အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...

မယား ( ၇ ) မျိုး ၊ လင် ( ၈ ) မျိုး  

Sunday, October 11, 2009


မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊
သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊
အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊
ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊
နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊
ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊
ကျွန့်နှယ်အလား ၊
ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊
တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။

( က ) ခိုးသူနဲ့တူတဲ့မယား ၊
( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊
( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယား
အဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့ …
( ဃ ) အမေနဲ့တူတဲ့မယား ၊
( င ) နှမနဲ့တူတဲ့မယား ၊
( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊
( ဆ ) ကျွန်မနဲ့တူတဲ့မယား ၊
ဒီလေးမျိုးကောင်းတယ်သေတဲ့ အခါနတ်ပြည်ရောက်မယ်တဲ့ သူငယ်ချင်းတို့ရေ …

တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေ
ဟာ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြပါတယ် ။
ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ် “ ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာ
လဲ” မေးတော့ -
အနာသပိဏ်သူဌေးကြီးဟာ အရှက်ရတဲ့မျက်နှာနဲ့ -
“ မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ် ။ ဒီကလေးမဟာ ယောက္ခမ
လင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး ၊ ဘယ်သူ့ကို
မှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား” လို့လျှောက်ပါတယ် ။
“ ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး” ဆိုပြီး မြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့ …
( က ) ခိုးသူနဲ့ တူတဲ့မယား ၊
လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ၀ယ်ခြမ်းစားသောက် ၀တ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။

( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊
အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုင်လိုမင်းတက် ယောကျာင်္းကို ပြောဆိုဆက်ဆံတာ ၊ လင်သားရဲ့ ဆွေးမျိုးအသိုင်း အ၀ိုင်းကိုပါ မောက်မာစွာ
ဆက်ဆံတာ ၊

( ဂ ) သူသတ်ကောင်နဲ့ တူတဲ့မယား ၊
လင်သားအပေါ် ပြစ်မှားလိုစိတ်ရှိတာ ၊ ပြဿနာပေးတာ ၊ ဂျီတိုက်တာ အလေးမထားတာ ၊ တခြားယောကျာင်္းတစ်ဦးအပေါ်တပ်မက်တာ ၊ လင်သားအပေါ်ငြူစူနေတာ ။

( ဃ ) အမေနဲ့တူတဲ့မယား ၊
လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့်
ရှောက်တာ ၊ အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြောဆိုတတ်တာ ။

( င ) နှမနဲ့တူတဲ့ မယား ၊
အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊ စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊

( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊
လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။

( ဆ ) ကျွန်မနဲ့ တူတဲ့မယား ၊
လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။
“ သုဇာတာ - ဒီ ( ၇ ) မျိုးမှာ သင် ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲ” လို့ဘုရားရှင်ကမေးတော့ “ မှန်လှပါဘုရား ၊ တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ၀န်ခံခဲ့သတဲ့ ။
ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး ၊
- လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊
- လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊
- မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊
- အနာဒရ ၊ ပြုတတ်စွာရှင့် ။
( မဃဒေ၀ / ၂၉၇ )

( က ) ဆင်းရဲတဲ့လင် ၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာ မှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။

( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင် ၊ ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊

( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင် ၊ ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ၊

( ဃ ) ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမ၀င်တဲ့လင်မျိုး ။

( င ) ဖျင်းတဲ့ အ , တဲ့လင် ၊ သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အ, တယ် န, တယ်တဲ့ ၊ အ, တာက အောက်တန်းကျတာ ၊ န, တာက နောက်တန်းနေရာရောက်နေတာ ။

( စ ) ပျင်းတဲ့လင် ၊ လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ၀ီရိယ လုံ့လမရှိတဲ့လင် ။

( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင် ၊ ဇနီးက ငယ်ငယ်လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရ ။

( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင် ၊ အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့ … သူငယ်ချင်းတို့ရေ ဒီလောက်ပါပဲကွာ …
တွင်းသင်းမင်းကြီး ဦးထွန်းညိုရဲ့ သလ္လာတိယပျိှု့မှာလာတဲ့ ကဗျာတစ်ပိုဒ်နဲ့ အလည်လာတဲ့ သူငယ်ချင်းများကို ဆုတောင်းပေးလိုက်ပါတယ် ….
သောင်းပြင်ဇ္ဗူ ၊
မိတ်စုံသူတို့ ၊
သည့်သူနိုးနိုး ၊
နည်းယူခိုးလျက် ၊
ချစ်ကြိုးမပြတ် ၊
ဆင့်ဆင့်ပတ်၍ ၊
ကြင်မြတ်လေးကြစေသတည်း ။
ဘလ္လာတိယပျို့ - နိဂုံး ( ၁ )

သူငယ်ချင်းအားလုံးအတွက် ရေးပြီးတင်လိုက်တာပါ ၀ါကျွတ်လက်ဆောင်ပို့စ်လေးပါနော် …

( ၁၉၉၄ ခုနှစ် ၊ ဇွန်လထုတ်ရွှေစက်တော်အရှင်တေဇောဘာသ ရေးသားပြုစုသည့် “ ဆွမ်းစား ကွမ်းစား” တရားတော်များ စာအုပ်မှ ကောက်နုတ်တင်ပြသည် ) စာမျက်နှာ ၄၄ မှ ၅၀ ထိ …

Links to this post Email this post

အစရှိတဲ့အဆုံး  

Monday, August 24, 2009

ဆက်သွယ်မှုမဲ့တဲ့ စတင်မှုတွေဆီ
လွမ်းဆွတ်ခြင်းနဲ့ မျှော်လင့်ရာသီမှာ
ပျံသန်းရင်းနဲ့ အဆုံးမဲ့ခဲ့ပါပြီ ...

Links to this post Email this post

မင်းမရှိတဲ့အရပ်ဒေသ ငါဖြစ်ပျက်ခဲ့သမျှ  

Monday, August 3, 2009

မင်းမရှိတဲ့ အရပ်ဒေသ
နေရတာ ပျင်းတိပျင်းခြောက်နဲ့
ရင်ခွင်မှာ ဟာတာတာ
ပြည့်စုံမှုမရှိတဲ့ နာရီလက်တံ
ရိုက်ချက်တွေကို ကြည့်ရင်း
သက်ပြင်းတွေ အခါခါချ
ငါ့ကိုယ်ငါ ဘ၀င်မကျ
ထိုင်နေရမလိုလို ထပဲသွားရမလိုလို
စိတ်ထဲမှာ အလိုမကျ
ပူတိပူဆာ ဟာတိဟာတာနဲ့
စပ်ဖျင်းဖျင်း အလွမ်းတွေက
ခံရခက်ဆိုး ညဆိုအတွေးကတစ်မျိုး
တရေးကနိုးနဲ့ အိပ်လို့ကမရ
ငါ့နှယ်ဒုက္ခ ပတ်ဝန်းကျင်ကိုအလိုမကျ
ကံကြမ္မာကို အပြစ်တွေပုံချ
ငါတစ်ယောက် လူတွေကြားမှာ
ထော်လော်ကန့်လန့်နဲ့ နေရတာအထိုင်မကျ
ကုန်းကုန်းကွကွနဲ့ ကဗျာရေးလိုက်
မှောက်ရက်တွေးလိုက် အရက်ဆိုင်ပြေးလိုက်နဲ့
အချစ်ကြောင့် ပျာရာတွေခက်
ရောက်တက်ရာရာတွေးလိုက် ရောက်တက်ရာရာဆွေးလိုက်နဲ့
ပုံပျက်ပန်းပျက် အတွေးတွေရောက်ရက်ခက်
နှလုံးသားကို ထိုးနှက်
ရင်ခွင်တစ်ခုလုံး စုတ်ပျက်သက်
နေရတာ ပူစပ်စပ်
ခြောက်ကပ်ကပ် ကဗျာတစ်ပုဒ်က
မျက်ရည်လေး စို့တို့စက်တက်
အေးစက်စက်နဲ့ ခါးသက်စွာ
ငါကြိတ်ငိုချလည်း လွမ်းဆွတ်မှုကိုဖြေသိပ်မရ
မင်းမရှိတဲ့ အရပ်ဒေသ
ငါကဗျာရေးလို့တောင် အလွမ်းစကားလုံးတွေသီကာထပ်
ရင်ခွင်တစ်ခုလုံးလဲ ကြည့်ရက်စရာတောင်
မရှိတော့ဘူး စုတ်ပျက်သက်ကုန်ပါပြီ
ချစ်သူရယ် ....... ။

