Saturday, November 29, 2008

ငါသာဒုတိယလူဆိုရင်

လွမ်းတယ်လို့ မင်းရှေ့မှာ
ငါချညည်းဖို့ ငါဘက်က
ဘယ်လောက်ပဲ စိတ်အားထက်သန်နေနေ
မင်းဘက်ကတော့ နားထောင်ဖို့
စိတ်သုဉ်းနေပြီပေါ့ ...
ရပါတယ် ချစ်သူရယ်...
မင်းလုပ်ချင်တာ လုပ်ပြီး
ငါ့ဘ၀ထဲက ပြေးထွက်သွားနိုင်ပါတယ်
အသစ်တွေ့ရင်ပေါ့ ...
တကယ်လို့ ငါကိုယ်တိုင်က
ဒုတိယလူဖြစ်နေရင်လဲ
တတိယလူကို မင်းစိတ်တိုင်းကျ
ရွေးနိုင်ပါတယ် . . . ။
ရင်ခုန်တိုင် အချစ်မဟုတ်ဘူးလို့
မင်းပြောခဲ့စဉ်က ငါသဘောပေါက်သင့်ပါတယ်လေ
ငါ့အတွက်က အချိန်ရယ်နှောင်းခဲ့ပြီမို့
တကယ်လို့ . .
မင်းစွန့်ခွါ ပြစ်ထားခဲ့ရင်
ငါဟာ အမှိုက်တစ်စလောက်မှ
တန်ဖိုးမရှိနိုင်တော့ပါဘူး
မင်းမရှိရင် ငါ့ဘ၀ဟာ
သေလူဖြစ်နေသည်မို့
လှည့်ထွက်လို့ စွန့်ခွါတော့မယ်ဆိုရင်လဲ
အပြုံးတစ်ချက်နဲ့တော့ နုတ်ဆက်မထားခဲ့ပါနဲ့ချစ်သူ
ရင်နာအောင် ပါးတစ်ချက်အစား
အသဲကိုခွဲ ရင်ဝကိုစူးရှတဲ့
စကားလုံးဓါးသွားနဲ့ဖြစ်ဖြစ်
သေအောင်ထိုးခွဲခဲ့ပါ . . . ။
မင်းနဲ့ချစ်ပြီမှ မင်းနဲ့ပတ်သက်သမျှ
ငါ့အတွက်ဟာ အဖြည့်ခံသမားပါ
မင်းမယုံရင် တတိယလူကိုမေးကြည့်ပါ
ငါဟာဒုတိယလူဖြစ်ခဲ့ရင်ပေါ့
သူက ငါ့လိုဖြေရင်
မင်းကံကောင်းပါတယ်ချစ်သူ . . .။
ငါဟာကံဆိုးသူပေါ့ . . . ။

