Friday, October 31, 2008

မသေချာတဲ့ အိမ်မက်နဲ့စိတ္တဇဆန်ဆန်အလွမ်း



အလွမ်းတစ်စကိုထုတ်လို့ အားတစ်ခုဖန်ဆင်းပြီး


လှေတစ်စင်းကို ရွက်ဖွင့်ကာ


နင် ရှိရာအရပ်ကို ခရီးနှင်လာတယ်.........


ငါ့ စိတ်မှာ.........


နင့် ကို ဆိုတဲ့ အသိနဲ့တင်


လှေငယ်ဟာ မြင်းတစ်ကောင်အလား


အလွမ်းလှိုင်းဂယက်ရေပြင်ကို လစ်လျူရှု့လို့


အချစ်မာန်နဲ့ အပြေးလာနေတယ်....


ဒီအချိန်မှာ ငါဟာအိပ်စက်နေတာပေါ့


အိမ်မက်က ထုံးစံအတိုင်း


ငါ့စိတ်အလိုကျ စီးမျောခွင့်ပေးလိုက်တယ်


ဒါနဲ့


ချစ်သူရှိရာ အလှကမ္ဘာသို့


ဆိုက်ရောက်တော့


ငါ့စိတ်ထဲမှာ တငွေ့ငွေ့နဲ့


ရင်ခုန်သံတချို့ နွေးထွေးလာသလိုလို


မျှော်လင့်ချက်တွေ အားလုံးပြည့်စုံသွားသလိုလို


ငါမျှော်လင့်နေတာက ဘာလဲ


တချိန်မှာ သူနဲ့ဆုံရမယ်လို့


ရည်ရွယ်ခဲ့တယ်လေ


အခု ငါ့ဆန္ဒတွေပြည့်ပြီပေါ့


မင်းရှိရင် ငါဘာမှမလိုဘူး


ဒီနေ့ ဒီည


အိမ်မက်ထဲမှာ အခုမင်းနဲ့ဆုံခဲ့ပြီ


ငါအိမ်မက်လို့ မထင်ချင်ဘူး


တကယ်တွေ့ရတယ် ထားလိုက်ပါတော့


အဲ့ဒီတော့


ငါမနိုးထချင်ဘူး ငါ့ကိုဆက်လက်အိပ်စက်ခွင့်ပြုပါ


မင်းမပါပဲ အိမ်မက်အပြင်ကမ္ဘာသို့


ငါတစ်ယောက်တည်း မနိုးထချင်ဘူး


အခု


ငါ့ရင်ခွင်ထဲမှာ မင်းရှိနေတယ်


ငါကျေနပ်တယ်လေ


ရင်ခုန်သံတွေတောင် နွေးထွေးမယ်ကြံလို့


မခွဲခွါရဖို့ ဆုတောင်းယုံရှိသေး


ငါရွက်လွှင့်ခဲ့တဲ့ လှေငယ်က


ချစ်သူဇနပုဒ်က ထွက်ခွါဖို့ကြိုးဖြီးနေပြီလေ


အား … နာကျင်လိုက်တာ


ကယ်ပါအုံးဟာ


ငါအခုကဗျာစပ်နေတာ မဟုတ်ပါဘူး


ယောင်ရမ်းပြီး ထအော်လိုက်တော့


ရင်ခွင်ထဲမှာ ဟာသွားသလိုပဲ . . .။


ဖြစ်ချင်တော့


ငါမအိပ်ခင်က ငါသူဓါတ်ပုံကိုကြည့်ပြီး


ဆွေးရင်းနဲ့အိပ်စက်ခဲ့တာကို


အခု


ငါ့ပါးပေါ်မှာ မျက်ရည်တချို့နဲ့


ချစ်သူဓါတ်ပုံလေးကပ်နေတယ်လေ


အော် …ချစ်သူရယ်


အရမ်းလွမ်းတာပဲလို့ ငါညည်းယုံမှတပါး


တခြားဘာတတ်နိုင်မှာလဲ ။


ဒါကြောင့် လောလောဆယ်


ဆက်လွမ်းယုံသာရှိတော့သည်မို့


အလွမ်းတွေကို ဖုန်သုပ်


စိတ်အစဉ်ကို ရေချိုးပြီး


အိမ်အပြင်ထုတ်ကာ နေလှန်းလိုက်တော့


လမင်းက ငါ့ကိုမျက်စောင်းထိုးနေတယ်လေ....။



Saturday, October 25, 2008

