တိတ်စိတ်နေတဲ့ည
အဲ့ဒီညမှာ ငါမွန်းကြပ်နေခဲ့တယ်....
အရာရာထိန်းချုပ်လို့မရတဲ့ ငါ့စိတ်တွေ
ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်.....
တကယ်မမှားနိုင်တဲ့ ပုဒ်စာအောက်မှာ
ငါတွက်ရခက်နေခဲ့တယ်....
လေးနက်တဲ့အရာတွေက ကျော့ကွင်းတူတယ်
ဟန်ဆောင်အပြုံးတွေကို ငါမုန်းတယ်....
နင်လိမ်နေတာ ငါသိတယ်
ငါနင့်ဆီက ရှင်းပြမဲ့အရာတွေ
မြောင်းထဲ သွန်းချပစ်လိုက်တယ်....
တခါတလေကြရင် ခံပြင်းလွန်းလို့
တောက်ခေါက်မိတယ်....
မာနဆိုတာ ဝတ်ထားတဲ့ပုဆိုးလောက်မှ
ငါမမြဲပါလားဆိုပြီး ငါ့စိတ်ကိုငါ
အသေသတ်ပစ်ဖို့ ကြိုးစားမိတယ်.....
နင်နဲ့ကြမှ ကျခဲ့ရတဲ့ ငါ့မျက်ရည်တွေကို
ငါသနားလာမိတယ်....
ကျပြီးသားမျက်ရည်တွေ ခန်းခြောက်လွယ်ပေမဲ့
ဒဏ်ရာတွေကုစားလို့မရဘူး.....
သတ်ပစ်ချင်လောက်အောင်မုန်းတဲ့
အမုန်းဆုံးလူတွေစာရင်းထဲ နင်မပါအောင်
ငါကြိုးစားနေရတယ်....
ဟန်ဆောင်မှုကင်းကင်းနဲ့
တစ်ဘဝလုံးစတေးပြီးချစ်ရတာ
တခါတလေကြရင် နင်လုပ်ရပ်ကြောင့်
မတန်သလိုပဲ သဲရယ်....
ငါနဲ့ဝေးရာ ငါ့မျက်စိအောက်က
နင်ထွက်သွားပါတော့ဟာ..