- ရောဂါလက္ခဏာ တစ်ခုခုဖြစ်လာပါက ကျန်းမားရေးဌာနသို့ သွားရောက်ကာ ရောဂါပိုးရှိ။ မရှိ
စစ်ဆေးပြီး စနစ်တကျ ကုသမှုခံပါ။
ကုသမှုခံယူခြင်းသည် အခြားသူများသို့ ကူးစက်စေခြင်းမှ
အကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။
တီဘီရောဂါသည် ကုသ၍ ပျောက်ကင်းသောရောဂါဖြစ်သည် ။
ကျန်းမားရေးဌာနများက တိုက်ရိုက်ကြည့်ရှုအချိန်တိုကုထုံး
(DOTS) နည်းဗျူဟာဖြင့်
ပျောက်ကင်းသည်အထိ အခမဲ့ ကုသပေးလျက်ရှိပါသည် ။
ကျွန်တော်TB ရောဂါစဖြစ်ခဲ့ပုံ အကြံပေးလွှာကျွန်တော်ဟာ TB ရောဂါဝေဒနာရှင် တစ်ယောက်ပါလို့ ပထမဦးဆုံးပြောပြချင်ပါတယ်။ ကျွန်တော်
TB ကိုဘယ်ကနေစဖြင့်ခဲ့တာလဲ ကျွန်တော့်ကိုကျွန်တော်တောင် အခုထိမေးခွန်းတွေ ထုတ်နေရဆဲပါပဲ
အမှန်တကယ်လည်း ကျွန်တော်ကိုတိုင် မသိလိုက်ပဲ TB ရောဂါသည်ဖြင့်ခဲ့ရပါတယ် ။ ကျွန်တော်မှတ်
မိတာကတော့ နေ့တစ်နေ့ HAPPY NEW – DECEMBER 31 နေ့ပေါ့ ။ အဲ့ဒီနေ့ကကျွန်တော်တို့
OFFICE မှာ PARTY လုပ်တယ်လေ မနက်မိုးလင်းကတည်းက ချက်ပြုတ်ပြီး ရုံးသူရုံးသားတွေ စားကြ
သောက်လိုက်ကြတာ ညပင်မရောက်သေးဘူးတော်တော်လေးကို ခရီးရောက်နေကြပါပြီ ပထမတော့
ကျွန်တော် မသောက်ပါဘူး။ အမှန်ပြောရရင် ကျွန်တော်အရက်မသောက်တက်ပါဘူး BEER တောင်
တစ်ခါတလေသူငယ်ချင်းတွေနဲ့ ဆုံဖြစ်မှ တခွက်တလေလောက်ပဲသောက်ဖြစ်တာပါ အခုတော့ ကျွန်
တော် BEER တစ်ခွက်သူငယ်ချင်းတစ်ယောက်အတင်းလာတိုက်တာနဲ့ သောက်ဖြစ်လိုက်ပါတယ် ..
အဲ့ဒီကနေသောက်ရင်းသောက်ရင်နဲ့ BEER ကုန်သွားပါတယ် ကျွန်တော်လည်းစုစုပေါင်းလေးခွက်
လောက်သောက်မိသွားတယ် ။ နောက်BEER ကနေအရက်တစ်ခွက်သောက်ဖြစ်သွားပါတယ်။ ကျွန်
တော်အခုသောက်တာ သိပ်မများသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ခေါင်းထဲမှာ မူးနောက်နောက်နဲ့ပါ
အခုမှ ကျွန်တော်အရက်မူးတဲ့အရသာကိုခံဖူးတာပါ။ ဒါနဲ့ကျွန်တော်အခန်းထဲကို ၀င်အိပ်လိုက်ပါတယ်။
တရေးနိုးတော့ အရမ်းကို အန်ချင်လာတယ် အဲ့ဒါနဲ့အန်လိုက်ရတာ လူကိုသေမတက်ကိုခံစားရတာ
တခါမှမဖြစ်ဘူးတော့လေ ။ နောက်နေ့မနက်မိုးလင်းတော့ ကျွန်တော်နေလို့သိပ်မကောင်းသလိုခံစား
ရပါတယ်။ သူငယ်ချင်းတွေက ပြောတယ်လေ မင်းအဲ့ဒါအရက်နာကျတာတဲ့ နောက်ထပ်တစ်ခွက်
ဒဏ်ပြန်လိုက်တဲ့ ကျွန်တော်မသောက်ပါဘူး ။ အဲ့လိုနဲ့နောက်ရက်တွေ အထိဖျားသလိုလိုနဲ့ကိုယ်ပူ