ကွန်ဒိုင်းရွာတစ်ရွာနှင့်အသက်မွေးဝမ်းကြောင်းတံငါးလုပ်ငန်း


တံငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် တံငါးသည်မိသားစုသည် ။ ရေကိုမှီ၍ ရေထဲကရသည့် ငါတွေကိုရောင်းချကာ ဘ၀အသက် ဆက်ရှင်ဖို့ နေ့နေ့ညည လုပ်ကိုင်ကြရပါတယ် ။ နေပူမရှောင် မိုးရွာမရှောင် လုပ်ကိုင်ကြရပြီ ဘ၀ကိုရှင်သန်ဖို့ ရပ်တည်ကြရပါတယ် ။ ကွန်ဒိုင်းရွာသည် လယ်သမားအနည်းစု
သာရှိပြီ အဓိက တံငါးလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်ကြပါသည် ။ ဦးစွာ ကွန်ဒိုင်းရွာ တည်ရှိသည့်နေရာကို အနည်းအကျဉ်းဖော်ပြရန်လိုပါသည် ။ ကွန်ဒိုင်းရွာသည် ဧရာဝတီတိုင်းတွင် တည်ရှိပြီး ၊ ဒေးဒရဲမြို့ပိုင်ဖြစ်ပါသည် ။ ရွာငယ်ခွဲတစ်ခုဖြစ်ပြီး အဆဲဟုခေါ်သောရွာကြီး၏ လက်အောက်ခံရွာငယ်လဲ ဖြစ်သည် ။ မြစ်ကမ်းနံဘေးတွေ တည်ရှိပြီး ရေလမ်းခရီးဖြစ် သွားရသည် ။ ရန်ကုန်ကနေ၍ ဒေးဒရဲ ( သို့မဟုတ် ) ကွမ်းခြံကုန်းမှနေ၍ လှေ ၊ စက်လှေဖြင့် သွားရောက်နိုင်သည် ။

တံငါးလုပ်ငန်းသည် ရေလုပ်ငန်းဖြစ်သည်နှင့်အညီ မြစ်ထဲ ၊ ချောင်းထဲ ၊ ပင်လယ်ထဲသို့ပင် ကြောက်ရွံ့မှုမရှိ လှိုင်းကြားထဲတွင် ဘ၀ကိုရုန်းကန်ကြရပါသည် ။ကွန်ဒိုင်းရွာနှင့် အနီးတ၀ိုက်တွင် အဓိက ဖမ်းမိသော ငါးများမှာ ငါးသလောက် ၊ ငါးဒန် ၊ ငါးပုတ်သင် ၊ ငါးပုံနား ၊ ကာကတစ် ၊ ငါးဇရိုင်း ၊ ငါးခူး နှင့် ပုဇွန်အမျိုးမျိုးတို့ဖြစ်သည်နှင့်အညီ ဈေးအကောင်းဆုံးမှာ ငါးသလောက်ဖြစ်သည်ဟု သိရပါသည် ။ ငါးသလောက်တွင် ရိုးရိုး ၊ ရှယ် ၊ အလတ် ၊ မောလ်ဒယ် ဟုခွဲခြားထားပါသေးသည် ။ “ ရှယ် ” ကို ကိုးဆယ်ငါးကျပ်သားသတ်မှတ်ထားပြီး “ အလတ် ” ကို ခြောက်ဆယ်သား အထက် ကိုးဆယ်သားအထိသတ်မှတ်ထားပါသည်။ “ ရိုးရိုး ” ကိုတော့ ခြောက်ဆယ်သားအောက် မှ လေးဆယ်သားအထိသတ်မှတ်ထားပါသည် ။ “ မောလ်ဒယ် ” ဆိုသည့် ငါးသလောက်မှာတော့ ပိန်ပိန်လေးဖြစ်ပြီ အရမ်းကိုကဗျာဆန်ပါတယ် ၊ ဒါပေမဲ့ ဈေးမကောင်းပါ အရိုးများ၍ ဖြစ်သည် ။ တစ်ခုပြောပြရန်ကျန်ပါသေးသည် ငါးသလောက်ထဲတွင် ဘိန်းစားဆိုသည့် ငါးသလောက်လဲရှိပါသေးသည် ။ ထိုငါးသလောက်မှာ အကောင်ဘယ်လောက်ကြီးကြီး ၀၀လင်လင်မရှိပဲ ချိန်းခွင်တွင် ချိန်းလိုက်ပါက အလွန်ပင် အလေးချိန်နည်းပါသည် ။ထို့ကြောင့် ထိုငါးသလောက်ကို ဘိန်းစားဟု ခေါ်ရခြင်းဖြစ်ပါသည် ။