Thursday, November 27, 2008

ရင်ခုန်သံတို့အမှတ်မထင်ကျပျောက်ခြင်း

ချစ်သထပ်ချစ်ရသူကို
လွမ်းသထပ်လွမ်းမိတာကြောင့်
မခံနိုင် ကြွေလုနီးနေပြီဖြစ်တဲ့
အသဲကညာကို သနားသော
စိတ်အစဉ်က ကြိတ်ခါပူမိသည်မို့
ပြေးထွက်ကာ လာခဲ့မိပါတယ်
ချစ်သူရှိရာ အရပ်ဆီကိုပေါ့ ..... ။
အညာပြင် နေပူပူ
ဖြေပြင်မှာ ဖုန်းတလုံးလုံးနဲ့
ချွေးတလုံးလုံးကျကာ
ဖုန်းနဲ့ချွေးရောရှက်နေသည့်
မျက်နှာပြင် အသားတင်ဆီအား
ညာလက်ဖြင့် အသာပယ်ချ
စိတ်ညစ်စရာ ကောင်းလှပါဘိ .....။
အညာသူကို ချစ်မိတာ
ငါ့ခများ မှားပြီလာလို့
အတွေးစပင် ၀င်ခွင့်မပေး
ချစ်သူနဲ့တွေ့ရမှာပဲဆိုတဲ့ စိတ်တခုက
ရင်ခုန်သံကို စည်တီးနေသည်မို့
ဘ၀င်ရယ်ခပ်မြှင့်မြှင့်
ချစ်သူနဲ့ ပြေးကာတွေ့မိနေပါသည်
အတွေးစ အိပ်တချက်အငိုက်မှာပေါ့
ငယ် ....
အားရပါးရခေါ်သံပေးလို့
ပြေးကာထွေးပွေ့မိပါသည် ...
ကြည်နူးခွင့်က ဒရိုက်ဘာအသုံးမကျလို့
ဘရိတ်စောင့်အုပ်တာခံရတာကြောင့်
ငါ့ခမျာ ...
အား ...... နာလိုက်တာ
ခေါင်းနဲ့ခုန်နဲ့စောင့်ပြီး လန့်နိုးခဲ့ပြီလေ
ဟော...မကြာပါဘူး
ခဏအတွင်းမှာပင်
ကားဂိတ်အဆုံးမုံရွာသို့ ဆိုက်ရောက်မယ်ကြံတော့
ပြေးလွှားကာကြိုဖို့ ရောက်လာကြသည်က
ဆိုင်ကယ်TAXI ၊ ဆိုက္ကား CARRYတွေပေါ့
အမယ်လေဗျ ...ငါ့ကိုဖက်မတက်ပဲ
ချစ်သူဘယ်ရောက်နေပါလိမ့် ...
ဟော...တွေ့ပြီ
အညာသနပ်ခါးအလှနဲ့
ပြုံးကာကြိုနေသည့် ချစ်သူမျက်နှာ
အတွေးဆအတိုင်း ပြေးကာဖတ်ဖို့
ဖြေလှမ်းပြင်တော့ လူတစ်ယောက်
ကျွန်တော့်လက်လာဆွဲနေတယ်
အစ်ကိုကျွန်တော်နဲ့လိုက်ခဲ့တဲ့
ဈေးလျော့ပေးမယ်တဲ့
ဗျာ .......
ကျွန်တော့်ဘ၀ CARRY သမားလက်အောက်မှာ
ရေတိမ်နစ်ပါပြီဗျို့ ချစ်သူရေမောင့်ဆီကို
လာရောက်လို့ ဖိုက်တာလုပ်ပေးပါတော့
ငါ့ဘ၀မင်းလက်ထဲမရောက်ပဲ
ရန်ကုန်သား အသက်ပျောက်သွားနိုင်တယ်
ရွှေညာသူချောကညာရယ် ....။

Tuesday, November 18, 2008

အချစ်တစ်ခုနဲ့ရင်ခုန်သံကိုသရုပ်ဆောင်ခြင်း

အချစ်ကိုစတင်ဖို့ ရင်ခုန်သံကို

ရင်းနှီးမှုပြုရတယ် . . .

ရင်ခုန်ဖို့ တက်မက်ခြင်းတွေ

မွေးဖွားရတယ် .. ..

တက်မက်ဖို့ သူ့အလှကို

မျက်လုံးတွေက တဆင့်

နှလုံးသားဆီသို့ပို့ဆောင်ပေးရတယ်

သူ့အလှကိုခံစားတက်ဖို့ ရင်ဘက်ထဲကတောင်းတသံ

လှိုက်လှဲမှုတွေ လိုအပ်တယ်

လောကမှာ တက်မက်ခြင်းကင်းတဲ့

အချစ်ဆိုတာ ရှိနိုင်ပါ့မလား

တက်မက်ခြင်းကင်းတဲ့

အချစ်ကြပြန်တော့ ခံစားချက်ပေါ့တယ်ဆိုပြီး

ထင်ချင်ကြသေးတယ်လေ

အချစ်ဆိုသည့် စကားလုံးတိုင်း

ရင်ခုန်ဖို့ မကောင်းသလို

မိန်းခလေးတိုင်းလဲ ချစ်ဖို့မကောင်းပါဘူး

သေချာတာ တစ်ခုက

အချစ်ဆိုတာ ခံစားလို့ကောင်းတယ်

ပျော်ရင်ပျော်သလို ခံစားရရင်ခံစားရသလို

ဖီလင်အပြည့်နဲ့ ကဗျာစပ်လို့ကောင်းတယ်

သီချင်းဆိုလို့ကောင်းတယ်

အချစ်ရဲ့ သက်ရောက်မှုကြောင့်

ကဗျာတွေ သီချင်းတွေဟာ

အသက်ဝင်လာတယ် ... ....