နေပါတယ်။ နောက်ကျွန်တော်လည်း ဆေးခန်းကိုသွားပြလိုက်ပါတယ်။ ဆေးခန်းရောက်တော့ ဆရာ
ဝန်က အဆုတ်အအေးပက်တာလို့ ကျွန်တော်ကိုပြောတယ် ပြီးတော်ဆေးပါပေးလိုက်တယ် ။ အဲ့ဒီ
ကနေ နေလိုက်တာ နောက်နေ့တွေကြတော့ ချောင်းအခြောက်ဆိုးလာတယ် တဟွတ်ဟွတ်နဲ့ပေါ့
အဲ့ဒါနဲ့ ဆရာဝန်ထပ်ပြပြန်ရော ဆရာဝန်က အဆုတ်ပွသွားတာလို့ ပြောပြန်တယ်။ ကျွန်တော့်ကို
စမ်းသပ်ကြည့်တော့ အရမ်းအားနည်းနေတယ်လို့ပြောပြီး အားဆေးပုလင်းကြီး၊ အကြောဆေးတွေ
ထိုးပေးလိုက်ပြန်ပါတယ်။ ပြီးတော်စားဆေးတွေလည်းပေးလိုက်ပြန်ပါတယ် .။ အဲ့လိုနဲ့နေလာလိုက်
တာ နေမကောင်းတာ နှစ်ပတ်ကျော်လောက်ကြာသွားတယ် ။ ညဘက်ညဘက်အဖျားတွေပုံမှန်တက်
လာတယ် ။ ချောင်းဆိုးတာကလဲ တဖြေးဖြေးသလိပ်တွေပါလာတယ် ။ အဲ့ဒါနဲ့ဆေးခန်းကိုထပ်သွားပါ
တယ် ပထမသွားခဲ့တဲ့ဆရာဝန်ဆီကို မဟုတ်ပါဘူး နောက်တစ်ယောက်ပါ။ အဲ့ဒီရောက်တော့ဆရာဝန်
ကပြောပြန်ပါတယ် အဖျားက ၁၂၀ ထိဖြစ်နေတယ်တဲ့။ ချောင်းလေးကလဲတဟွတ်ဟွတ်နဲ့ဆိုတော့
အဆုတ်ပွတာလို့ ထပ်ပြောပြန်ရော။ ကျွန်တော်လည်း အဲ့ဒီဆေးတွေကို သောက်ပါတယ်။ ဒါပေမဲ့မရ
ပါဘူး တဖြေးဖြေးနဲ့ နေလာလိုက်တာ တစ်လလောက်ကြာသွားတယ်။ နောက်ပိုင်းချောင်းဆိုးတာက
ကြောတွေရင်တွေ အောင့်လာတယ်။ သလိပ်ထဲမှာ သွေးဆတွေပါလာပါတယ်။ ကျွန်တော်အထင်က
တော့ လည်ချောင်းတွေတော့ ကွဲထွက်ကုန်ပြီနဲ့တူတယ်လို့လေ။ သူငယ်ချင်းတွေက ၀ိုင်းပြောကြပါ
တယ် ကျွန်တော်ပုံစံကိုကြည့်ပြီး မင်းTBဖြစ်နေလားမသိဘူး။ ကျွန်တော်ကတော့မဖြစ်နိုင်ဘူးလို့ ငါဘာ
လို့ဖြစ်ရမှာလဲလို့ပေါ့။ နောက်သူတို့ကအတင်းတိုက်တွန်းတာနဲ့ ကျွန်တော်လဲဆေးရုံးကိုသလိပ်သွား
စစ်လိုက်ရတယ် ။ ပထမဆေးရုံကိုရောက်တော့ ကျွန်တော်လူနာစာအုပ်လုပ်ရပါတယ် နောက်သူတို့
က ကျွန်တော့်ကိုယ်အလေးချိန်ကိုပါ ချိန်ပါတယ်။ ပြီးတာနဲ့ ကျွန်တော့်ကိုဘူးတစ်ဘူးပေးပါတယ်။ ကျွန်တော်အဲ့ဒီဘူးလေးတစ်ဘူးထဲကို သလိပ်ချက်ချင်းခံကာ ပထမတစ်ကြိမ်စာရွက်နဲ့ ကောင်တာမှာ
ပေးထားခဲ့ရပါတယ်။ ကောင်တာကဆရာမကကျွန်တော့်ကို ဘူးနှစ်ဘူးထပ်ပေးလိုက်ပါတယ်။ တစ်ဘူး
ကညအိပ်ခန်းနီး ခံဖို့၊ နောက်တစ်ဘူးက မနက်နိုးနိုးချင်း သလိပ်ခံဖို့ပါ။ ကျွန်တော်လည်းသူပြောတဲ့
အတိုင်းပါပဲ သလိပ်တွေကို ကျကျနနခံပြီး နောက်နေ့မနက် ၈နာရီလောက်အရောက်သွားပို့ပါတယ်။
ကျွန်တော်ဆေးရုံးကိုသွားတာ အခုဆိုနှစ်ရက်ရှိပါပြီ။ နောက်သုံးရက်မြောက်တဲ့နေ့မှာ သလိပ်အဖြေစာ