တံငါးလုပ်ငန်းလုပ်ကိုင်နေကြသော ရေလုပ်သားကြီးများမှာ အဓိက ဖမ်းသည့် ငါးမှာ ငါးသလောက်ဖြစ်ပါသည် ။ ထို့ကြောင့် ငါးသလောက် “ ပိုက် ”လို့ သူတို့ငါးဖမ်းသည့် ရေလုပ်ငန်းသုံးကိရိယာကို ခေါ်ဝေါ်ကြပါသည် ။ ငါးသလောက် ပိုက် ကိုရေထဲသို့ချ၍ ငါးဖမ်းရသည် သို့ရာတွင် ငါးဖမ်းရာ၌ လူနှစ်ဦးလိုအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော ငါးသလောက်ပိုက်၌ ခေါင်းကြိုး ၊ ခဲကြိုးဟူ၍ ရှိပါသည် ။ ပဲ့စီးဟုခေါ်သော လှေခေါင်းဆောင်နှင့် ဦးစီးဟုခေါ်သော လက်အောက်ငယ်သာတစ်ဦး ပေါင်း နှစ်ဦးမှသာ ငါးသလောက်ပိုက်ကို ရေထဲသို့ပစ်ချ၍ ရပါသည် ။ သို့မဟုတ်ပဲတစ်ဦးတည်းပစ်ပါက မလွယ်ကူနိုင်ပေ ။ ပင်ပင်ပန်းပန်းဖြစ်လုပ်ကိုင်ရ
မည်ဖြစ်သည် ။ တချို့ရေလုပ်ငန်းကျွမ်းကျင် ရေလုပ်သားကြီးများသည် လူငှား၍မရသောလည်းကောင်း ၊ မိမိ မိသားစုမှ ဦးစီးလိုက်မည့်သူမရှိသောကြောင့် မိမိဘာသာ တစ်ယောက်တည်းမြစ်ထဲ၌ ပိုက်ချလေ့ရှိပါသည် ။ “ ပိုက် ” ပစ်ရာတွင် ရေချိန် ကိုကြည့်၍ အသုံးချပါသည် ရေတက်ရေကျ ပေါ်မူတည်၍ မိမိတို့ ငါးရှာသောအရာကို သချာင်္ဆန်ဆန်တွက်ချက်၍ ထားပါသည် ။ ထိုသို့တွက်ချက်ပြီး ရေချိန်ကိုကိုက်၍ ငါးဖမ်းမှသာ ငါးတို့၏ နေပုံသွားလာပုံ သူတို့လှုပ်ရှားအစားရှာခိုက်ဖြစ်မှသာ ပိုက်ထဲသို့ငါးတိုး၍ ငါးရမည်ဖြစ်ပါသည် ။ ပြီလျှင် ရေအောက်ရှိမမြင်နိုင်သော သစ်ငုတ် ၊ ကျောက်ဆောင်ငုတ် စသည့် ပိုက်ကိုညှိစေသော အရာများ၏ တည်နေရာကိုလဲအသေအချာမှတ်ထားရပါသည် ။ ထိုအတူပဲ ရေအတက်အကျပေါ်မူတည်၍ ထိုငုတ်များကို ရှောင်ရှားရပါသည် ။

