Friday, September 22, 2017

Sunday, February 12, 2017

မူးပြီးအိပ်ငိုက်သွားတဲ့ည
----------------------------

အေးစက်စက်နဲ့ မထိတစ်ထိပြုံးသွားတယ်
အမှတ်မထင်ပေမဲ့ ရင်ကိုထိရှသွားသံက
အသဲတောင်ကြွေကျတော့မလိုလို

မာယာတွေအပြည့်နဲ့ နင့်ငါ့နောက်ကြော
ဓါးထောက်လိုက်တာ ငါမူးနေလို့မသိခဲ့တာလား

မင်းအလှမာနဆန်ခြင်းများကို ငါအတင်းဇွတ်ဝင်းကာ
မိုက်ရူးရဲဆန်ခဲ့တာ ငါ့ကိုငါတောင်
ငါမှန်းမသိခဲ့လိုက်ဖူး...,

အိမ်မက်တွေ အရည်ပျော်သွားချိန်
ငါလန့်နိုးချိန်မှာပေါ့ ငါမသိခြင်းများ
သဲထဲရေသွန်းသလို ဝါးတားတားအတိတ်မှာကျန်ခဲ့တယ်

လိုချင်တာနဲ့ ဖြစ်ချင်တာ
ဆန့်ကျင်ဘက်ဖြစ်နေခဲ့ရင်တောင်
ငါမသိစိတ်က မင်းအတွက်အလေးခိုးမိမှာ

မင်းနဲ့ပါတ်သတ်လာရင် ဒုက္ခဆိုတာ
ငါ့အတွက်မြောင်းထဲ ရောက်နေပေမဲ့
မင်းအတွက်က ငါကမနူးမနပ်ဒုတိယလူပါ

ယောကျာင်္းမာန တစ်ပြားတစ်ရွေးမှ
ထည့်မစဉ်းစားခဲ့တဲ့ငါ မနှစ်ကဗိုလ်စွဲခဲ့ပေမဲ့
ဒီနှစ်တော့ တန်းဆင်းဇုံကဆွမ်းဆီးတောင်
ဂိုးပြတ်ရှုံးလို့ပေါ့....

Thursday, January 12, 2017

မာနတွေရိုက်ခက်လို့ အတ္တဆန်ဆန်
ပြောထွက်ခဲ့တဲ့စကားလုံးတွေက
နင့်အဖို့ ဘာမှမဖြစ်ပေမဲ့
ခံရတဲ့ရင်ထဲ အသဲနှလုံးခွဲ
ဆားနဲ့ပတ်သလိုပါပဲဟာ....

တကယ်တမ်းပြောရရင် ငါ့မှာလဲမာနနဲ့ပါ
အရှူံးပေးပါတယ်ပြော လက်မြှောက်ထားတာတောင်
ဒူးပါထောက်ခိုင်းတဲ့ နင့်ရဲ့အတ္တတွေမှာ
ငါဒုတိယအကြိမ်မြောက် လက်မမြှောက်ပါရစေနဲ့

ငါအရှူံးသမားမဟုတ်ဖူး....



အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...