Links to this post Email this post

အိပ်ရာထဲက အတွေးတစ်ပုဒ်  

Friday, July 24, 2009


ဟိုအဝေးကို မျှော်ငေးမိတော့
ဟိုအဝေးတစ်နယ်က ချစ်သူကို
လွမ်းမိပါတယ် ...
တစ်ပတ်လောက် ဆက်သွယ်မှုမဲ့ယုံနဲ့
အသဲက တဆစ်ဆစ်ဖြစ်ကာ
နာကျင်လွမ်းရှ အလွမ်းတို့
ပူလောင်လှပါတယ်လို့ မင်းကိုပြောရင်
ယုံပါ့မလားချစ်သူ ...
တစ်ကိုယ်ရေ တမ်းတနေရလို့
အဖော်မရှိပေမဲ့ မင်းဓါတ်ပုံလေးကြည့်ကာ
ဟို...... အနာဂတ် မျှော်ငေးမိပါတယ်
ငေးရင်းနဲ့ တွေးမိတယ်ဆိုရင်ပဲ
ရေရာတာတွေရော မရေရာတာတွေရော
သေချာတာတွေရော မသေချာတာတွေရော
မရေရာတာတွေခြားက ရေရာတာလေးရယ်
မသေချာတာတွေခြားက သေချာတာလေးရယ်
တွေးတွေးပြီး ယုံကြည်ချက်ကိုအုတ်မြစ်ချကာ
ငါတစ်ကြိမ်မက ကြိုးစားခဲ့ဖူးပါတယ် ချစ်သူ...
အခု.... ငါနေမကောင်းနေလို့
အိပ်ရာထဲမှာ မင်းနဲ့ဘယ်လိုနီးအောင်ကြိုးစားရမလဲ
စဉ်းစားရင်းနဲ့ အဖျားတက်နေတယ်ချစ်သူရေ ...
အပူချိန်က 100ကျော်ယုံလေးမို့
မင်းဓါတ်ပုံတစ်ချို့ထုတ်ကြည့်ကာ ချွေးထုတ်နေမိတယ်ချစ်သူ...
ဒါတွေကို မင်းသိပါ့မလား
မသိတာပဲကောင်းပါတယ် ချစ်သူရယ်
မင်းသိရက်နဲ့ ငါ့အနားကိုမလာနိုင်ရင်
ခံစားရမဲ့ ငါ့အဖြစ်က
ပိုဆိုးလွန်းလို့ ဒီအတိုင်းလေးပဲ
ချစ်သူကိုမျှော်ငေးကာ သတိတရလွမ်းနေမိပါတယ် ...

