Wednesday, December 24, 2008

တခါတခါများဆို ချစ်သူရယ်


အလွမ်းက ခါးသက်လို့
လှည့်ထွက်မယ်ကြံတော့
ငါခြေဦးတည်ရာက မင်းဆီဖြစ်နေတယ်
ရေငတ်နေခိုက် ရေတပေါက်ဖြစ်ဖြစ်တိုက်ပါလို့
ငါမတောင်းဆိုချင်ပင်မဲ့
လမ်းပျောက်နေတဲ့အချိန်
ငါနှလုံးသားရှင်သန်ဖို့
မင်းဆီကစကားလုံးတစ်လုံးလောက်တော့
မျှော်လင့်မိတာအမှန်ပါ . . . ။
ငါမွန်းကြပ်တိုင်း တမ်းတမိတဲ့
မင်းရှိရာအရပ်ဆီ . . .
နှလုံးသားတို့ရှင်သန်ရာ နယ်မြေမှာ
ငါထာဝရပျော်မွေ့ချင်ပါရဲ့ . . . ။
တကယ်လို့အခုနေများ
ငါသာပြေးထွက် မင်းရှိရာအရပ်ဆီ
ထွက်ပေါက်ရှာခဲ့ရင်
ဘာမှပြင်ဆင်မှု မရှိသေးပဲ
သက်ရောက်လာမဲ့ အနမ်းတစ်ပွင့်ကို
မင်းကြည်ဖြူစွာနဲ့ ခုံမင်ပါ့မလား . . .။
ငါလေ.... အခု
အလွမ်းထက်ဆိုးတဲ့ ဆွေးမြေ့ခြင်းတွေ
ရင်ခွင်မှာ တရက်စက်ဖြစ်နေတာကြောင့်
တခါတခါ ကုလို့ရနိုးနိုးဆိုပြီး
နှလုံးသားထဲ ရင်ခုန်မှုတစ်စုံတရာ
အစားထိုးရှာကြည့်မိတဲ့ချစ်သူ .. ..
မင်းကလွဲပြီး လက်သင့်မခံတဲ့
ငါ့ရင်ခွင်ခပ်ကျင်းကျင်းက
အလွမ်းပေါက်ဖွားတာတော့ ကြီးကျယ်လိုက်တာ
နေ့မနားညမအား အလွမ်းတွေထပ်လို့
ကမ္ဘာပေါ်မှာရှိတဲ့ အဆွေးသီချင်းတွေကုန်လုနီးပါပြီချစ်သူ . . . ။
တကယ်တော့ ငါအခုသီချင်းတစ်ပုဒ်နားထောင်ရင်း
ကဗျာတစ်ပုဒ်ရေးနေတာပါချစ်သူ . . .
သီချင်းက အလွမ်းတေးတစ်ပုဒ်
ကဗျာက ခပ်လွမ်းလွမ်းလေမို့
ရေးနေတဲ့ စာမျက်နှာပေါ်
အလွမ်းများမျင်သက်လို့
မထိမ်းနိုင်မသိမ်းနိုင်နဲ့ ယောင်ရမ်းပြီး
မျက်ရည်များတောင် ကဗျာတစ်ပုဒ်ပေါ်
ခပ်ရွှဲရွှဲလေသွန်ချမိနေပြီ ... ချစ်သူရေ .... ။

Friday, December 19, 2008

မျှော်လင့်ခြင်းရဲ့ ရင်ဖွင့်သံ


အခုနှင်းတွေကျနေတယ် ချစ်သူ
ဟိုအရင်တချိန်က
ငါနှလုံးသား ရင်ခွင်ထဲမှာ
ဒီနှင်းလိုပဲ ကျခဲ့ဖူးတယ်လေ
အဲ့ဒီအချိန်က ကျခဲ့ဖူးတဲ့
နှင်းစက်တွေဟာ ရင်ခုန်သံတွေအပြည့်နဲ့
ငါ့နှလုံးသားတို့ နိုးထကခုန်
အချစ်ဆိုတဲ့အရာကို ငါစသိခဲ့တာ
နှင်းရည်စက်တို့ကြောင့်ပါချစ်သူ
အခုတော့ဒီလိုမဟုတ် နှင်းတွေကျလေလေ
လွမ်းလေလေဖြစ်နေလို့
ငါ့နှလုံးသားကို ဆေးခန်းမှာ
ကြိုတင်ဘိုကင်တင်ထားရတယ် ချစ်သူ
အရာအားလုံးဟာ ပြီးဆုံးခဲ့ပင်မဲ့
မမေ့နိုင်သူ ငါလိုကောင်က
လွမ်းရက်တွေကို လက်ချိုးရီပြီ
အလုပ်မရှိအလုပ်ရှာ ကဗျာရေးလိုက် mail ပို့လိုက်နဲ့
ပြန်မချစ်သူ အသဲနှစ်သူကို
ခံစားမှုအပြည့် စာသားကာရံ
သံစဉ်နံဘေး ချစ်တေးစကားစီကာ
မင်းဆီကို အချိန်မှန်မှန်
ချစ်ခွင့်တောင်းနေဆဲပါမေ-----
ငါမှာဖြစ် အလုပ်ကတဖက်
အလွမ်းက တစ်ချက်နဲ့
နေ့တိုင်းမအား ထမင်းစားဖို့
အချိန်တိုကိုတောင် ငါလေမပေးချင်
second တိုင်း computer ထိုင်ပြီး
online ပေါ်မင်းတတ်လာမလားလို့
မျှော်သာမျှော်ရ ပေါ်မလာတဲ့
မင်းရဲ့ account က
ငါ့ကိုလှောင်ပြောင်နေတယ် ချစ်သူ
အပြစ်မယူပါဘူး မင်းမချစ်သူ
ငါကိုကောင်က တစ်လမှတစ်ခါ
တစ်ခါမှာ တစ်secondလောက်
စကားပြောရယုံ နှစ်လုံးသုံးလုံးနဲ့
ငါနှလုံးသားတို့ connection
ပြန်မတတ်လာနိုင်ပါဘူး
အဲ့ဒီအတွက်ကြောင့်
ကွဲလက်စ အသဲ
လွမ်းလက်စ အလွမ်းချင်းတွေနဲ့
သီချင်းတွေညည်း ကဗျာတွေရေးကာ
မျှော်လင့်ချက် အပ်ချည်မျှင်နဲ့
ငါ့နှလုံးသားကို မင်းနဲ့မတွေ့ရစဉ်
အချိန်ကာလ အတွင်း
အသဲတစ်ခြမ်းကွဲကို လမ်းထိပ်က
အပ်ချုပ်ဆိုင်မှာ သွားပြီ
ငါ့အချစ်တွေ အသက်ဆက်ရှင်ဖို့အတွက်
ချုပ်ထားရမယ်ချစ်သူ ----------:(


.......... ဒီကဗျာလေးက ကျွန်တော်တင်ပြီးသားကဗျာလေးပါ ... မိုးတွင်းဘက်ဆိုမိုးလိုလွမ်းလို့ အခုဆောင်းရောက်
ပြီဆိုတော့ နှင်းနဲ့အတူပုံဖော်လိုက်တာပါ .....
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...