နုတ်ဆက်ဖို့ ငါ့ဘက်က
ဝန်မလေးပင်မဲ့ …
ပြောထွက်ဖို့ ဆွံ့အနေခဲ့တာက
ပါးစပ်ဖျားက မဟုတ်ပါဘူးချစ်သူ
မင်းထားခဲ့မှာ ကြောက်ရွံ့နေယုံသက်သက်နဲ့
ငါအသဲနစ်အောင် ချစ်ပါတယ်ဆိုတဲ့
စကားတစ်ခွန်းက အသုံးဝင်ဖို့
ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး
မင်းအကြောင်းတွေ အမြဲတမ်းတွေးနေတဲ့
စိတ်တစ်ခုကို အလိုလိုက်မိလို့
ငါအလွမ်းဆိုတဲ့ ဝေဒနာတစ်ရပ်
ရင်ထဲမှာ ပူတိပူဆာနဲ့
မသိမသာ စွဲကပ်နေတာပါ ….
အလွမ်းတွေ ခင်းထားတဲ့
လမ်းမထက်ပေါ် နင်ရယ်ငါရယ်
လှည့်မကြည့်စတမ်းကြေး လျောက်ခဲ့ကြတာမဟုတ်ပါဘူး
ဘယ်လောက်ပဲဝေးနေဝေးနေ
ငါတို့ရဲ့ နီးစပ်နေတဲ့
ရင်ခုန်သံတွေကိုတော့ နင်ဦးပေက္ခာပြုမထားပါနဲ့
နင်ဆိုတဲ့ ကောင်မလေးဓါတ်ပုံ
နင်ဆိုတဲ့ အရေးအသားစာခေါက်လေးတွေ
ငါ့ဘေးနားမှာ ကာရံတွေတညီတညာနဲ့
မရေမရာနှစ်သိပ်ရင်း အိမ်မက်တွေအိပ်ဆေးခက်
ညတွေကို မလွမ်းမိအောင်ကြိုးစားရင်း
နင်ဆိုတဲ့ ချစ်သူကို
နုတ်ဆက်လမ်းခွဲဖို့ ငါကြိုစားနေတယ်ချစ်သူ …….
Tuesday, February 17, 2009
Tuesday, January 20, 2009
ငါသ၀န်တိုတာမဟုတ်ဘူး

မင်းအလှတွေရဲ့ နောက်မှာ
ငါတိတ်တစိတ် ခိုလုံနေတုန်း
ဘယ်အချိန်များ မင်းဆီ
အသစ်တစ်ယောက်ဝင်လာလေမလား
ချောင်းကြည့်ခဲ့ရတဲ့ စကားလုံးတွေကြောင့်
မင်းနဲ့ငါနဲ့ ခဏခဏစကားတွေခလုတ်တိုက်ခဲ့ရတယ်
ငါသ၀န်တိုတာ နင့်ကိုချစ်လို့ပါလို့ပြောတော့
စိတ်မချတဲ့ လေသံနဲ့
ငါသိက္ခာကို စော်ကားတာလားလို့
ဆွတ်စွဲခံရသေးတယ် ....
အချိန်တန်တော့ ငါ့မှားပါတယ်ဝန်ခံပြီး
မင်းနောက်မှာ လှည့်ပုန်းမယ်ကြံတော့
အရွဲ့တိုက်တာလားတဲ့
ထပ်တူမညီတဲ့ ရင်ခုန်သံကို
ငါညှိယူဖို့ ကြိုးစားပြန်တော့
မင်းက ငါ့ထပ်စာတက်ပြီး
ဆရာမလုပ်နဲ့တဲ့ . . .
ငါဘယ်လိုလုပ်ရမှာလဲ မင်းရဲ့ဘယ်နေရာကနေ
နေရာယူပြီး ငါမကျေနပ်တာတွေချပြရမှာလဲ
မင်းကိုပဲ လစ်လျူရှု့ထားရမှာလား
ငါ့ဆိုးရိမ်စိတ်တွေကိုပဲ ဥပေက္ခာပြုထားရမှာလား
ငါ့ရင်ခုန်သံကိုခဏမေ့ထားရမှာလား
ငါဘယ်လိုပုံစံမျိုးနဲ့ မင်းချစ်သူတစ်ယောက်အနေနဲ့
ရပ်တည်ရမှာလဲ ...
ငါ့စကားတွေ အခုမင်းအပေါ်မှာ
နယ်ကျွန်ခဲ့ရင်လဲ ခွင့်လွှတ်ပါဟာ
သက်ပျင်းချခဲ့ရပေါင်း မနည်းတဲ့
ငါ့ရင်ခုန်သံကို သနားလို့ပါ ...
အား........ရှင်းရှင်းပဲပြောမယ်ချစ်သူ
မင်းကိုငါချစ်တယ် ...
အဲ့ဒီတော့ မင်းနောက်ကပဲ
မင်းလုပ်သမျှအသာချောင်းကြည့်
မင်းပျော်မယ်ဆိုရင်ပေါ့ ...
ငါဟာ တိတ်တခိုးနဲ့အရံလူအဖြစ်
နေပေးရလဲ ရပါတယ်ချစ်သူ
အချိန်မရွေး မင်းအတွက်
စတေးဖို့ အစဉ်သင့်ဖြစ်နေတဲ့
ငါ့ရင်ခုန်မှု အသက်နယ်ပယ်ထဲမှာ
မင်းနံမည်လေး ညည်းထွားနေရရင်တောင်
အသက်ဆက်ရှင်နေလို့ ရသူပါ
ငါချစ်တာတွေက အဲ့ဒီသ၀န်တိုတာနဲ့ယှဉ်ရင်
မပြောပလောက်ပါဘူးချစ်သူ . . . ။
Subscribe to:
Posts (Atom)