Links to this post Email this post

ဆေးရုံတက်ခိုက် ... ( 8 th 11:45 to 14 th 11:00 )  

Sunday, June 14, 2009


လူသုံးဦးဆုံစည်းရာ နေရာ
အဲ့ဒီသုံးဦးပဲ အရောင်မျိုးစုံ
အသွင်မျိုးစုံနဲ့ ၀င်ချည်းထွက်ချည်း
ခြေချင်းလိမ်နေတဲ့ နေရာ
အဲ့ဒီနေရာ ငါရောက်ခိုက်မှာ ...
အသွင်မျိုးစုံ ဟန်ဆောင်ထားတဲ့
လူသုံးဦးကို ငါကိုယ်တိုင်တွေ့နေရတယ်
ငါလဲ အဲ့ဒီထဲမှာတစ်ဦးအဖြစ်ပေါ့
အသွင်းမျိုးစုံဟန်ဆောင် ၀တ်စားဆင်ယင်ထားပေမဲ့
ထိုလူတွေထံမှ ညည်းသံတွေမှတပါး
တခြားဘာသံမှ သဲသဲကွဲကွဲမကြားရဘူး .... ။
ငါတစ်ယောက်တည်းမဟုတ်ပါဘူး
ငါ့ဘေးနား ငါ့အနားတ၀ိုက်မှာလဲ
အသက်ကိုမနည်းမှန်အောင် ရူနေကြရတယ် .. ။
တချို့ကလည်း နာကျင်လို့
ညည်းငြူးလူးလဲနေတဲ့သူတွေ
ထိုလူတွေရဲ့ကြား ခြေချင်ရှုတ်ကာ
အလှချင်ပြိုင်နေသူတွေက
အလုပ်သင်ဆရာဝန်မလေးတွေပါ
တချို့ကစေတနာနဲ့ တချို့ဆူပုပ်ပုပ်နဲ့
ငါဆရာဝန်ဆိုတဲ့ ဂုဏ်ပုပ်ကို
အပီယူထားကြတယ် ... ။
ထိုကြားထဲ ထိုကြားထဲမှာ
အသက်လုနေသူတွေ တိမ်ရှောင်ရင်
ဆေးကျောင်းနောက်ဆုံးနှစ်တွေက
ကျော့ကျော့မော့မော့ ယူနီဖောင်းအပြည့်နဲ့
ရီသံတွေနှောနေကြတယ် ... ။
ငါပြောတာမမှားလောက်ပါဘူး
ငါ့စကားတွေ ဆိုရုံရှိသေး
ခြောက်ကပ်ကပ်အသံနဲ့ ဒီဒုက္ခတစ်ယောက်
ဆရာဝန်တွေ လက်မြှောက်ကာ
အိမ်ပြန်ရတော့မည်လေ .... ။
စိတ်မကောင်းပါဘူး ကုလို့ကိုမရတဲ့
အစွန်းဆုံးကို ရောက်နေလို့ပါတဲ့
အော် ... ဒါဆိုရင်
ငါဘယ်အဆင့်မှာရှိလဲလို့ သိချင်ဇောနဲ့
ဆရာမကိုမေးကြည့်လိုက်တော့
ငါ့ရောဂါအစအဆုံးကို နောက်ကြောင်းပြန်ပြီး
ပြောပြနေရတယ် ..... ။
ဒါက နောက်တစ်ယောက်မို့
ငါ့အကြောင်း တစို့တဆ
သူမသိလေခြင်းဆိုပြီး
စီကာပတ်ကုံး ပြောပြနေရတာပါ
ငါ့အလှည့်ဘယ်တော့လဲ သိချင်ဇောနဲ့ပေါ့
ဆရာမက ပြောလိုက်ပါတယ်
နင်လဲမကြာခင် ဆင်းရမှာပါတဲ့
" ဗျာ ...... ......... ....... "
" နေကောင်းလျက်နဲ့ ဆင်းရမယ်လို့ပြောတာ "
အော် ... တော်ပါသေးရဲ့ ... ။
လူနာဘက်က သေရမှာကြောက်နေပေမဲ့
ဆရာဝန်တစ်ယောက်အနေနဲ့တော့
လူနာတစ်ယောက် သေသွားတာမစမ်းပါဘူးလေ ..... ။
ငါ့နှယ် ကျေးဇူးရှင်များ
ကျေးဆွတ်မိနေလား ပြန်ပြီးပြန်ပြီးစဉ်းစားကြည့်မိလေတော့
ကန်တော့ကန်တော့လို့ စိတ်ထဲမှာ
ကြိတ်တောင်းပန်ရင်း ...
ဆရာမဖြစ်စ အသစ်စက်စက်လေး
လေးငါးခြောက်ယောက် မျက်လုံးထဲပြေးမြင်ယောင်မိတယ်
လှလိုက်တာလို့ နုတ်ကရေရွတ်မိတော့
ကိုယ့်လိပ်ပြာကို ကိုယ်မလုံဘူးဖြစ်နေတယ်
ဘာကြောင့်လဲလို့စဉ်းစားမိတော့
ကျွန်တော့ကိုပြစ်ထားတဲ့ ချစ်သူမိရက်စက်က
ရင်ခွင်နှလုံးသားတစ်ခုလုံး သိမ်းပိုက်ထားခဲ့ပြီလေ ... ။
ဒါနဲ့ဒါနဲ့ပဲ အိပ်မရလို့အတွေးတွေ
ဖြန့်ကျက်နေလိုက်တာ
ဆရာဝန်ဆေးထိုးဖို့ အနားရောက်မှ
ကဗျာကယာစာအုပ်ကိုသိမ်းရင်း
သန်ခေါင်ယံထက်ကျွန်တော်တစ်ယောက်တည်း
သူငယ်ချင်းတွေကိုလွမ်းရင်း အိမ်ပြန်ဖို့ရက်
မျှော်နေမိတယ် ... ။