ရွက်ကို ဓါတ်ခွဲခန်းကောင်တာမှာသွားယူပြီး စာရွက်နဲ့အတူ ဒေါက်တာကိုပြဖို့သွားရပါတယ်။ နောက်
ဓါတ်မှန်ရိုက်ကမယ်ဆိုလို့ ကျွန်တော်ဓါတ်မှန်ရိုက်လိုက်ပါတယ်။ ဓါတ်မှန်နဲ့အတူ သလိပ်အဖြေကိုဆ
ရာဝန်ကကြည့်ပြီး ကျွန်တော့်မှာ TB ရောဂါဖြစ်နေပြီလို့ပြောလာပါတယ်။ ကျွန်တော်နားကိုတောင်ကျွန်
တော်မယုံချင်ပါဘူး ။ ဒါပေမဲ့လက်သင့်ခံခဲ့ရတာပါ ။ ဆေးထုတ်ဖို့ ကျန်းမာရေးဌာနတစ်ခုကို ကျွန်
တော်လိပ်စာနဲ့အတူ ညွှန်လိုက်ပါတယ်။ အဲ့ဒါနဲ့ကျွန်တော်လည်း ကျန်းမာရေးဌာနတစ်ခုဆေးကိုထုတ်
အဲ့ဒီကဆရာမလေးပြောတဲ့အတိုင် ဒီနေ့အထိဆေးကိုပုံမှန်သောက်လာခဲ့တာပါ ။ဆေးကတော်တော်
ပြင်းပါတယ် ။ဒါကြောင့်တီဘီရောဂါသည်ဟာ အာဟာရပြည့်အောင် နေ့စဉ်စားသုံးရန် အရမ်းအရေး
ကြီးပါတယ် ။ ကျွန်တော့်ကိုTBရောဂါအကြောင်းရှင်းပြပေးခဲ့တဲ့ သူမမမိငယ်ကိုလည်း အလွန်ကျေးဇူး တင်ကြောင်းပါ ။ TB ရောဂါဆိုတာ ကြောက်ဖို့တော့မကောင်းပါဘူး ၊ ဒါပေမဲ့ ရောဂါဆိုတာမျိုးက ဖြစ်လာရင် ပျောက်အောင်ကုမှပါ မကုရင်ရောဂါရဲ့ဆိုးကျိုးတွေကို ခံစားရမှာမလွဲမသွေးပါပဲ ။ TB ရောဂါဆိုတာလည်း ထိုနည်းအတူပါပဲ ဆေးကိုမှန်မှန်မသောက်လျှင် ဆေးပတ်မလည်ပဲ ရောဂါပိုးကို ထိရောက်စွာ မကုသနိုင်ပဲ ရောဂါဒဏ်ကို ပြန်ခံရမှာ ဖြစ်ပါတယ်။ TB ဆေးဟာအလွန်ပြင်းပါတယ် ဒါကြောင့် ဆေးစားပြီး (၃) ပတ်အကြာမှာ ရောဂါပျောက်သလိုလိုဖြစ်သွားပါမယ် ပုံမှန်ချောင်းဆိုးနေတာ အဖျားမကြာမကြာတက်နေတာမျိုးမရှိတော့ပါဘူး ။ ပုံမှန်လူကောင်းလိုမျိုး ပြန်ဖြစ်သွားလေ့ရှိပါတယ် ။ ဒါပေမဲ့ကောင်းပြီးဆိုပြီး ဆေးကိုမဖြတ်ပစ်လိုက်ပါနှင့် ဆေးစသောက်ပြီးဆိုတာနဲ့ဆေးသောက်ကမဲ့ ကာလသတ်မှတ်ထားသည်တိုင်ပြည့်အောင်သောက်ရမည် သာဖြစ်ပါတယ် ။ ဆေးသောက်ချိန်လည်းမှန်ရပါ့မယ် ။ အကောင်းဆုံးကတော့ ဆရာဝန် ( ကျမ်းမာရေးဌာန ) ကညွှန်ပြသည့်အတိုင်း သောက်ရမည်သာဖြစ်ပါတယ်။
ကျွန်တော်ဒီစာကိုရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ TB ဆိုတဲ့ကူးစက်လွယ်တဲ့ရောဂါ
တစ်ခုအကြောင်းကို ကျွန်တော့်ဆီကို အလည်လာတဲ့ သူငယ်ချင်းတွေ တစိတ်တဒေသ သိရှိရအောင်
ကျွန်တော်တင်ပြလိုက်ခြင်းဖြစ်ပါတယ် ။ အလည်လာပြီးစာဖတ်ပေးတဲ့သူငယ်ချင်းတွေကို အထူးကျေးဇူးတင်
ကြောင်းထပ်မံပြောကြားအပ်ပါသည်။
မှတ်ချက်။ ။ အပေါ်မှပုံနှင့် စာများသည် တီဘီရောဂါအကြောင်းသိကောင်းစရာစာအုပ်မှ ကောက်နုတ် တင်ပြသည် ။