Saturday, November 1, 2008

နာကျင်ခြင်းနောင်တနှင့် ဇာတ်လမ်းမသိတဲ့ဇာတ်ကွက်

အချစ်ကို ဒုတ်နဲ့ထိုးမိလို့


ပျားမတုတ်ပဲ ပါးတစ်ချပ်အရိုက်ခံရတာအဆန်းလား …..


အမှန်တကယ်ဆို ရင်ခုန်ခြင်းကြီးစွာနဲ့


မလောသင့်ပါဘူး …


ပျားအုံလား အချစ်တွေအုံနေတဲ့


အလှမယ်လား သေသေချာချာစဉ်းစားသင့်ပါတယ်


အခုမှငိုနေလို့ နာကျင်တဲ့ပါးပြင်ပေါ်က


လက်ဝါးရာကို ဖြေဖျောက်ဖို့


အချိန်ကနှောင်းခဲ့ပြီလေ …


တဆစ်ဆစ်နဲ့ နာကျင်နေတာကအရှက်တွေပေါ့


ဒါပေမဲ့ အဲ့ဒီသွေးဥသွားတဲ့ဒဏ်ရာပေါ်မှာ


သူနဲ့ ပတ်သက်ပြီး


အသဲမှာကျောက်စာတစ်ချပ်ရေးဖြစ်သွားတယ်လေ


အဲ့ဒါဘာလဲ …..???

Friday, October 31, 2008

မသေချာတဲ့ အိမ်မက်နဲ့စိတ္တဇဆန်ဆန်အလွမ်း



အလွမ်းတစ်စကိုထုတ်လို့ အားတစ်ခုဖန်ဆင်းပြီး


လှေတစ်စင်းကို ရွက်ဖွင့်ကာ


နင် ရှိရာအရပ်ကို ခရီးနှင်လာတယ်.........


ငါ့ စိတ်မှာ.........


နင့် ကို ဆိုတဲ့ အသိနဲ့တင်


လှေငယ်ဟာ မြင်းတစ်ကောင်အလား


အလွမ်းလှိုင်းဂယက်ရေပြင်ကို လစ်လျူရှု့လို့


အချစ်မာန်နဲ့ အပြေးလာနေတယ်....


ဒီအချိန်မှာ ငါဟာအိပ်စက်နေတာပေါ့


အိမ်မက်က ထုံးစံအတိုင်း


ငါ့စိတ်အလိုကျ စီးမျောခွင့်ပေးလိုက်တယ်


ဒါနဲ့


ချစ်သူရှိရာ အလှကမ္ဘာသို့


ဆိုက်ရောက်တော့


ငါ့စိတ်ထဲမှာ တငွေ့ငွေ့နဲ့


ရင်ခုန်သံတချို့ နွေးထွေးလာသလိုလို


မျှော်လင့်ချက်တွေ အားလုံးပြည့်စုံသွားသလိုလို


ငါမျှော်လင့်နေတာက ဘာလဲ


တချိန်မှာ သူနဲ့ဆုံရမယ်လို့


ရည်ရွယ်ခဲ့တယ်လေ


အခု ငါ့ဆန္ဒတွေပြည့်ပြီပေါ့


မင်းရှိရင် ငါဘာမှမလိုဘူး


ဒီနေ့ ဒီည


အိမ်မက်ထဲမှာ အခုမင်းနဲ့ဆုံခဲ့ပြီ


ငါအိမ်မက်လို့ မထင်ချင်ဘူး


တကယ်တွေ့ရတယ် ထားလိုက်ပါတော့


အဲ့ဒီတော့


ငါမနိုးထချင်ဘူး ငါ့ကိုဆက်လက်အိပ်စက်ခွင့်ပြုပါ


မင်းမပါပဲ အိမ်မက်အပြင်ကမ္ဘာသို့


ငါတစ်ယောက်တည်း မနိုးထချင်ဘူး


အခု


ငါ့ရင်ခွင်ထဲမှာ မင်းရှိနေတယ်


ငါကျေနပ်တယ်လေ


ရင်ခုန်သံတွေတောင် နွေးထွေးမယ်ကြံလို့


မခွဲခွါရဖို့ ဆုတောင်းယုံရှိသေး


ငါရွက်လွှင့်ခဲ့တဲ့ လှေငယ်က


ချစ်သူဇနပုဒ်က ထွက်ခွါဖို့ကြိုးဖြီးနေပြီလေ


အား … နာကျင်လိုက်တာ


ကယ်ပါအုံးဟာ


ငါအခုကဗျာစပ်နေတာ မဟုတ်ပါဘူး


ယောင်ရမ်းပြီး ထအော်လိုက်တော့


ရင်ခွင်ထဲမှာ ဟာသွားသလိုပဲ . . .။


ဖြစ်ချင်တော့


ငါမအိပ်ခင်က ငါသူဓါတ်ပုံကိုကြည့်ပြီး


ဆွေးရင်းနဲ့အိပ်စက်ခဲ့တာကို


အခု


ငါ့ပါးပေါ်မှာ မျက်ရည်တချို့နဲ့


ချစ်သူဓါတ်ပုံလေးကပ်နေတယ်လေ


အော် …ချစ်သူရယ်


အရမ်းလွမ်းတာပဲလို့ ငါညည်းယုံမှတပါး


တခြားဘာတတ်နိုင်မှာလဲ ။


ဒါကြောင့် လောလောဆယ်


ဆက်လွမ်းယုံသာရှိတော့သည်မို့


အလွမ်းတွေကို ဖုန်သုပ်


စိတ်အစဉ်ကို ရေချိုးပြီး


အိမ်အပြင်ထုတ်ကာ နေလှန်းလိုက်တော့


လမင်းက ငါ့ကိုမျက်စောင်းထိုးနေတယ်လေ....။



အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...