( ဆေးရုံသို့သတင်းမေးလာကြသောသူငယ်ချင်းအားလုံးကို အရမ်းကျေးဇူးတင်သလို မသိလို့မလာနိုင်ကြ သိရက်နဲ့ မအားလို့မလာနိုင် ဝေးလွန်းလို့ မရောက်လာနိုင်ကြတဲ့ သူငယ်ချင်းတွေလဲ အရမ်းသတိရပါတယ် ဆိုတဲ့အကြောင်းနဲ့ ကျွန်တော် ဌာနေကိုခေတ္တခဏအနားယူ ပြန်သွားပါတယ် ... ကျွန်တော့်ကိုအမြဲတမ်းသတိရ နေပေးပါနော် ....... အားလုံးအားလုံးကိုခင်မင်လျက် .... ။ )
ကျော်သူဟိန်း (မျှော်လင့်ခြင်း)

Links to this post Email this post

နင်နဲ့ငါနဲ့ … ငါနဲ့နင်နဲ့  

Sunday, June 7, 2009


နင်ကပြောတယ် ငါ့မှာချစ်သူရှိတယ်တဲ့
ငါကပြောလိုက်တယ် နင်ကအရမ်းလှတာပဲလို့
နင်ကပြန်ပြောတယ် နင်အခုမှသိတာလားတဲ့
ငါကပြန်ပြောလိုက်တယ် ငါသိတာကြာပါပြီလို့
နင်ကနှစ်သက်စရာအပြုံးနဲ့ ငါ့ကိုချော့သိပ်ခဲ့တယ်
ငါကတော့ နင့်အပြုံးတွေရဲ့ရှေ့
နင့်စကားလုံးတွေရဲ့အောက်မှာ
ငါ့ကိုငါဟန်ချက်ထိန်းရင်း အိမ်ပြန်နောက်ကျခဲ့ရတယ် … ။
နင်မမှားပါဘူးချစ်သူ ငါကသာရင်ခုန်သံတစ်ဖက်သပ်နဲ့
ငါ့ကိုငါ အသက်သွင်းနေမိသူပါ … ။
နင်ဘက်ကဖြူစင်ပါတယ် ငါ့ကိုသူငယ်ချင်းပဲတဲ့လေ
ငါကအရောင်ဆိုးဖို့ကြံရွယ်နေတဲ့ ရူးမိုက်နေသူပါ … ။
နင်ငါ့အပေါ် အရောင်ပြောင်းလေနိုးနိုးနဲ့
ငါ့စကားလုံးတွေ နင့်အပေါ်မှာနယ်ကျွန်ခဲ့မိရင်
နင့်သူငယ်ချင်းတစ်ယောက်အနေနဲ့ နာလည်ပေးပါဟာ … ။
ငါ့ကိုငါမဖြစ်နိုင်မှန်းတော့ သိပါတယ်ချစ်သူ
နင့်ဆီကမေတ္တာတစ်ချို့ သူများဆီရောက်နေတဲ့
