
ငါ … တချိန်က
အလွမ်းမှန်းမသိတဲ့
နုတ်ခမ်းထပ်ပေါ်
အနမ်းမိုးများရွာချခဲ့ဘူးပါတယ်
ထိတွေ့မှု ရင်ခုန်သံတွေကို
ခုန်မင်ခဲ့မိပါတယ်
ရူးသွပ်စွာ လွမ်းဆွတ်မှုကို
စာဖွဲ့ဖို့မစဉ်းစားခဲ့မိပါဘူး
ခွဲခွာဖို့ ဇာတ်ကွက်ထည့်မရေးခဲ့တာကြောင့်
တကယ်ခွဲခွာရမယ်ဆိုတော့
ဒီဇာတ်လမ်းကို ငါဘယ်လိုကရတော့မှန်းမသိတော့ဘူးလေ
ငါမှတ်မိတာက
နုတ်ခမ်းရဲရဲလေ
ချစ်ဖို့ကောင်းတယ်
တက်မက်ဖို့လဲကောင်းတယ်
ငါသူ့ကိုမြတ်နိုးတဲ့ အထဲမှာ
အဲ့ဒီနုတ်ခမ်းလွှာတစုံလဲပါတယ်လေ
မပွင့်တပွင့်နဲ့
ငါ့အပေါ်ကြွေကျခဲ့တဲ့
စကားလုံးအရိုင်းပန်းပွင့်တို့ကိုလဲ
နမ်းရှိုက်ခဲ့ဘူးပါတယ်
အရင်က သူနဲ့ပတ်သက်တဲ့
အရာရာခံစားမှုတိုင်းဟာ
ငါ့အတွက် လှပတဲ့
ဇာတ်ကွက်တွေ ဖြစ်ခဲ့ပါတယ်လေ
အခုတော့
မလှပတဲ့ အလွမ်းတွေဝင်လာပြီမို့
ရင်ခုန်သံတွေက ခံစားလို့မကောင်း
ဆွေးမြေ့နေပြီမို့
ငါအရင်က တက်မက်ခဲ့တဲ့
နုတ်ခမ်းလွှာကို လွမ်းမိတာပါ
မိန်းခလေးရယ်
No comments:
Post a Comment