Thursday, April 30, 2009

မေလနှစ်ရက်နေ့ညနောက်ပိုင်းဧရာဝတီရဲ့ရင်ဖွင့်သံ


နာဂစ် တစ်နှစ်တောင်ပြည့်ပြီးပေါ့
ဧရာဝတီမြစ်ကိုပဲ အပြစ်တင်ရမလိုလို
ရုတ်တရပ်နိုပ်စက်လိုက်တဲ့ နာဂစ်မင်းကိုပဲ
အပြစ်တင်ရမလိုလိုနဲ့ သေသူတွေကသေ
ရှင်သူတွေက ဒုက္ခကိုယ်ဆီနဲ့
ဘ၀ကိုအစကနေပြန်ထူထောင်နေရတယ်
ငါပိုင်တာက နှမ်းတစ်ဆုပ်ပါ
ငါ့လက်ထဲမှာ ကျန်တာကနှမ်းတစ်စိဖြစ်နေလို့
ငါ့ဘ၀ကို ဘယ်လိုပြန်စရမလဲ
စဉ်းစားခန်းတောင်မပျိုးလိုက်ရပါဘူးလေ
ဒီနေ့နဲ့ မနက်ဖန်ဝမ်းရေးကို
တွေးကာပူမိသည်မို့ ကုန်ပြေးထမ်းခဲ့ရတယ်
တချိန်က ငါဟာဘယ်၍ဘယ်မျှ
ဘယ်လောက်ပင်ချမ်းသာခဲ့ပါသောလည်း
အခုချိန်မှာ နွမ်းပါးသွားပြီလေ ..... ။
ငါဟာတံငါသည်ပါ .........
ငါတို့ အားကိုးနေတဲ့
ဧရာဝတီက မြစ်ရေတွေနဲ့
ဖုံးသတ်ခဲ့တယ်လေ ... မမေ့နိုင်စရာကောင်းတဲ့
ဒီအဖြစ်အပျက်တွေကို ငါပြန်ကာတွေးကြည့်မိတော့
မျက်ရည်တွေ ဝေ့၀ဲလာတယ် ... ။
အခုဆို လေသံကြားရင်တောင်
ရင်တဖိုဖိုနဲ့ ငါတို့တံငါသည်တွေ
ထမင်းတစ်နှပ်တွက်တောင်
တယ်ခက်နေပြီ လေ ...
အချိန်တန်တော့ တောင်းတနေတဲ့
မိသားစုနဲ့ ရှေ့ရေးတွက်
ငါလှေလှော်ကာ ထွက်ခဲ့ရပါတယ်
သေရင်သေ ကြေရင်ကြေပေါ့လေ
မိုးသားတွေ ညို့များလာရင်လေ
ငါမိသားစုနဲ့ ဒီတနေ့တွေ့ဖို့
ကံများပါသေးရဲ့လား ...
ငါ့အတွေးတွေ ဂယောင်ကတမ်းနဲ့
အားတင်းပြီး မြစ်လယ်မှာ
အရမ်းချစ်ရတဲ့ ဧရာဝတီရယ်
ငါ့ကိုသနားပါလို့ ဆုတောင်းနေမိတယ် ....
အိမ်ပြန်ချင်လို့လေ ......... ။
ငါဟာလယ်သမား ဒီနှစ်နာဂစ်ကြောင့်
မျိုးစပါးမကျန်လို့ ရှိတဲ့သူဆီက
တင်းတိုးဆွဲလို့ နောင်နှစ်စပါးပေါ်ရင်ဖြစ်
နှစ်ဆပေးပါ့မယ် အားမတွေခံ
ကျန်ရစ်ခဲ့တဲ့ နွားတစ်ကောင်နဲ့
လယ်ထွန်းဖို့ မဖြစ်တာကြောင့်
စက်မှု(၁)ဆီက လယ်ထွန်းစက်
အကြွေးနဲ့ဝယ်ခဲ့တယ်လေ အရစ်ကျပေးရမယ်ဆိုလို့
ဝယ်ဝယ်ချင်း စပေါ်တင်ဖို့
နီးစက်ရာက အတိုးနဲ့ဆွဲရတယ်လေ
ဒီလိုနဲ့ အားတင်းကာဒီတစ်မိုးတော့
ရှိတော့လေခြင်းဆိုပြီး စက်သစ်သစ်ကြီးနဲ့
လယ်ထွန်းဖြစ်ခဲ့တယ်လေ .... ။
ရှားပါးလိုက်တဲ့ မျိုးစပါးရယ်
ရှားရှားပါးပါးနဲ့ ကျဲကာထားသည်မို့
အောင်မြင်အောင် ပေါက်လှည့်စေချင်ပါတယ်
ရေသာဖွေးဖွေးမှာ စပါးစိမ်းစိမ်းတောင်တက်မလာပါဘူးလေ
ဟိုနေရာကွက်ကျား ဒီနေရာကွက်ကျားနဲ့
ငါနှယ် စိတ်ဆင်းရဲစရာကောင်းပါပေပိ
ဒါနဲ့ မျိုးစပါးလေတင်းတိုးနဲ့
ပြေးထွက်ကာ အကြွေးခံခဲ့ရတယ်လေ
မြေသားတွေက ရေငံအုပ်တာကြောင့်
ထင်သလောက်စပါးက မဖြစ်
မျိုးစပါးကြပြန်တော့လဲ ရှိတာလေ
ရသမျှလုပ်နေရတာကြောင့်
ရွေးဖို့ပင် မရှိပါဘူး
လယ်ကွက်ထဲ စပါးပြည့်ကာမှ
နောင်နှစ် ငါ့အကြွေးတွေ
ကျေကာဆပ်နိုင်မှာမို့
အားခဲပြီး မရမကဂျကုတ်ဂျခဲ
လုပ်ခဲ့ရတယ်လေ ...
ဒီလိုနဲ့ ဆောင်းရောက်လို့
စပါးတွေသိမ်းတော့ တင်းတိုးကိုနှစ်ဆဆပ်
ကျန်တဲ့ စက်မှု(၁)ကိုထက်ဝက်ချေလို့
ငါကိုယ်တိုင်ပြေးထွက်ခဲ့ရတယ်
စပါးအထွက်နည်းလို့လေ
နောက်ထပ်အတိုးနဲ့ နောင်နှစ်ပေးပါ့မယ်
လယ်ကွက်ကိုလက်ညှိုး ငေါက်ငေါက်ထိုးပြီး
ငါပိုင်ဆိုင်သမျှ အကုန်ကာချပြ
ပိုက်ဆံချေးအောင် တမျိုးကြံခဲ့ရပြန်တယ်လေ
သောကတွေက မကင်း
သားသမီးရယ်ကျောင်းထားရအုံးမည်
ငါဒီတခါဘာကိုလက်ညှိုးထိုးပြကောင်းနိုးနိုးနဲ့
အချိန်တန်တော့ ကျူရှင်မထားနိုင်
ပညာဒါနကိုအပ်ကာ ကလေးကိုချော့သိပ်ခဲ့ရတယ်
အော်.. နာဂစ်ရယ် ။