ငါလိုချင်တဲ့ အရာအားလုံး ငါရအောင်ယူဖို့
နင်မသိအောင်ကြိုးစားနေမိတယ် … ။
ငါတကယ်ပဲ တစ်ဖက်သက်ဆန်နေပြီလား
နင်ပုံရိပ်တွေ အမြဲတမ်းစိုးမိုးနေတဲ့
ငါ့နှလုံးသားက တစ်ခါတစ်ရံမဟုတ်ပဲအမြဲတမ်းလိုလို
နင်ဆိုမှနင်ပဲဖြစ်နေလို့ ဟန်မဆောင်နိုင်ပဲ
ငါ ….. မျက်နှာပြောက်တိုက်ခဲ့ရတာပါ
နင့်ရှေ့မှာရီသံတွေနှောကာ ပျော်ပျော်ပျက်ပျက်ပြောနေပေမဲ့
ငါ့ရင်ထဲက နင့်ကိုချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကတော့
နင်မမြင်နိုင်တဲ့ ငါ့နှလုံးသားကပေါက်ဖွားလာတာပါ … ။
ငါမ၀ံ့မရဲဝင်ခံရရင် သူငယ်ချင်းရယ် ..
နင့်ကိုဘယ်၍ဘယ်မျှ ဘယ်လောက်ထိချစ်ပါတယ်ဆိုတာ
ငါဖွင့်ဟချင်ပါရဲ့ ငါ့စကားလုံးတွေ
နင့်အပြုံးအောက်မှာ ကျပျောက်မှာဆိုးလို့
ငါ့ကိုငါနှစ်သိပ်ရင် ရင်ထဲကစကားတွေ
နင့်ရှေ့မှာ ဟာသဖြစ်ခဲ့ရတယ် … ။
ငါနင်နဲ့ပတ်သက်လို့ တွေးရင်းနဲ့ဆွေးခဲ့ရတဲ့နေ့တွေ
နင့်အကြောင်းစဉ်းစားရင်း ဆွေးရင်းနဲ့ခြောက်သွေ့ခဲ့ရတဲ့ရင်ခုန်သံတွေ
ငါတစ်ယောက်တည်း အနာတရနဲ့ပစ်လဲခဲ့ပေမဲ့
နင့်ရဲ့ငါ့အပေါ်ခင်မင်မှုတွေကြောင့် ငါ့ရင်ခုန်သံတို့နွေးထွေးခဲ့ရတယ် … ။
ငါဝန်ခံပါတယ်ချစ်သူ နင့်ကိုချစ်နေမိသူပါလို့
နင်နဲ့ငါနဲ့ သူငယ်ချင်းသံယောဇဉ်ကြိုး ဘယ်အချိန်ထိ
ငါတို့ခိုင်မြဲကြမလဲဆိုတာ
ငါထင်ပါတယ်….
ငါဆက်ပြီဟန်ဆောင်ကောင်းနေရင်
ဟို…..တစ်ချိန်ထိ
နင်ရယ်ငါရယ်ပေါ့…. ၁၅၀၀ မဖြစ်နိုင်ခဲ့ရင်တောင်
၅၂၈ တော့သေချာပါတယ် သူငယ်ချင်းရယ် ( ချစ်သူရယ် ) ….. ။

