Saturday, November 29, 2008

ငါသာဒုတိယလူဆိုရင်

လွမ်းတယ်လို့ မင်းရှေ့မှာ
ငါချညည်းဖို့ ငါဘက်က
ဘယ်လောက်ပဲ စိတ်အားထက်သန်နေနေ
မင်းဘက်ကတော့ နားထောင်ဖို့
စိတ်သုဉ်းနေပြီပေါ့ ...
ရပါတယ် ချစ်သူရယ်...
မင်းလုပ်ချင်တာ လုပ်ပြီး
ငါ့ဘ၀ထဲက ပြေးထွက်သွားနိုင်ပါတယ်
အသစ်တွေ့ရင်ပေါ့ ...
တကယ်လို့ ငါကိုယ်တိုင်က
ဒုတိယလူဖြစ်နေရင်လဲ
တတိယလူကို မင်းစိတ်တိုင်းကျ
ရွေးနိုင်ပါတယ် . . . ။
ရင်ခုန်တိုင် အချစ်မဟုတ်ဘူးလို့
မင်းပြောခဲ့စဉ်က ငါသဘောပေါက်သင့်ပါတယ်လေ
ငါ့အတွက်က အချိန်ရယ်နှောင်းခဲ့ပြီမို့
တကယ်လို့ . .
မင်းစွန့်ခွါ ပြစ်ထားခဲ့ရင်
ငါဟာ အမှိုက်တစ်စလောက်မှ
တန်ဖိုးမရှိနိုင်တော့ပါဘူး
မင်းမရှိရင် ငါ့ဘ၀ဟာ
သေလူဖြစ်နေသည်မို့
လှည့်ထွက်လို့ စွန့်ခွါတော့မယ်ဆိုရင်လဲ
အပြုံးတစ်ချက်နဲ့တော့ နုတ်ဆက်မထားခဲ့ပါနဲ့ချစ်သူ
ရင်နာအောင် ပါးတစ်ချက်အစား
အသဲကိုခွဲ ရင်ဝကိုစူးရှတဲ့
စကားလုံးဓါးသွားနဲ့ဖြစ်ဖြစ်
သေအောင်ထိုးခွဲခဲ့ပါ . . . ။
မင်းနဲ့ချစ်ပြီမှ မင်းနဲ့ပတ်သက်သမျှ
ငါ့အတွက်ဟာ အဖြည့်ခံသမားပါ
မင်းမယုံရင် တတိယလူကိုမေးကြည့်ပါ
ငါဟာဒုတိယလူဖြစ်ခဲ့ရင်ပေါ့
သူက ငါ့လိုဖြေရင်
မင်းကံကောင်းပါတယ်ချစ်သူ . . .။
ငါဟာကံဆိုးသူပေါ့ . . . ။

4 comments:

Unknown said...

ကျော်
အလွမ်းဆိုတာဘာကိုပြောတာလဲဟင်
အချစ်ဆိုတာကရောဘာလဲ
ကဗျာဆရာတစ်ယောက်ကရေးလိုက်တဲ့ကဗျာတိုင်း
မှာခံစားချက်တွေပါဝင်နေတယ်
အဲဒီခံစားချက်တွေကဗျာဆရာတစ်ယောက်ရဲ့ခံစား
ချက်အစစ်အမှန်တွေပဲပေါ့နော်
ငါကဗျာရေးတတ်ချင်တယ်ဟာငါ့ရဲ့ခံစားချက်
တွေကိုရေးပြတတ်ရင်..............်

အိပ်မက်နိဒါန်း said...

အလွမ်းတွေ ခံစားသွားကြောင်းပါ..

ပန်းခရေ said...

မင်းနဲ့ချစ်ပြီမှ မင်းနဲ့ပတ်သက်သမျှ
ငါ့အတွက်ဟာ အဖြည့်ခံသမားပါ
မင်းမယုံရင် တတိယလူကိုမေးကြည့်ပါ
ငါဟာဒုတိယလူဖြစ်ခဲ့ရင်ပေါ့
သူက ငါ့လိုဖြေရင်
မင်းကံကောင်းပါတယ်ချစ်သူ . . .။
ငါဟာကံဆိုးသူပေါ့ . . . ။
သိပ်ကောင်းတာပဲ ဆက်ရေးပါ အားပေးတယ်

ဇော်ဇော် said...

အရမ်းကောင်းတဲ့ကဗျာလေးပါ

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...