Friday, August 19, 2016

ငါ့အနားပြန်လာခဲ့ပါ

တခါတရံမှာ     အမည်ဖော်မရတဲ့
ခံစားမှုတွေက   ရင်းနှီးနေပေမဲ့
သက်မဲ့နေခဲ့တယ်.....

အရာရာမပြောင်းလဲပဲ   ရှိနေတာက
ရင်ဘက်ထဲက    နင့်ကိုချစ်တဲ့စိတ်လေ

တစ်ကြိမ်တခါလောက်ပဲ   ငါ့ကို
အခွင့်အရေးလေးပေးပါ
အကြိမ်တစ်ရာမက    ပြုပြင်နေပြီဆိုတာပြချင်တယ်

နင်ပြောခဲ့သလို  ငါမနေခဲ့ဖူး
မိုက်မဲမှုတွေ   တရစပ်နဲ့
ဘဝကို   ဖြစ်သလိုတည်ဆောက်ခဲ့တယ်

ငါတကယ်မှားသွားပြီ
 နောင်တတွေ   ငါမလိုချင်ဘူး
ငါလိုချင်တာ      နင်ပဲမို့
ငါ့အနားပြန်လာခဲ့ပါလားဟာ...

Friday, May 9, 2014

မင်းကိုငါမသိ အသဲညှိတခဏအကြည့်


ရုတ်တရပ်မြင်လို့ ချစ်မယ်ဟန်ပြင်
တိမ်ပင်မဆင် ရွာချလိုက်တဲ့မိုးရယ်
ကြည့်လို့ပင်မ၀ မိုးကရက်စက်
ဒီကံကြမ္မာ ဒီသံသရာ
င်္ဒီအချိန်က မြန်လိုက်ပါဘိ
မျက်နှာဝိုင်းနှင့် အကြည့်ကအေးစက်
မပွင့်တစ်ပွင့်ပြုံးတဲ့ မိန်းခလေးတစ်ယောက်ကို
ငါ့ရှေ့က ရုတ်သိမ်း
အချိန်ဒီရေလှိုင်းက ကလာကာချလို့
မျက်လွှာချပြီး ငါရှေ့ကထွက်သွားတဲ့
မိန်းခလေးရယ် ------------
မင်းလည်းမိုးပဲ ငါ့ရဲ့အသဲနှလုံးအိမ်ကို
မင်းအကြည့်တွေနဲ့ ထိုးဖောက်မွှေနှောက်
နှောင်းတွေဖွဲ့လို့  ရစ်ပတ်ချည်နှောင်းပြီးမှ
နုတ်ပင်မဆက် ထွက်သွားရက်တယ်
ကျွန်တော်မသိသော် .... အလှပိုင်ရှင်ရယ်

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...