ဒီနေ့ဟာ ချစ်သူကိုလွမ်းဖို့
သပ်မှတ်ထားတဲ့ နေ့လား
အဲ့ဒါဆို မနေ့ကငါဘာလို့
သူ့ကို လွမ်းခဲ့လဲ
အလွမ်းတွေကို စည်းကမ်းမရှိချသုံးပြီး
ငါလွမ်းချင်သလို လွမ်းနေလိုက်တာ
တရားဥပဒေနဲ့မှ ညှိရဲ့လား
တော်ကြာဖြင့် အချစ်ပုဒ်မ ၁၅၀၀နဲ့
ငါ့ကိုတရားစွဲနေလို့ ငါ့မှာသက်သေဆိုတာ
ဒီကဗျာတစ်ပုဒ်ကလွဲပြီး အားကိုးစရာမရှိဘူးလေ
ဒါကြောင့် ....
အလွမ်းတွေကိုစုစည်းပြီး
ကဗျာတစ်ပုဒ်အသွင်ပြောင်းကာ
ငါဖန်ဆင်းလိုက်တော့ အလွမ်းတွေက
ခုံရုံးမှာ ဖြေရှင်းဖို့
စာသားတွေမြောက်လာသလိုပဲ .... ။
ဒီလိုနဲ့ ... ... ...
ဖြေရှင်းချက်တွေက အရမ်းချစ်ခဲ့မိလို့
အရမ်းလွမ်းတာပါတဲ့
အဲ့ဒီအတွက်ကြောင့်
စည်းကမ်းမရှိ လွမ်းရတာပါတဲ့
မင်းကိုချစ်ခဲ့တာတော့ ငါဘက်က
စည်းကမ်းရှိရှိနဲ့ချစ်ခဲ့တာပါတဲ့လေ .... .... ။
တခါတလေ ....
မျက်ရည်များကျလုမတက်လွမ်းမိတာကြောင့်
လွမ်းချိန်ကိုမေ့လျော့ကာ လွမ်းမိလွမ်းရာလွမ်းလိုက်တာပါတဲ့
ဒါအတွက်ကြောင့် ငါ့ကိုစည်းကမ်းမရှိဘူးလို့
မင်းမထင်ပါနဲ့ ငါဟာစည်းကမ်းရှိတဲ့
အလွမ်းရှင်တစ်ယောက်ပါနော် .... ။
ခုံရုံးပေါ်တင်ကာ ငါ့အလွမ်းတွေကို
ဈေးမဖြတ်ပါနဲ့ ချစ်သူရယ် ....
ငါအပေါ်ကဖြေရှင်းချက်တွေလို
မင်းရှေ့မှာ ရင်မဖွင့်ချင်ဘူး
ဘာလို့လဲဆိုတော့
ယောကျာင်္းတန်မဲ့ မျက်ရည်ကျမှာဆိုးလို့လေ... ... ...။
သပ်မှတ်ထားတဲ့ နေ့လား
အဲ့ဒါဆို မနေ့ကငါဘာလို့
သူ့ကို လွမ်းခဲ့လဲ
အလွမ်းတွေကို စည်းကမ်းမရှိချသုံးပြီး
ငါလွမ်းချင်သလို လွမ်းနေလိုက်တာ
တရားဥပဒေနဲ့မှ ညှိရဲ့လား
တော်ကြာဖြင့် အချစ်ပုဒ်မ ၁၅၀၀နဲ့
ငါ့ကိုတရားစွဲနေလို့ ငါ့မှာသက်သေဆိုတာ
ဒီကဗျာတစ်ပုဒ်ကလွဲပြီး အားကိုးစရာမရှိဘူးလေ
ဒါကြောင့် ....
အလွမ်းတွေကိုစုစည်းပြီး
ကဗျာတစ်ပုဒ်အသွင်ပြောင်းကာ
ငါဖန်ဆင်းလိုက်တော့ အလွမ်းတွေက
ခုံရုံးမှာ ဖြေရှင်းဖို့
စာသားတွေမြောက်လာသလိုပဲ .... ။
ဒီလိုနဲ့ ... ... ...
ဖြေရှင်းချက်တွေက အရမ်းချစ်ခဲ့မိလို့
အရမ်းလွမ်းတာပါတဲ့
အဲ့ဒီအတွက်ကြောင့်
စည်းကမ်းမရှိ လွမ်းရတာပါတဲ့
မင်းကိုချစ်ခဲ့တာတော့ ငါဘက်က
စည်းကမ်းရှိရှိနဲ့ချစ်ခဲ့တာပါတဲ့လေ .... .... ။
တခါတလေ ....
မျက်ရည်များကျလုမတက်လွမ်းမိတာကြောင့်
လွမ်းချိန်ကိုမေ့လျော့ကာ လွမ်းမိလွမ်းရာလွမ်းလိုက်တာပါတဲ့
ဒါအတွက်ကြောင့် ငါ့ကိုစည်းကမ်းမရှိဘူးလို့
မင်းမထင်ပါနဲ့ ငါဟာစည်းကမ်းရှိတဲ့
အလွမ်းရှင်တစ်ယောက်ပါနော် .... ။
ခုံရုံးပေါ်တင်ကာ ငါ့အလွမ်းတွေကို
ဈေးမဖြတ်ပါနဲ့ ချစ်သူရယ် ....
ငါအပေါ်ကဖြေရှင်းချက်တွေလို
မင်းရှေ့မှာ ရင်မဖွင့်ချင်ဘူး
ဘာလို့လဲဆိုတော့
ယောကျာင်္းတန်မဲ့ မျက်ရည်ကျမှာဆိုးလို့လေ... ... ...။
No comments:
Post a Comment