Sunday, March 15, 2009

တွေ့ချင်လွန်းလို့ပါ


အတွေးလေးမတောက်တခေါက်
ကြယ်ရောင်လေး မလောက်တလောက်နဲ့
လမင်းကို အဖော်ခေါ်ပြီး
ညဥ့်မနက်တဲ့ သန်းခေါင်ယံထက်မှာ
ငါလေ အရမ်းအရမ်းကို
လွမ်းမိပါသောကြောင့်
တိတ်တခိုးနဲ့ ခြေလှမ်းတိုးတိုးကိုအားပြု
မင်းတို့ခြံထဲ ခွေးဝင်ပေါက်ကတဆင့်
လေးဖက်ထောက်ပြီး ၀င်ခဲ့ရတယ်ချစ်သူ
တွေ့ချင်စိတ် တခုတည်းနဲ့
ခံဝင်ကတိထိုးရမယ်ဆိုလည်း
ဖြစ်ပါတယ် ချစ်သူ
စဉ်းစားတိုင် ဖြစ်မလာပဲ
မင်းအဖေလက်ဆွဲတော် ငှက်ကြီးတောင်ရယ် ...
လောက်လေးဂွရယ်တော့
မဖြစ်ပါစေနဲ့ ဆုတောင်းရင်း
မှောင်မှောင်မဲမဲခြံထဲကို ရောက်ခဲ့တယ်
ဝင်ပေါက်ကိုအသာမှတ်ရင်း
ပြေးပေါက်ကိုကြိုရှာနေမိတယ်
ချစ်တဲ့စိတ်တခုနဲ့ သူများအိမ်တက်တဲ့အထဲမှာ
မောင်တော့မပါတာမို့ အထင်တော့မလွဲလိုက်ပါနဲ့ချစ်သူ
မင်းကိုတွေ့မြင်ရရင်ဖြစ် မောင်လှည့်ကာပြန်ဖို့
စိတ်ထဲမှာလဲ ကတိရယ်ပေးထားတာကြောင့်
ချစ်သူရယ် တမျိုးတွေးကာမထင်လိုက်ပါနဲ့
ဖျောက်...... ဟာ......... အရေးထဲ
အားကိုးလာရတဲ့ ခြေတော်ညီနောင်ရယ်
သစ်ခြောက်တွေကို ရှောင်ကာသာနင်းပါတော့
ဖူးးးးး .... ရင်တွေပန်တွေကတုန်
တဖြေးဖြေးနဲ့ မင်းပြတင်းနားဆီ
ရောက်ကာသာ လာခဲ့ပြီပေါ့
ချစ်သူကညာရယ် ထကာသာတွေ့လှည့်ပါတော့
ဒေါက်ဒေါက်........ ဒေါက်ဒေါက်
ဘယ်သူလဲ........ သူခိုးဗျို့ ...... သူခိုး
ဗျာ..... အာ........မှားပြီ
လစ်မှ .... အပေါက်အပေါက်
ပျောက်နေပြီ လမင်းဘယ်ရောက်နေလဲ
ပြောပြောနဲ့ မော့ကြည့်မိတော့
သူ့ခမျာ တိမ်တွေအောက်ရောက်နေတယ်....
အမယ်လေးကံကြမ္မာရယ် ဆိုးရွားလိုက်တာ
ရက်ရာဇာ ဒီလောက်ရွေးပြီးမှ
လာတာတောင် ကံဇာတာရယ်ညံ့ဖျင်းပုံက
နက်ရှိုင်းလိုက်ပါပိ ...... ကိုယ့်ကိုကိုယ်အပြစ်တင်ပြီ
ခြံပြင်ရောက်တော့ သုတ်ခြေတင်ကာ
အိမ်ပြန်ရောက်တော့ အလွမ်းကိုအမောနဲ့ရောကာ
ရေတခွက်နဲ့ မျှောချလိုက်ရပါတော့တယ်........
.......... သူငယ်ချင်းတို့ရေ...........

Tuesday, February 17, 2009

နုတ်ဆက်ဖို့ပြင်ဆင်နေသူ

နုတ်ဆက်ဖို့ ငါ့ဘက်က
ဝန်မလေးပင်မဲ့ …
ပြောထွက်ဖို့ ဆွံ့အနေခဲ့တာက
ပါးစပ်ဖျားက မဟုတ်ပါဘူးချစ်သူ
မင်းထားခဲ့မှာ ကြောက်ရွံ့နေယုံသက်သက်နဲ့
ငါအသဲနစ်အောင် ချစ်ပါတယ်ဆိုတဲ့
စကားတစ်ခွန်းက အသုံးဝင်ဖို့
ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး
မင်းအကြောင်းတွေ အမြဲတမ်းတွေးနေတဲ့
စိတ်တစ်ခုကို အလိုလိုက်မိလို့
ငါအလွမ်းဆိုတဲ့ ဝေဒနာတစ်ရပ်
ရင်ထဲမှာ ပူတိပူဆာနဲ့
မသိမသာ စွဲကပ်နေတာပါ ….
အလွမ်းတွေ ခင်းထားတဲ့
လမ်းမထက်ပေါ် နင်ရယ်ငါရယ်
လှည့်မကြည့်စတမ်းကြေး လျောက်ခဲ့ကြတာမဟုတ်ပါဘူး
ဘယ်လောက်ပဲဝေးနေဝေးနေ
ငါတို့ရဲ့ နီးစပ်နေတဲ့
ရင်ခုန်သံတွေကိုတော့ နင်ဦးပေက္ခာပြုမထားပါနဲ့
နင်ဆိုတဲ့ ကောင်မလေးဓါတ်ပုံ
နင်ဆိုတဲ့ အရေးအသားစာခေါက်လေးတွေ
ငါ့ဘေးနားမှာ ကာရံတွေတညီတညာနဲ့
မရေမရာနှစ်သိပ်ရင်း အိမ်မက်တွေအိပ်ဆေးခက်
ညတွေကို မလွမ်းမိအောင်ကြိုးစားရင်း
နင်ဆိုတဲ့ ချစ်သူကို
နုတ်ဆက်လမ်းခွဲဖို့ ငါကြိုစားနေတယ်ချစ်သူ …….
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...