Thursday, April 30, 2009

မေလနှစ်ရက်နေ့ညနောက်ပိုင်းဧရာဝတီရဲ့ရင်ဖွင့်သံ


နာဂစ် တစ်နှစ်တောင်ပြည့်ပြီးပေါ့
ဧရာဝတီမြစ်ကိုပဲ အပြစ်တင်ရမလိုလို
ရုတ်တရပ်နိုပ်စက်လိုက်တဲ့ နာဂစ်မင်းကိုပဲ
အပြစ်တင်ရမလိုလိုနဲ့ သေသူတွေကသေ
ရှင်သူတွေက ဒုက္ခကိုယ်ဆီနဲ့
ဘ၀ကိုအစကနေပြန်ထူထောင်နေရတယ်
ငါပိုင်တာက နှမ်းတစ်ဆုပ်ပါ
ငါ့လက်ထဲမှာ ကျန်တာကနှမ်းတစ်စိဖြစ်နေလို့
ငါ့ဘ၀ကို ဘယ်လိုပြန်စရမလဲ
စဉ်းစားခန်းတောင်မပျိုးလိုက်ရပါဘူးလေ
ဒီနေ့နဲ့ မနက်ဖန်ဝမ်းရေးကို
တွေးကာပူမိသည်မို့ ကုန်ပြေးထမ်းခဲ့ရတယ်
တချိန်က ငါဟာဘယ်၍ဘယ်မျှ
ဘယ်လောက်ပင်ချမ်းသာခဲ့ပါသောလည်း
အခုချိန်မှာ နွမ်းပါးသွားပြီလေ ..... ။
ငါဟာတံငါသည်ပါ .........
ငါတို့ အားကိုးနေတဲ့
ဧရာဝတီက မြစ်ရေတွေနဲ့
ဖုံးသတ်ခဲ့တယ်လေ ... မမေ့နိုင်စရာကောင်းတဲ့
ဒီအဖြစ်အပျက်တွေကို ငါပြန်ကာတွေးကြည့်မိတော့
မျက်ရည်တွေ ဝေ့၀ဲလာတယ် ... ။
အခုဆို လေသံကြားရင်တောင်
ရင်တဖိုဖိုနဲ့ ငါတို့တံငါသည်တွေ
ထမင်းတစ်နှပ်တွက်တောင်
တယ်ခက်နေပြီ လေ ...
အချိန်တန်တော့ တောင်းတနေတဲ့
မိသားစုနဲ့ ရှေ့ရေးတွက်
ငါလှေလှော်ကာ ထွက်ခဲ့ရပါတယ်
သေရင်သေ ကြေရင်ကြေပေါ့လေ
မိုးသားတွေ ညို့များလာရင်လေ
ငါမိသားစုနဲ့ ဒီတနေ့တွေ့ဖို့
ကံများပါသေးရဲ့လား ...
ငါ့အတွေးတွေ ဂယောင်ကတမ်းနဲ့
အားတင်းပြီး မြစ်လယ်မှာ
အရမ်းချစ်ရတဲ့ ဧရာဝတီရယ်
ငါ့ကိုသနားပါလို့ ဆုတောင်းနေမိတယ် ....
အိမ်ပြန်ချင်လို့လေ ......... ။
ငါဟာလယ်သမား ဒီနှစ်နာဂစ်ကြောင့်
မျိုးစပါးမကျန်လို့ ရှိတဲ့သူဆီက
တင်းတိုးဆွဲလို့ နောင်နှစ်စပါးပေါ်ရင်ဖြစ်
နှစ်ဆပေးပါ့မယ် အားမတွေခံ
ကျန်ရစ်ခဲ့တဲ့ နွားတစ်ကောင်နဲ့
လယ်ထွန်းဖို့ မဖြစ်တာကြောင့်
စက်မှု(၁)ဆီက လယ်ထွန်းစက်
အကြွေးနဲ့ဝယ်ခဲ့တယ်လေ အရစ်ကျပေးရမယ်ဆိုလို့
ဝယ်ဝယ်ချင်း စပေါ်တင်ဖို့
နီးစက်ရာက အတိုးနဲ့ဆွဲရတယ်လေ
ဒီလိုနဲ့ အားတင်းကာဒီတစ်မိုးတော့
ရှိတော့လေခြင်းဆိုပြီး စက်သစ်သစ်ကြီးနဲ့
လယ်ထွန်းဖြစ်ခဲ့တယ်လေ .... ။
ရှားပါးလိုက်တဲ့ မျိုးစပါးရယ်
ရှားရှားပါးပါးနဲ့ ကျဲကာထားသည်မို့
အောင်မြင်အောင် ပေါက်လှည့်စေချင်ပါတယ်
ရေသာဖွေးဖွေးမှာ စပါးစိမ်းစိမ်းတောင်တက်မလာပါဘူးလေ
ဟိုနေရာကွက်ကျား ဒီနေရာကွက်ကျားနဲ့
ငါနှယ် စိတ်ဆင်းရဲစရာကောင်းပါပေပိ
ဒါနဲ့ မျိုးစပါးလေတင်းတိုးနဲ့
ပြေးထွက်ကာ အကြွေးခံခဲ့ရတယ်လေ
မြေသားတွေက ရေငံအုပ်တာကြောင့်
ထင်သလောက်စပါးက မဖြစ်
မျိုးစပါးကြပြန်တော့လဲ ရှိတာလေ
ရသမျှလုပ်နေရတာကြောင့်
ရွေးဖို့ပင် မရှိပါဘူး
လယ်ကွက်ထဲ စပါးပြည့်ကာမှ
နောင်နှစ် ငါ့အကြွေးတွေ
ကျေကာဆပ်နိုင်မှာမို့
အားခဲပြီး မရမကဂျကုတ်ဂျခဲ
လုပ်ခဲ့ရတယ်လေ ...
ဒီလိုနဲ့ ဆောင်းရောက်လို့
စပါးတွေသိမ်းတော့ တင်းတိုးကိုနှစ်ဆဆပ်
ကျန်တဲ့ စက်မှု(၁)ကိုထက်ဝက်ချေလို့
ငါကိုယ်တိုင်ပြေးထွက်ခဲ့ရတယ်
စပါးအထွက်နည်းလို့လေ
နောက်ထပ်အတိုးနဲ့ နောင်နှစ်ပေးပါ့မယ်
လယ်ကွက်ကိုလက်ညှိုး ငေါက်ငေါက်ထိုးပြီး
ငါပိုင်ဆိုင်သမျှ အကုန်ကာချပြ
ပိုက်ဆံချေးအောင် တမျိုးကြံခဲ့ရပြန်တယ်လေ
သောကတွေက မကင်း
သားသမီးရယ်ကျောင်းထားရအုံးမည်
ငါဒီတခါဘာကိုလက်ညှိုးထိုးပြကောင်းနိုးနိုးနဲ့
အချိန်တန်တော့ ကျူရှင်မထားနိုင်
ပညာဒါနကိုအပ်ကာ ကလေးကိုချော့သိပ်ခဲ့ရတယ်
အော်.. နာဂစ်ရယ် ။