ကျေးဇူးတင်ရှိခြင်း
အကြောင်းအရာ ။ ။ နာဂစ်ကြောင့်ဖြစ်ပျက်ခဲ့တဲ့ လူထုဒုက္ခကို ကူညီပေးခဲ့သော ပြည်ပမှစေတနာရှင် လူမျိုးခြားများ နှင့် နိုင်ငံတွင်းမှ ရပ်မိရပ်ဖများ Company အဖွဲ့များ ၊ UNICF ( ယူနီဆက်(စ်) )၊
Save The Children ( စေ့သည်ချဲထရင့် ) ၊ ကြက်ခြေနီ ၊ အစရှိတဲ့ အသင်းအဖွဲ့များကို ကျေးဇူးတင်ရှိကြောင်း
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ပြည်သူတွေကိုယ်စားကျေးဇူးတင်ကြောင်း နာဂစ်တစ်နှစ်ပြည့်တွင်
ပြောကြားလိုပါတယ် ။

nargis to help

Wednesday, April 22, 2009

မြင်မြင်ချင်း ပတ်ပျိုး



ရင်မှာ ဖြစ်ထွန်း
အချစ်သစ်နယ် တစ်ကျွန်းမှာ
ထင်ကာ အုပ်ဆိုင်း
ရင်ခုန်သံတို့ မိုးထစ်ထစ်ချုန်း၍
လောကတွင် ပြိုင်ဘက်မရှိ
ငါ့အချစ်က ကြီးကျယ်နေရော့သလား ..... ။
မင်းနဲ့အခု တခဏတာအတွင်း
တွေ့တွေ့ခြင်းမှာပင် အသက်ရူဖို့ခဏ
ငါမေ့လျော့ခဲ့၏ .... ။
` အော် ... ဒါဟာအချစ်လား ´
ရင်ထဲမှာ ကြိတ်ကာညည်းထွား
အသံလှိုင်းတို့ ကတုံကယင်နှင့်
ငါ့နှယ် စကားတွေထစ်ငေါ့
မင်းအလှအောက်ဝယ် ချာချာကာလည်
ငါတကယ်ပဲ နစ်မြုပ်ရတော့မည်လား ........... ။
မျက်နှာလေးမော့ မာနလေးတင်းထားပုံက
လှသထပ် လှလွန်းနေပါပိ
ရင်ထဲမှာပူနွေး ချစ်စရာကောင်းလိုက်တာ
မိန်းခလေးရယ် ..... ။
နင်ဘယ်လိုနည်းလမ်းတွေနဲ့
အလှတွေကို ချယ်ရယ်ပြီး
လှချင်တိုင် လှနေရတာလဲ ..... ???
ငါဒီမှာ ရင်ခုန်သံတွေကိုထိမ်းချုပ်မရ
အရူးမီးဝိုင်း အချစ်ဗျာပါဆိုင်း
ပုံမလာ ပန်းပျက်
အခုမြင် အခုခိုက်
အမှန်တကယ်ကြိုက်မိသွားတာကြောင့်
မင်းအကြောင်းလေးတစို့တဆ
ငါလေအစအနကောက်ချင်တာမို့
မင်းနဲ့ပတ်သက် ဇာတ်လမ်းတကွက်
ငါမဖြစ်မနေ ရေးစပ်ကာပတ်ပျိုး
အချိုးကျသီကုံးရတော့မည်လေ ..... ။
( ဘုရား.......ဘုရား...........ကံကောင်းပါစေ )