Links to this post Email this post

မိုးနဲ့စခဲ့တဲ့မိုးပေးတဲ့အလွမ်း  

Saturday, May 23, 2009


ခြောက်ကပ်နေတာက ငါ့ရင်ခွင်ပါ
မွန်းကြပ်နေတာက ငါ့အတွေးတွေ
စဉ်းစားနေတာက ချစ်သူ့အကြောင်းပါ
လွမ်းနေတာက ချစ်သူပုံရိပ်တွေပေါ့
တရိပ်ရိပ်ပုံဖော်ရင်း အလွမ်းကိုပီပြင်အောင်
ငါနိုးဆွဖို့ မင်းနဲ့ပတ်သက်ဖြစ်ပျက်ခဲ့သမျှ
အစအဆုံးကို နောက်ကြောင်းပြန်နေမိတယ် ... ။
September လ ညနေခင်း
မိုးတွေအရမ်းရွာနေတယ် ...
မိုးရယ်ဒီနေ့မှသဲလိုက်တာ
သဲကြီးမဲကြီးနဲ့ရွာလိုက်တဲ့မိုးက
ထီးမပါတဲ့ငါ့ကို နိုင်ထက်စီးနင်းလုပ်နေသလိုလို
ငါတစ်ယောက် Computer သင်တန်းအဆင်း
ကျူရှင်ရှေ့မှာ တွေးဝေနေခိုက်
ငါ့ဘေးနား ငါ့အကြားအာရုဏ်
နယ်ပယ်ထဲသို့ သံစဉ်တစ်ပုဒ်
စီးဝင်လွင့်မျော ငါနဲ့လိုက်ခဲ့ပါလားတဲ့
ရုတ်တရပ်တွေ့လိုက်ရတဲ့
မင်းကိုမြင်ဖူးနေပေမဲ့ အမှတ်တမဲ့ဆိုတော့
ငါမတောက်တခေါက် ရင်ခုန်လိုက်တယ်လေ
ဒါပေမဲ့ဟန်ချက်ကိုထိန်းရင်း မင်းထီးအောက်
ပြေးကာလိုက်ခဲ့မိတယ် ...
မိုးရယ်သဲလိုက်တာ ထီးတစ်ချောင်းထဲမှာ
ဘယ်လိုမှမလုံနိုင်တဲ့ အဖြစ်ကိုသိပါလျှက်
ငါဘာလို့များလိုက်ခဲ့မိတာဘာလိမ့်
သူ့ဘက်ကိုတိုးပြီးစောင်းပေးပြန်တော့
ညီတူညီမျှလုပ်ပါတဲ့ အော် ...
သူ့စိတ်ဓါတ်က ချစ်ဖို့ကောင်းနေသလိုလို
သူ့အနားဆီမှ ကိုယ်ငွေ့က
ကျွန်တော့်တစ်ကိုယ်လုံး သိစိတ်တွေကို
ဖမ်းချုပ်နှောင်ထားသလိုပဲ
သူထီးအောက်ပြေးထွက်သွားရမှာတောင်
စိုထိတ်နေသလိုလို ဒါနဲ့ဒါနဲ့ပဲ
ရင်ခုန်မှုနယ်ပယ်ထဲမှာ မျောလွင့်သွားလိုက်တာ
" နင်ဘယ်ပြန်မှာလဲ " မေးလာမှ
ကဗျာကယာအိနြေ္ဒကိုထိမ်း အသံကတုန်ကရင်နဲ့
အော်အော် .... ငါဒီ..ဒီလမ်းကိုပြန်မှာဟ
ဒီလိုနဲ့ သူထီးအောက်ကပြေးထွက်ခဲ့တယ်
ရင်ထဲမှာ ဟာသွားသလိုပဲ
ငါဘာတွေဖြစ်နေတာလဲ ရင်မခုန်ဖူးလို့လား