ကျေးဇူးတင်ရှိခြင်း
အကြောင်းအရာ ။ ။ နာဂစ်ကြောင့်ဖြစ်ပျက်ခဲ့တဲ့ လူထုဒုက္ခကို ကူညီပေးခဲ့သော ပြည်ပမှစေတနာရှင် လူမျိုးခြားများ နှင့် နိုင်ငံတွင်းမှ ရပ်မိရပ်ဖများ Company အဖွဲ့များ ၊ UNICF ( ယူနီဆက်(စ်) )၊
Save The Children ( စေ့သည်ချဲထရင့် ) ၊ ကြက်ခြေနီ ၊ အစရှိတဲ့ အသင်းအဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ပြည်သူတွေကိုယ်စားကျေးဇူးတင်ကြောင်း နာဂစ်တစ်နှစ်ပြည့်တွင်
ပြောကြားလိုပါတယ် ။

nargis to help

Wednesday, April 22, 2009

မြင်မြင်ချင်း ပတ်ပျိုး



ရင်မှာ ဖြစ်ထွန်း
အချစ်သစ်နယ် တစ်ကျွန်းမှာ
ထင်ကာ အုပ်ဆိုင်း
ရင်ခုန်သံတို့ မိုးထစ်ထစ်ချုန်း၍
လောကတွင် ပြိုင်ဘက်မရှိ
ငါ့အချစ်က ကြီးကျယ်နေရော့သလား ..... ။
မင်းနဲ့အခု တခဏတာအတွင်း
တွေ့တွေ့ခြင်းမှာပင် အသက်ရူဖို့ခဏ
ငါမေ့လျော့ခဲ့၏ .... ။
` အော် ... ဒါဟာအချစ်လား ´
ရင်ထဲမှာ ကြိတ်ကာညည်းထွား
အသံလှိုင်းတို့ ကတုံကယင်နှင့်
ငါ့နှယ် စကားတွေထစ်ငေါ့
မင်းအလှအောက်ဝယ် ချာချာကာလည်
ငါတကယ်ပဲ နစ်မြုပ်ရတော့မည်လား ........... ။
မျက်နှာလေးမော့ မာနလေးတင်းထားပုံက
လှသထပ် လှလွန်းနေပါပိ
ရင်ထဲမှာပူနွေး ချစ်စရာကောင်းလိုက်တာ
မိန်းခလေးရယ် ..... ။
နင်ဘယ်လိုနည်းလမ်းတွေနဲ့
အလှတွေကို ချယ်ရယ်ပြီး
လှချင်တိုင် လှနေရတာလဲ ..... ???
ငါဒီမှာ ရင်ခုန်သံတွေကိုထိမ်းချုပ်မရ
အရူးမီးဝိုင်း အချစ်ဗျာပါဆိုင်း
ပုံမလာ ပန်းပျက်
အခုမြင် အခုခိုက်
အမှန်တကယ်ကြိုက်မိသွားတာကြောင့်
မင်းအကြောင်းလေးတစို့တဆ
ငါလေအစအနကောက်ချင်တာမို့
မင်းနဲ့ပတ်သက် ဇာတ်လမ်းတကွက်
ငါမဖြစ်မနေ ရေးစပ်ကာပတ်ပျိုး
အချိုးကျသီကုံးရတော့မည်လေ ..... ။
( ဘုရား.......ဘုရား...........ကံကောင်းပါစေ )
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...