ငါးဖမ်းခြင်း လုပ်ငန်းမှာ ပင်ပန်း၍ မလွယ်ကူပေ ။ ငါးသလောက်ပိုက် ကိုရေထဲသို့ချယုံနှင့် ငါးဖမ်းလို့မပြီးသေးပါ ။ မိမိနည်းတူ ရေလုပ်သားများ၏ ပိုက်များမှာလဲရေထဲတွင် ရေသယ်ရာနောက် လိုက်ပါမျောနေသည့်အတွက် ပိုက်တခုနှင့်တခု ပူကပ်ကာ ညှိခြင်း ၊ ပိုက်ရေထိုး၍ ပိုက်လုံးခြင်းဟုခေါ်သော ပိုက်ခေါက်၍ရှုပ်ခြင်းတို့ဖြစ်လာနိုင်သည့်အတွက် ရေလုပ်သားများမှာ မိမိတို့ငါးဖမ်းရန်ရေထဲသို့ မျောထားသည့် ပိုက်အား လှေပေါ်မရောက်မချင်း စိတ်မအေးစွာ စောင့်ကြည့်နေရပါသည် ။ ငါးဖမ်းရာတွင် ညဘက်သည် ငါးဖမ်း၍ ငါးအရဆုံးဖြစ်ပါသည် ။ နေ့ဘက်တစ်ကောင်ရလျှင် ညဘက်နှစ်ကောင်ရဖို့ပိုသေချာသည် ။ နေ့ဘက်မှာ တစ်ကောင်မှ မရပါက ညဘက်တစ်ကောင်လောက်တော့ရနိုင်သေးသည် ။ ထို့ကြောင့် ရေလုပ်သားကြီးများသည် ညဘက်ကိုပို၍ အလေးထားကာ ငါးရှာလေ့ရှိပါသည် ။

ငါးဖမ်းရာတွင် အများစု ဆင်းရဲသော ငါးဖမ်းသမားများမှာ လှေကိုရွေ့အောင် လှော်တက် ၊ ခက်တက်ဖြင့် အသုံးပြု၍ သွားလာကြရပါသည် ။ တချို့တက်နိုင်သောလှေလုပ်သားကြီးများမှာ ဟွန်းတာစက်များသုံး၍ လွယ်ကူသက်သာစွာ သွားလာငါးဖမ်းကြပါသည် ။ မြစ်ထဲတွင် ငါးဖမ်းကြသော ရေလုပ်သားများမှာ ရာသီဥတုအ
ခြေအနေကိုလည်း အထူးသတိရှိရှိနှင့်နေရပါသည် ။ မိုးတွင်းကာလဖြစ်ပါက လှိုင်းဒဏ်လေဒဏ် မိုးဒဏ်တို့ကိုမကြာခဏခံကြရပါသည် ။

ကွန်ဒိုင်းရွာသည် ဧရာဝတီတိုင်းတွင် တည်ရှိသည်နှင့်အညီ ဧရာဝတီကိုအမှီပြု၍ နေထိုင်စားသောက်ကြရသည်လို့ ပြောရင်မလွဲနိုင်ပေ ။ ဒါကြောင့် ဧရာဝတီသည် သူတို့၏ အသက်သွေးကြောဖြစ်သည်ဟု ထပ်မံပြောချင်ပါသည် ။ ဧရာဝတီတိုင်းနေလုပ်သားပြည်သူများမှာ အဓိက ရေလုပ်ငန်းနှင့် စပါးလယ်ရာ စိုက်ပျိုးရေးကို လုပ်ကိုင်ကြရပါသည် ။ ကွန်ဒိုင်းရွာကိုနာဂစ်ဆိုတဲ့ လေနီကြမ်းရုတ်တရပ်ဝင်လာချိန်မှာတော့ညဘက်ဖြစ်သည်။ရွာရှိအိမ်များအပြိုပြိုအပျက်ပျက်နှင့်ကူပါကယ်ပါပေါ့
ကူသူမရှိကယ်သူမရှိနှင့်သူတို့ချစ်တဲ့ဧရာဝတီနဲ့အတူ တချို့တွေ ထာဝရအိပ်စက်သွားကြတယ်လေ ။ ရွာပေါ်မှာကျန်နေခဲ့တာကအိမ်ရှိတိုင်းငုတ်တချို့နဲ့လူတချို့သာပေါ့၊စားစရာဆိုတာမရှိရိက္ခာပြတ်လပ်၍ဒုက္ခ
ရောက်နေတဲ့အချိန်မှာကျွန်တော်တို့အဖွဲ့ရောက်သွားခတယ်လေ။ကျွန်တော်တို့အဖွဲ့ရောက်သွားတော့ရွာရှိ
အသက်ကြီးကြီးအဖိုးအဖွားတွေကနတ်ပြည်ကစေလွှတ်လိုကတာများလားတဲ့။ဝမ်းသာဝမ်းနည်းသူတို့မျက်ရည
်တွေကိုကျွန်တော်ကောင်းကောင်းမှတ်မိနေတယ်လေ။သူတို့ရဲ့စကားသံတွေကအခုထိလေလှိုင်းထဲပြန့်လွင့်
နေသလိုပဲဒါကြောင့်ကျွန်တော်တို့အဖွဲ့ပါလာတဲ့ရိက္ခာတွေကိုအပြည့်အ၀ချပေးပြီးနှစ်သိပ်ကာပန်ခဲ့ကြပါတော့
တယ်။နောက်တခေါက်ထပ်လာအုံးမှာပါလို့ပေါ့ ။

