Saturday, December 16, 2023
သုံညဆိုတဲ့ ငါ့ရဲ့ ဘာမှမရှိခြင်း နုတ်ဆက်ခြင်း ကဗျာတစ်ပုဒ်
ငါ့တွင် ဘာမှမရှိ
မရှိခြင်းကို မရှိပါဘူးလို့
ချပြရအောင်လဲ ငါ့အဖို့ Zero ဇုံထဲ
ကိုယ့်ကိုကိုယ် တန်ဖိုးပြန်သင့်နေရတဲ့ဘဝ
တစ်ခါတစ်ရံကြတွေးမိတယ်...
သုံညဆိုတာ လူ့လောကထဲ
ရောက်လာကြတဲ့ လူတိုင်းအတွက်
လက်ဗလာပဲမို့လို့တွေးပြီး
လက်ထဲ အားအင်တစ်စုံတစ်ရာ
ဆုတ်ကိုင်မိလိုက်ခိုက်...
သုံည၏တန်ဖိုးကို မသိတဲ့လူတွေရဲ့
ကဲ့ရဲ့ရှုံ့ချမှုတွေအလယ်မှာ
အထင်အမြင်သေးခံကာ ခါးသက်ခြင်းစကားသံတွေကို ရင်းဆီးခံရင်း
မနက်ဖြန်မှာ ငါဘာဖြစ်မလဲ
ကိုယ့်ကိုပြန်တွေးရင်း
တာမွေ Sakura က ဆုလာတ် ကို
ခေါင်းထဲ စဥ်းစားမိလာခိုက်
အားအင်တွေ Power full ဖြစ်သွားတယ်
ကုန်လွန်ခဲ့တဲ့နေ့ရက်တွေက
မနက်ဖြန်မှာ ကျန်ခဲ့ပေမဲ့
ရင်ထဲကဆူးကို ဆွဲနုတ်ရင်း
ဖြေဆေးထိုးကာ
Music World ရောက်ခဲ့တော့
သဃန်းကျွန်း Music Zone က
ပန်းချယ်ရီက နန်းထိုက်တော်ဝင်ကလို
တေးသံကြားအလှဆင်ကာ
ငါ့ဘဝကို ချော့သိမ့်နေလေရဲ့...
ကုန်လွန်ခဲ့တဲ့.... ဟိုအတိတ်ကို
ငေးကြည့်ရင်းးး
တစ်ချိန်ကငါ
အခုငါ
ခြားနားခြင်းတွေက
မညီမျှခြင်း လမ်းမထပ်မှာ
အချစ်ဦးလို့ပြောရမဲ့
မုံရွာသူထံမှာ ရုန်းထွက်ရင်း
တောင်းတွင်းသူ မခင်နှင်းဆီထံ
မရောက်ခင်ဆက်ကြားမှာ
မျိုးကြီးသီချင်းလို
ဘဝကိုဖြေသိမ့်ခဲ့တာလားတွေးရင်း တွေးရင်းနဲ့ ငါဟာဘာကောင်လဲ
သုံညထဲက
သုံညပါလား
ငါ့ကိုငါပြန်စဥ်းစားရင်း
ငါ့အာဏာကို ငါပြန်သိမ်းပိုက်လိုက်ပြီး
အားလုံးနုတ်ဆက်ခဲ့ပါတယ်။
www.mhyawlintchin.blogspot.com
Subscribe to:
Posts (Atom)