Saturday, November 29, 2008

ငါသာဒုတိယလူဆိုရင်

လွမ်းတယ်လို့ မင်းရှေ့မှာ
ငါချညည်းဖို့ ငါဘက်က
ဘယ်လောက်ပဲ စိတ်အားထက်သန်နေနေ
မင်းဘက်ကတော့ နားထောင်ဖို့
စိတ်သုဉ်းနေပြီပေါ့ ...
ရပါတယ် ချစ်သူရယ်...
မင်းလုပ်ချင်တာ လုပ်ပြီး
ငါ့ဘ၀ထဲက ပြေးထွက်သွားနိုင်ပါတယ်
အသစ်တွေ့ရင်ပေါ့ ...
တကယ်လို့ ငါကိုယ်တိုင်က
ဒုတိယလူဖြစ်နေရင်လဲ
တတိယလူကို မင်းစိတ်တိုင်းကျ
ရွေးနိုင်ပါတယ် . . . ။
ရင်ခုန်တိုင် အချစ်မဟုတ်ဘူးလို့
မင်းပြောခဲ့စဉ်က ငါသဘောပေါက်သင့်ပါတယ်လေ
ငါ့အတွက်က အချိန်ရယ်နှောင်းခဲ့ပြီမို့
တကယ်လို့ . .
မင်းစွန့်ခွါ ပြစ်ထားခဲ့ရင်
ငါဟာ အမှိုက်တစ်စလောက်မှ
တန်ဖိုးမရှိနိုင်တော့ပါဘူး
မင်းမရှိရင် ငါ့ဘ၀ဟာ
သေလူဖြစ်နေသည်မို့
လှည့်ထွက်လို့ စွန့်ခွါတော့မယ်ဆိုရင်လဲ
အပြုံးတစ်ချက်နဲ့တော့ နုတ်ဆက်မထားခဲ့ပါနဲ့ချစ်သူ
ရင်နာအောင် ပါးတစ်ချက်အစား
အသဲကိုခွဲ ရင်ဝကိုစူးရှတဲ့
စကားလုံးဓါးသွားနဲ့ဖြစ်ဖြစ်
သေအောင်ထိုးခွဲခဲ့ပါ . . . ။
မင်းနဲ့ချစ်ပြီမှ မင်းနဲ့ပတ်သက်သမျှ
ငါ့အတွက်ဟာ အဖြည့်ခံသမားပါ
မင်းမယုံရင် တတိယလူကိုမေးကြည့်ပါ
ငါဟာဒုတိယလူဖြစ်ခဲ့ရင်ပေါ့
သူက ငါ့လိုဖြေရင်
မင်းကံကောင်းပါတယ်ချစ်သူ . . .။
ငါဟာကံဆိုးသူပေါ့ . . . ။

Thursday, November 27, 2008

ရင်ခုန်သံတို့အမှတ်မထင်ကျပျောက်ခြင်း

ချစ်သထပ်ချစ်ရသူကို
လွမ်းသထပ်လွမ်းမိတာကြောင့်
မခံနိုင် ကြွေလုနီးနေပြီဖြစ်တဲ့
အသဲကညာကို သနားသော
စိတ်အစဉ်က ကြိတ်ခါပူမိသည်မို့
ပြေးထွက်ကာ လာခဲ့မိပါတယ်
ချစ်သူရှိရာ အရပ်ဆီကိုပေါ့ ..... ။
အညာပြင် နေပူပူ
ဖြေပြင်မှာ ဖုန်းတလုံးလုံးနဲ့
ချွေးတလုံးလုံးကျကာ
ဖုန်းနဲ့ချွေးရောရှက်နေသည့်
မျက်နှာပြင် အသားတင်ဆီအား
ညာလက်ဖြင့် အသာပယ်ချ
စိတ်ညစ်စရာ ကောင်းလှပါဘိ .....။
အညာသူကို ချစ်မိတာ
ငါ့ခများ မှားပြီလာလို့
အတွေးစပင် ၀င်ခွင့်မပေး
ချစ်သူနဲ့တွေ့ရမှာပဲဆိုတဲ့ စိတ်တခုက
ရင်ခုန်သံကို စည်တီးနေသည်မို့
ဘ၀င်ရယ်ခပ်မြှင့်မြှင့်
ချစ်သူနဲ့ ပြေးကာတွေ့မိနေပါသည်
အတွေးစ အိပ်တချက်အငိုက်မှာပေါ့
ငယ် ....
အားရပါးရခေါ်သံပေးလို့
ပြေးကာထွေးပွေ့မိပါသည် ...
ကြည်နူးခွင့်က ဒရိုက်ဘာအသုံးမကျလို့
ဘရိတ်စောင့်အုပ်တာခံရတာကြောင့်
ငါ့ခမျာ ...
အား ...... နာလိုက်တာ
ခေါင်းနဲ့ခုန်နဲ့စောင့်ပြီး လန့်နိုးခဲ့ပြီလေ
ဟော...မကြာပါဘူး
ခဏအတွင်းမှာပင်
ကားဂိတ်အဆုံးမုံရွာသို့ ဆိုက်ရောက်မယ်ကြံတော့
ပြေးလွှားကာကြိုဖို့ ရောက်လာကြသည်က
ဆိုင်ကယ်TAXI ၊ ဆိုက္ကား CARRYတွေပေါ့
အမယ်လေဗျ ...ငါ့ကိုဖက်မတက်ပဲ
ချစ်သူဘယ်ရောက်နေပါလိမ့် ...
ဟော...တွေ့ပြီ
အညာသနပ်ခါးအလှနဲ့
ပြုံးကာကြိုနေသည့် ချစ်သူမျက်နှာ
အတွေးဆအတိုင်း ပြေးကာဖတ်ဖို့
ဖြေလှမ်းပြင်တော့ လူတစ်ယောက်
ကျွန်တော့်လက်လာဆွဲနေတယ်
အစ်ကိုကျွန်တော်နဲ့လိုက်ခဲ့တဲ့
ဈေးလျော့ပေးမယ်တဲ့
ဗျာ .......
ကျွန်တော့်ဘ၀ CARRY သမားလက်အောက်မှာ
ရေတိမ်နစ်ပါပြီဗျို့ ချစ်သူရေမောင့်ဆီကို
လာရောက်လို့ ဖိုက်တာလုပ်ပေးပါတော့
ငါ့ဘ၀မင်းလက်ထဲမရောက်ပဲ
ရန်ကုန်သား အသက်ပျောက်သွားနိုင်တယ်
ရွှေညာသူချောကညာရယ် ....။
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...