Tuesday, November 18, 2008

အချစ်တစ်ခုနဲ့ရင်ခုန်သံကိုသရုပ်ဆောင်ခြင်း

အချစ်ကိုစတင်ဖို့ ရင်ခုန်သံကို

ရင်းနှီးမှုပြုရတယ် . . .

ရင်ခုန်ဖို့ တက်မက်ခြင်းတွေ

မွေးဖွားရတယ် .. ..

တက်မက်ဖို့ သူ့အလှကို

မျက်လုံးတွေက တဆင့်

နှလုံးသားဆီသို့ပို့ဆောင်ပေးရတယ်

သူ့အလှကိုခံစားတက်ဖို့ ရင်ဘက်ထဲကတောင်းတသံ

လှိုက်လှဲမှုတွေ လိုအပ်တယ်

လောကမှာ တက်မက်ခြင်းကင်းတဲ့

အချစ်ဆိုတာ ရှိနိုင်ပါ့မလား

တက်မက်ခြင်းကင်းတဲ့

အချစ်ကြပြန်တော့ ခံစားချက်ပေါ့တယ်ဆိုပြီး

ထင်ချင်ကြသေးတယ်လေ

အချစ်ဆိုသည့် စကားလုံးတိုင်း

ရင်ခုန်ဖို့ မကောင်းသလို

မိန်းခလေးတိုင်းလဲ ချစ်ဖို့မကောင်းပါဘူး

သေချာတာ တစ်ခုက

အချစ်ဆိုတာ ခံစားလို့ကောင်းတယ်

ပျော်ရင်ပျော်သလို ခံစားရရင်ခံစားရသလို

ဖီလင်အပြည့်နဲ့ ကဗျာစပ်လို့ကောင်းတယ်

သီချင်းဆိုလို့ကောင်းတယ်

အချစ်ရဲ့ သက်ရောက်မှုကြောင့်

ကဗျာတွေ သီချင်းတွေဟာ

အသက်ဝင်လာတယ် ... ....

အဲ့ဒီတော့ ငါအလုပ်မရှိအလုပ်ရှာကာ

ကဗျာရေးဖို့ မိန်းခလေးတစ်ယောက်ကို

ချစ်ခဲ့ပါတယ် ...

ငါသူရှေ့မှာ လွမ်းပြတယ်

ဘယ်လောက်ချစ်ပါတယ်ဆိုတာကို

စကားလုံးအမျိုးမျိုးသုံးပြီး တင်စားခဲ့တယ်

ငါရဲ့လုပ်ဆောင်မှုတွေကြောင့် ကဗျာတစ်ပုဒ်

အချစ်တစ်ခုရင်းကာ အဆုံးသတ်နိုင်ခဲ့တယ်

ငါတို့နှစ်ယောက်က ဇာတ်ခုံပေါ်က

သရုပ်ဆောင်တွေပါ ဇာတ်လမ်းတစ်ခုဖြစ်မြောက်ဖို့

ငါတို့သုံးခဲ့တဲ့ အမူအရာတွေဟာ

ကုလားကာချလို့ ဇာတ်သိမ်းရင်

ဇာတ်လမ်းဟာ ပြီးသွားသလို

ငါမင်းကိုချစ်ခဲ့ပါတယ်လို့ ပြောတဲ့

စကားလုံးဟာလဲ ကွယ်ပျောက်သွားမှာပါ .... .. ။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...