အဲ့ဒီတော့ ငါအလုပ်မရှိအလုပ်ရှာကာ

ကဗျာရေးဖို့ မိန်းခလေးတစ်ယောက်ကို

ချစ်ခဲ့ပါတယ် ...

ငါသူရှေ့မှာ လွမ်းပြတယ်

ဘယ်လောက်ချစ်ပါတယ်ဆိုတာကို

စကားလုံးအမျိုးမျိုးသုံးပြီး တင်စားခဲ့တယ်

ငါရဲ့လုပ်ဆောင်မှုတွေကြောင့် ကဗျာတစ်ပုဒ်

အချစ်တစ်ခုရင်းကာ အဆုံးသတ်နိုင်ခဲ့တယ်

ငါတို့နှစ်ယောက်က ဇာတ်ခုံပေါ်က

သရုပ်ဆောင်တွေပါ ဇာတ်လမ်းတစ်ခုဖြစ်မြောက်ဖို့

ငါတို့သုံးခဲ့တဲ့ အမူအရာတွေဟာ

ကုလားကာချလို့ ဇာတ်သိမ်းရင်

ဇာတ်လမ်းဟာ ပြီးသွားသလို

ငါမင်းကိုချစ်ခဲ့ပါတယ်လို့ ပြောတဲ့

စကားလုံးဟာလဲ ကွယ်ပျောက်သွားမှာပါ .... .. ။

ကမ်းပျက်

အလွမ်းစက်တွေနဲ့

လမ်းတစ်ဝက်မှာ ထားခဲ့တယ်

အနမ်းတစ်စက်မှ မရခဲ့ဘူး

လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ

ထူးတော့မထူးပါဘူး အချစ်ရယ်

ရူးတော့ရူးသွားခဲ့တယ် ...

ဒါပေမဲ့

အရူးတစ်ယောက် ကမ်းပါးအစား

အသဲတစ်ခြမ်းကြွေကျခဲ့တာကိုတော့

သူသိမှာ ဟုတ်ပါဘူးလေ ....။

အချစ်မြဲ

ခံစားချက်တွေကို ကြိတ်မှိတ်

ဖွင့်မပြောပဲနေခဲ့တာက

အချိန်တွေတောင်ကြာမြင့်လာပေါ့

ရင်ခွင်တံခါးပိတ်ရအောင်လည်း

ငါ့ခများ အခုမှချစ်ဖူးတာ

မင်းကတော့ သွားအချွန်လေးတွေဖော်လို့

မျက်ဝန်းနက်ကလေးနဲ့ ကြည့်နေနိုင်သေးတယ်နော်

ထားပါတော့ကွာ .....

ဘယ်လိုပဲဖြစ်ဖြစ် မင်းအမူအရာလေးတွေက

ငါ့အတွက် အားဆေးတစ်ခွက်ပဲပေါ့

မင်းထားခဲ့ရင်လဲ ချစ်မြဲချစ်မှာပဲ

နောက်ဆုံးကွာ . . .

