ဒီနေ့ သူငယ်ချင်းတွေနဲ့
ဘီယာဆိုင်မှာ ချိန်းထားတယ်
အိတ်ထဲမှာက ပိုက်ဆံတချို့
ပြားကပ်ကပ်နဲ့ ကျန်တော့ကျန်သေးတယ်
လစာထုတ်လိုက်တာလဲ အကြွေးဆပ်လိုက်တာနဲ့
မလောက်ဘူး ..........။
ခက်တာပဲ သုံးလို့ကိုမလောက်နိုင်တဲ့
ဒီပိုက်ဆံတွေကို ကြည့်ပြီ
သက်ပြင်းချခဲ့ရတဲ့ နေ့တွေလဲမနည်းပါဘူး
အရေးထဲ ကောင်မလေးအတွက်
ရင်းနှီးနေရတဲ့ စီးပွားရေးကလဲ
အမြတ်မထွက်သေးဘူး ......။
ငွေတွေကော အချစ်တွေကော
အချိန်တွေရောကိုပါ မြုပ်နှံထားရတာ
လွယ်တော့မလွယ်ဘူး .......။
အခုလဲကြည့် အိတ်ထဲမှာက
ထောင်တန်တချို့ ထောင့်ကပ်နေတယ်
သူငယ်ချင်းတွေဆီမသွားပဲ နေလိုက်ရင်လဲ
ငါ့ကိုအပြစ်တင်ကြအုံးမယ် .....။
ဘီယာတော့မသောက်ချင်ပါဘူး
မပြင်းလို့ အရက်ပဲသောက်ချင်တယ်
BE ဖြစ်ဖြစ်ပေါ့ ...
အဲ့ဒီကိစ္စ ချစ်သူသိလို့လဲမဖြစ်သေးဘူး
မရှိမဲ့ ရှိမဲ့
ဒီတစ်ယောက်လေး ရှားရှားပါးပါးရှိပါရဲ့
သူငယ်ချင်းတွေကိုပဲ ကြည့်ပြောရမှာပဲ
တော်ပြီကွာ မသွားတော့ဘူးဘီယာဆိုင်ကို
ရင်ခုန်သံတစ်ချက်နဲ့ ဘီယာတစ်ခွက်မလဲတော့ဘူး
တရားပါ့မလား ..........။
Saturday, August 30, 2008
Friday, August 29, 2008
ကိုယ့်အပြစ်နဲ့ကို
ငါသူ့ကိုသတိရလို့
ဒီမနက်အစောကြီး
ငုတ်တုတ်ထိုင်ပြီး လွမ်းနေမိပါတယ်
ငါမျက်နှာမသစ်ရသေးပါဘူး
ရေလဲမချိုးရသေးပါဘူး
ကိုယ်တစ်ကိုယ်လုံးလဲ နံဆောနေတာပဲပေါ့
ငါမှမအားတာလေ ဘယ်တက်နိုင်မှာလဲ
ချစ်သူကို လွမ်းနေရတဲ့အလုပ်က
ငါ့အတွက် အလုပ်ကြီးအကိုင်ကြီးပဲလေ
ခက်တာက နေ့တိုင်းလွမ်းနေလို့
အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့
ငါ့ဘေးနားမှာ စာရင်းစာအုပ်တွေက
တောင်လိုပုံနေပြီလေ ....
ဘယ်တက်နိုင်ပါ့မလဲ
ချစ်သူကိုလွမ်းနေရရင်
ထမင်းတောင်မေ့နေတဲ့ ငါက
ချစ်မိတဲ့ကိုယ့်အပြစ်နဲ့ကို
ဘာပြောနိုင်မှာလဲလေ ...
သူ့ကိုကျွန်တော်က အသဲနစ်အောင်ချစ်နေမိတာကို ...
ဒီမနက်အစောကြီး
ငုတ်တုတ်ထိုင်ပြီး လွမ်းနေမိပါတယ်
ငါမျက်နှာမသစ်ရသေးပါဘူး
ရေလဲမချိုးရသေးပါဘူး
ကိုယ်တစ်ကိုယ်လုံးလဲ နံဆောနေတာပဲပေါ့
ငါမှမအားတာလေ ဘယ်တက်နိုင်မှာလဲ
ချစ်သူကို လွမ်းနေရတဲ့အလုပ်က
ငါ့အတွက် အလုပ်ကြီးအကိုင်ကြီးပဲလေ
ခက်တာက နေ့တိုင်းလွမ်းနေလို့
အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့
ငါ့ဘေးနားမှာ စာရင်းစာအုပ်တွေက
တောင်လိုပုံနေပြီလေ ....
ဘယ်တက်နိုင်ပါ့မလဲ
ချစ်သူကိုလွမ်းနေရရင်
ထမင်းတောင်မေ့နေတဲ့ ငါက
ချစ်မိတဲ့ကိုယ့်အပြစ်နဲ့ကို
ဘာပြောနိုင်မှာလဲလေ ...
သူ့ကိုကျွန်တော်က အသဲနစ်အောင်ချစ်နေမိတာကို ...
Subscribe to:
Posts (Atom)