မိန်းခလေးတစ်ယောက်နဲ့ ထီးတစ်လက်ထဲအတူမလျှောက်ဖူးလို့လား
ငါ့ကိုငါမေးခွန်းတွေမေးနေမိနေပေမဲ့
ငါ့ကိုငါသူ့ကိုချစ်မိသွားတာမသိမိလိုက်ဖူးလေ
ကျရှုံးလွယ်တဲ့မင်းအလှအေက်မှာ
ရင်ခုန်မှုလွယ်တဲ့ငါ့နှလုံးသား
မင်းကိုတကယ်ချစ်မိသွားတာ အမှန်ပါ ...
တကယ်လို့ ငါကတစ်ဖက်သက်အချစ်ဆို
ဒုတိယလူအဖြစ်နဲ့ မင်းဆီမှာဆက်လက်ခံယူဖို့
ငါဝန်မလေးပါဘူးချစ်သူ ...
မင်းနဲ့တွေ့တိုင်းဟန်မဆောင်နိုင်ပဲ
ပျာယာခက်နေတဲ့ ငါနှလုံးသားက
တကယ်တော့အရူးပါ မင်းဆိုမှမင်းပဲ
အချိန်တိုင်းအချိန်တိုင်း စက္ကန့်တိုင်းစက္ကန့်တိုင်းမှာ
ငါလွမ်းနေတာပါချစ်သူ ...
အခုတော့ ငါတို့ဝေးခဲ့ကြပြီလေ
သူငယ်ချင်းလိုလို ချစ်သူလိုလိုနဲ့
မင်းငါ့ကိုပုံပြောကောင်းခဲ့တယ် ...
မင်းကိုယ်တိုင်ကမဟုတ်ပါဘူး
မင်းအမူအရာတွေအောက်မှာ အလုပ်ရှုပ်ခဲ့တဲ့ ငါပါ....
တကယ်လို့ အဲ့ဒီနေ့
အဲ့ဒီအချိန်မိုးများမရွာခဲ့ရင်လေ
ဘယ်လောက်ကောင်းလိုက်မလဲချစ်သူရယ်
အခုတော့ အလွမ်းတွေနဲ့တောင်တမ်းတခွင့်မရှိတော့တဲ့
ငါ့အဖြစ်ကိုနင်ကိုယ်ချင်းမစားနာခဲ့ရင်တောင်
နင့်မင်္ဂလာဆောင်မှာ ငါ့ကိုဖိတ်သင့်ပါတယ်ချစ်သူ
ငါဟာနင့်အတွက် အသုံးမ၀င်ခဲ့မှန်းတော့သိပါတယ်
အသုံးဝင်နိုးနိုးနဲ့ ကြိုးစားခဲ့ရတဲ့
ငါ့အချစ်တွေကိုတော့ ချက်ချင်းကြီးဥပေက္ခာမပြုသင့်ပါဘူးချစ်သူ
အခုတော့ နင့်စိတ်ထဲရင်ထဲမှာ
ငါလုံးဝမရှိဘူးဆိုတာ ပေါ်တင်ကြီးသိလိုက်ရတယ်
နင်နဲ့ပတ်သက်တဲ့ နင့်အကြောင်းတွေရေးထားတဲ့
ဒိုင်နာရီစာအုပ်အဟောင်းလေရယ်
ငါခိုးရိုက်ခဲ့တဲ့ နမ်းရှိုက်ခွင့်မရတော့တဲ့
နင်ဓါတ်ပုံ ... ငါငေးကြည့်ခွင့်မှမရှိတော့တာ
နင့်ဆီပြန်ပို့ဖို့စဉ်းစားရင်း ပြန်သိမ်းနေတဲ့
ငါ့လက်ဖ၀ါးတွေက တုန်ရင်နေတယ်ချစ်သူ
ငါဒီဓါတ်ပုံလေးကို မစွန့်လွှတ်နိုင်တော့ဖူးထင်တယ်နော်

Links to this post Email this post

Design by Amanda @ Blogger Buster