နောက်တစ်ယောက်တွဲလည်း ချစ်မှာပဲ . . . ။


Monday, November 10, 2008

Internet ပေါ်က စမ်းတ၀ါးဝါး


အခု ငါရပ်တည်နေတဲ့


လက်တွေ့ဘ၀ဟာ ကျေနပ်စရာမကောင်းဘူး


လိုအပ်ချက်တွေက များပြား


ပြည့်စုံဖို့ တစုံတရာကိုတောင်


ငါရှာဖွေလို့မရသေး …။


ဘ၀ကိုအလှဆင် အချစ်ဘောင်


အတွဲအဆင့်အတန်းနှင့်နေနိုင်ဖို့


ငါယုံကြည်ချက်ကို အုတ်မြစ်ချ


ပညာကိုအရင်းတည်၍


ခေတ်မှီအတွေးအခေါ်တွေနဲ့


နေ့မအား ညမနား


Chatting ထိုင်ကာ ကြိုးစားကျက်မှတ်လိုက်သည်မှာ


အကျိုးတွေများပြား မျက်လုံးဟောက်ပက်


မျက်တွင်းချိုင့်ကာ ချစ်သူတစ်ယောက်ရနိုးနိုးနဲ့


Zorpia Blogger မကျန်


ရှိသမျှ Q လို့ရသည်မှန်းသမျှ


သေသေချာချာလေ့လာ၍


Online ပေါ်ရှိုးအပြည့်နဲ့


ခုန်တက် ပဲခပ်များများ


မမတွေနဲ့ အသဲကုန်လှောင်တဲ့


ညီမတွေမကျန် ချစ်ခွင့်ပန်ဖို့


ပန်းတွေဆက်သ ကျွန်တော်ခဗျာ


ကိုဗျက်တ ကြနေတာပဲ


ပန်းမဆက်ခင် ချောကညာရယ်


လှပါသလားလို့ လေ့လာစူးစမ်းပြန်တော့


ကံဆိုးစွာ အလိမ်ရယ်မိ


မမမိလည်တို့က ကျွန်တော်“ကိုအ”ကိုယ်


ကိုးရီးယားမင်းသမီးပုံ ချိုဝမ်နဲ့တစ်ဖုံ


ဆန်းမီပုံကပါ .. ပါလိုက်သေး … ။


ကိုးရီးယားကားမကြည့်လို့ သူတို့ကိုမသိတော့


ကျွန်တော့်ခဗျာ အလိမ်မိ


ဘ၀ရယ် နစ်မွန်းမလိုလိုဖြစ်


ကံသီ၍ အကြံမှီကာတွေးလိုက်လို့


Online ပေါ်မှာ ရေတိမ်မနစ်ခဲ့ဘူးလေ ….. ။


တကယ်ချောတဲ့ မနှောကလျာကြတော့


နီးလျက်မနေ ဝေးလျှက်နေပြန်ပြီး


ချစ်သူတွေ ၀ိုင်းဝိုင်းလဲ


ပန်းဆက်သမားတောင်ပုံနေသည်မို့


ကျွန်တော်ပို့တဲ့ Comment တချို့တ၀က်


Message နှစ်လုံးသုံးလုံးပြန်ကာ


မျှော်လင့်ချက်လေ လက်တစ်ဆုပ်စာနဲ့


ကျွန်တော့်ကိုမြူးဆွယ်မယ်ကြံပြန်တော့


Homepage အပြင်မသိမသာခိုးထွက်


Account ကို Signout လုပ်ကာ


မနည်းလစ်ပြေးခဲ့ရတယ်လေ .. .. ။


ဒီနေ့ဟာ ကံမကောင်းပါလားလို့


ကိုတွတ်ပီလိုတွေးမိတော့


ငါအိမ်ပြန်ရင်ဖြစ် မသေမျှင်အစား


Chatting ထိုင်ဖို့ လမ်းထိပ်က


ကိုစောတင်မောင်ဆီက ချည်းလာတဲ့


ငွေအသပြားများ လာတောင်းဖို့စောင့်နေပြီလား


အော် … … ငါ့အဖြစ်က


ဟိုမရောက်ဒီမရောက် လမ်းပျောက်နေတဲ့


အချစ်ရှာပုံတော် ရေသည်ယောကျာင်္းပါလား


………. ။

Friday, November 7, 2008

တိတ်တခိုးနဲ့တဖက်သပ်ရင်ခုန်သံ

တိတ်တခိုးနဲ့ ကြိတ်ပိုးချစ်ခဲ့သူပါ


ငါတိတ်တိတ်ရှိုးခဲ့တာ သူဘယ်သိမှာလဲ


အချစ်တွေကို ပေါ်တင်ဖွင့်ဟခွင့်မရခဲ့တဲ့


ငါရဲ့အချစ် ဖြစ်တည်ချက်တွေက


အချိန်ရယ်နှောင်းခဲ့ပြီမို့ …


ကိုယ့်စိတ်ကို ကိုယ်အပြစ်မတင်ချင်ပါဘူး


သူနဲ့ဆုံခဲ့တာကိုက နောက်ကျခဲ့တာကို


ငါ့ရင်ထဲမှာ ပေါက်ဖွားနေတဲ့


ရင်ခုန်သံက အသစ်ဖြစ်ပင်မဲ့


မင်းဆီမှာကြတော့ တပတ်ရစ်ဖြစ်နေပြီလေ


ငါ့အဖြစ်က


သို့သော် … သို့သော်နဲ့


မင်းအပေါ်ဝေဖန်ချက် ခပ်ဆိုးဆိုးတွေပယ်ချကာ


တပတ်ရစ်က အသစ်ဖြစ်လိမ့်နိုးနိုးနဲ့ပေါ့


မဖြစ်နိုင်မှန်းတော့ သိပါတယ်


မင်းကြောင့် ဖြစ်တည်လာတဲ့


ရူးသွပ်ခြင်း ရင်ခုန်သံတဖက်သက်ကို


လစ်လျူရှု့လို့ မရလို့ပါ . . .