နောက်တချိန်ဆိုသည့်အတိုင်းကွန်ဒိုင်းရွာကိုထပ်ရောက်ခဲ့ပါတယ်။ဒီတခါလာခြင်းမှာအိမ်ဆောက်ပေးမလို့
ဖြစ်ပါတယ်။သူတို့ပျက်စီးသွားတဲ့အိမ်တွေနဲ့အိုးမဲ့အိမ်မဲ့မိသားစုတွေကွဲကွဲပြားပြားဖြစ်နေတာကိုစုစည်းပေးလို
ခြင်းကြောင့်ဖြစ်ပါတယ်။သူတို့ကျွန်တော်တို့ပြောနေတဲ့စကားသံတွေကိုနားထောင်ရင်းအံ့သြမှုမျက်နှာအရိပ်
တွေကို ထင်ပေါ်နေပါတယ် ပြီတော် အပြုံးပွင့်တွေနဲ့ အပြုံးရိပ်တွေရောယှက်ကာ သူတို့မျက်နှာမှာ ကြည်လင်ဝင်းပနေပါတယ် ။ ဒါကိုမြင်ရသူအဖို့ စိတ်နှလုံးမှာ ပီတိတွေဖြာကာ စိတ်အဆင်မှာ ငါတို့လူတွေ့ရဲ့အသက်ကို အကုန်မကယ်နိုင်တာမှ တချို့အသက်တွေကိုတော့ ကယ်လိုက်နိုင်ပြီပေါ့လို့ စိတ်
ကူးမိတယ်လေ ။ တကယ်တော့ ဒါဟာ စိတ်ကူးမှုမဟုတ်ပါဘူး ကျွန်တော်တို့ တကယ့်ကိုအသက်တွေကို ကယ်ခဲ့တာပါ ။ ဒီရွာတွင်မကပါဘူး ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်းရှိရွာတော်တော်များများနှင့် မြို့ဆင်ခြေဖုံးရပ်ကွက်များကိုလဲ လှူခဲ့ပြီဖြစ်ပါသည် ။ ဧရာဝတီတိုင်းတွင်ပင် ရေလမ်းခရီးမှနေ၍ ခက်ခဲစွာသွားလာပြီ ကျွန်တော်တို့ တက်နိုင်သလောက် နိုင်တဲ့ဝန်နဲ့ ကူပြီ လှူဒါန်းမှုတွေ ပြုခဲ့ပါတယ် ။ အခုဆိုရင်ကွန်ဒိုင်းရွာကိုအိမ်ခြေတွေတည်ဆောက်ပေးခဲ့ပြီရွာတွင်မူလတန်းကျောင်းပင်တည်ဆောက်ပေးခဲ့ပြီဖြစ်
ပါသည် ။ ငါးဖမ်းရန်အတွက် စက်တက်ထားသည့် လှေနှစ်စီးကိုလဲ လှူဒါန်းခဲ့ပြီဖြစ်ပါသည် ။ အတိုချုပ်ရမည့်ဆိုသော အခုဖော်ပြထားခြင်းသည် အတိုချုပ်မျှသာဖြစ်ပါသည် ။

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...