြည့်သင့်ပါတယ် ချစ်သူ . . .
မင်းနဲ့တွေ့တိုင်း ပွန်းပဲ့ခဲ့တဲ့
နှလုံးသားက တခါတရံတော့
သက်သာရာရချင်ပါရဲ့တဲ့
သနားလိုက်ပါချစ်သူရယ် . . .
နင်ဆိုတဲ့အသိတစ်လုံးနဲ့
အသက်ရှင်ရပ်တည်နေရတဲ့
ငါနှလုံးသားပါ ...... ။
မယုံလို့ Lesson ပေးမယ်တော့မကြံလိုက်ပါနဲ့
မင်းနဲ့ပတ်သက်ပြီး သင်ရိုးတန်းအကုန်ကြေပြီးမှ
မင်းရင်ခွင်ထဲ ငါချစ်တယ်ဆိုတဲ့
ဝါကျတစ်ကြောင်းဖွင့်ဟခဲ့တာပါ . . . ။
Subscribe to:
Posts (Atom)