Thursday, November 6, 2008

ငါမစဉ်းစားမိခဲ့တဲ့ လွမ်းဆွတ်မှုအကြောင်း


ငါ … တချိန်က


အလွမ်းမှန်းမသိတဲ့


နုတ်ခမ်းထပ်ပေါ်


အနမ်းမိုးများရွာချခဲ့ဘူးပါတယ်


ထိတွေ့မှု ရင်ခုန်သံတွေကို


ခုန်မင်ခဲ့မိပါတယ်


ရူးသွပ်စွာ လွမ်းဆွတ်မှုကို


စာဖွဲ့ဖို့မစဉ်းစားခဲ့မိပါဘူး


ခွဲခွာဖို့ ဇာတ်ကွက်ထည့်မရေးခဲ့တာကြောင့်


တကယ်ခွဲခွာရမယ်ဆိုတော့


ဒီဇာတ်လမ်းကို ငါဘယ်လိုကရတော့မှန်းမသိတော့ဘူးလေ


ငါမှတ်မိတာက


နုတ်ခမ်းရဲရဲလေ


ချစ်ဖို့ကောင်းတယ်


တက်မက်ဖို့လဲကောင်းတယ်


ငါသူ့ကိုမြတ်နိုးတဲ့ အထဲမှာ


အဲ့ဒီနုတ်ခမ်းလွှာတစုံလဲပါတယ်လေ


မပွင့်တပွင့်နဲ့


ငါ့အပေါ်ကြွေကျခဲ့တဲ့


စကားလုံးအရိုင်းပန်းပွင့်တို့ကိုလဲ


နမ်းရှိုက်ခဲ့ဘူးပါတယ်


အရင်က သူနဲ့ပတ်သက်တဲ့


အရာရာခံစားမှုတိုင်းဟာ


ငါ့အတွက် လှပတဲ့


ဇာတ်ကွက်တွေ ဖြစ်ခဲ့ပါတယ်လေ


အခုတော့


မလှပတဲ့ အလွမ်းတွေဝင်လာပြီမို့


ရင်ခုန်သံတွေက ခံစားလို့မကောင်း


ဆွေးမြေ့နေပြီမို့


ငါအရင်က တက်မက်ခဲ့တဲ့


နုတ်ခမ်းလွှာကို လွမ်းမိတာပါ


မိန်းခလေးရယ်

Wednesday, November 5, 2008

စည်းကမ်းရှိတဲ့အလွမ်းရှင်ပါနော်

ဒီနေ့ဟာ ချစ်သူကိုလွမ်းဖို့

သပ်မှတ်ထားတဲ့ နေ့လား

အဲ့ဒါဆို မနေ့ကငါဘာလို့

သူ့ကို လွမ်းခဲ့လဲ

အလွမ်းတွေကို စည်းကမ်းမရှိချသုံးပြီး

ငါလွမ်းချင်သလို လွမ်းနေလိုက်တာ

တရားဥပဒေနဲ့မှ ညှိရဲ့လား

တော်ကြာဖြင့် အချစ်ပုဒ်မ ၁၅၀၀နဲ့

ငါ့ကိုတရားစွဲနေလို့ ငါ့မှာသက်သေဆိုတာ

ဒီကဗျာတစ်ပုဒ်ကလွဲပြီး အားကိုးစရာမရှိဘူးလေ

ဒါကြောင့် ....

အလွမ်းတွေကိုစုစည်းပြီး

ကဗျာတစ်ပုဒ်အသွင်ပြောင်းကာ

ငါဖန်ဆင်းလိုက်တော့ အလွမ်းတွေက

ခုံရုံးမှာ ဖြေရှင်းဖို့

စာသားတွေမြောက်လာသလိုပဲ .... ။

ဒီလိုနဲ့ ... ... ...

ဖြေရှင်းချက်တွေက အရမ်းချစ်ခဲ့မိလို့

အရမ်းလွမ်းတာပါတဲ့

အဲ့ဒီအတွက်ကြောင့်

စည်းကမ်းမရှိ လွမ်းရတာပါတဲ့

မင်းကိုချစ်ခဲ့တာတော့ ငါဘက်က

စည်းကမ်းရှိရှိနဲ့ချစ်ခဲ့တာပါတဲ့လေ .... .... ။

တခါတလေ ....

မျက်ရည်များကျလုမတက်လွမ်းမိတာကြောင့်

လွမ်းချိန်ကိုမေ့လျော့ကာ လွမ်းမိလွမ်းရာလွမ်းလိုက်တာပါတဲ့

ဒါအတွက်ကြောင့် ငါ့ကိုစည်းကမ်းမရှိဘူးလို့

မင်းမထင်ပါနဲ့ ငါဟာစည်းကမ်းရှိတဲ့

အလွမ်းရှင်တစ်ယောက်ပါနော် .... ။

ခုံရုံးပေါ်တင်ကာ ငါ့အလွမ်းတွေကို

ဈေးမဖြတ်ပါနဲ့ ချစ်သူရယ် ....

ငါအပေါ်ကဖြေရှင်းချက်တွေလို

မင်းရှေ့မှာ ရင်မဖွင့်ချင်ဘူး

ဘာလို့လဲဆိုတော့

ယောကျာင်္းတန်မဲ့ မျက်ရည်ကျမှာဆိုးလို့လေ... ... ...။





Saturday, November 1, 2008

နာကျင်ခြင်းနောင်တနှင့် ဇာတ်လမ်းမသိတဲ့ဇာတ်ကွက်

အချစ်ကို ဒုတ်နဲ့ထိုးမိလို့


ပျားမတုတ်ပဲ ပါးတစ်ချပ်အရိုက်ခံရတာအဆန်းလား …..


အမှန်တကယ်ဆို ရင်ခုန်ခြင်းကြီးစွာနဲ့


မလောသင့်ပါဘူး …


ပျားအုံလား အချစ်တွေအုံနေတဲ့


အလှမယ်လား သေသေချာချာစဉ်းစားသင့်ပါတယ်


အခုမှငိုနေလို့ နာကျင်တဲ့ပါးပြင်ပေါ်က


လက်ဝါးရာကို ဖြေဖျောက်ဖို့


အချိန်ကနှောင်းခဲ့ပြီလေ …


တဆစ်ဆစ်နဲ့ နာကျင်နေတာကအရှက်တွေပေါ့


ဒါပေမဲ့ အဲ့ဒီသွေးဥသွားတဲ့ဒဏ်ရာပေါ်မှာ


သူနဲ့ ပတ်သက်ပြီး


အသဲမှာကျောက်စာတစ်ချပ်ရေးဖြစ်သွားတယ်လေ


အဲ့ဒါဘာလဲ …..???

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...