Sunday, April 19, 2009

အတွင်းကြေ


သွေးစိမ်းရှင်ရှင်ကို မျက်စိနဲ့မြင်မှ
နာကျင်လေတတ် မထင်မှတ်သင့် ။
ဒဏ်ရာမရှိ ပကတိလဲ
မသိလိုက်စား နာသည့်အားကို
သမားတို့ပင် မကုနိုင် ၊၊
......... .......

ဒီကဗျာလေးကို မမ
ကပေးပို့လိုက်တာပါ
ကျွန်တော်အရမ်းကြိုက်တာနဲ့ တင်လိုက်တာပါ .....

Tuesday, April 14, 2009

တီဘီရောဂါအကြောင်းနှင့် ကျွန်တော်ဖြစ်ခဲ့ပုံ

တီဘီရောဂါသည်

သာမန်မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည်။ လေမှတစ်ဆင့် ကူးစက်သော
ရောဂါဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါးပိုး ကူးစက်ခံနေရပြီး နှစ်စဉ် ( ၈ )သန်းခန့်တီ
ဘီရောဂါဖြစ်ပွားကာ လူကြီးလူငယ်(၂)သန်းခန့် သေဆုံးလျက်ရှိသည်။
တီဘီရောဂါဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျမခံယူပါက မိမိမှတစ်ဆင့် မိသားစုနှင့်ပတ်
ဝန်းကျင်ရှိ လူများကို အလွယ်တကူ ကူးစက်နိုင်ပါသည်။



တီဘီရောဂါကူးစက်ပုံ

တီဘီပိုးရှိသော ဝေဒနာရှင်များမှ ချောင်းဆိုးခြင်း၊ နှာချေးခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ တံတွေးထွေးခြင်းအားဖြင့် တီဘီရောဂါပိုးများသည် လေထဲသို့အလွယ်တကူပျံ့နှံ့သွား
ပြီး ဘေးပတ်ဝန်းကျင်ရှိလူများ ရှူရှိုက်ရာမှ ရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။

များသောအားဖြင့် -


ရောဂါရှိသူများမှ မိသားစုသို့လည်းကောင်း၊လူစုလူဝေးများပြားသော နေရာများဖြစ် သည့် စတိုးဆိုင်၊ ဈေးဆိုင်၊ ရထားဂိတ်၊ ကားဂိတ်၊ ဗွီဒီယိုရုံ၊ ရုပ်ရှင်ရုံ စသည့်နေရာ များတွင် ဝေဒနာ ရှင်မှ အနီးရှိသူများသို့လည်းကောင်း ။

ရောဂါကူးစက်ပုံ


ဘတ်(စ်)ကား၊ ယာဉ်ရထား၊ သဘောင်္၊ လေယာဉ်စီးပြီး ခရီးသွားလာရင်းဝေဒနာရှင်မှ ပတ်ဝန်း
ကျင်ရှိ လူများသို့လည်းကောင်း ကူးစက်နိုင်သည်။

- ရုံးခန်း၊ စာသင်ခန်း စသည်ဖြင့်နေရာများတွင် ဝေဒနာရှင်မှလုပ်ဖော်ကိုင်ဖက် လူများသို့လည်း
ကောင်း ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်ပါသည် ။

တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်း တီဘီရောဂါ ဖြစ်ပွားလေ့မရှိပါ ။

အောက်ပါအခြေအနေရှိသူများ ကူးစက်ခံရပါက တီဘီရောဂါပိုမို ဖြစ်ပွားနိုင်ပါသည်။

(၁) အာဟာရချို့တဲ့ခြင်း၊


(၂) ခုခံအားကျဆင်းနေခြင်း၊


(၃) ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊


(၄) အသက်အရွယ်ကြီးသူများနှင့် ငါးနှစ်အောက်ကလေးငယ်များ၊


(၅) ဆီးချိုရောဂါနှင့် အစာအိမ် ဖြတ်တောက်ခံထားရသူများတို့သည် တီဘီရောဂါ ပိုမိုဖြစ်ပွားနိုင်ပါ


သည်။

ထို့ပြင်


- အိမ်နှင့် နေထိုင်သူဦးရေ မမျှတ (များပြား ) နေခြင်း၊


- အိမ်နှင့် အလုပ်နေရာများ အလင်းရောင်နှင့် လေ၀င်လေထွက်ကောင်းစွာ မရရှိခြင်း၊


- လူမှုစီးပွားရေးနိမ့်ကျခြင်းတို့သည်လည်း ရောဂါဖြစ်ပွားစေရန် အားပေးသည့် အခြေအနေများ
ဖြစ်သည်။

ရောဂါဖြစ်ပွားမှု
အသက်အရွယ်မရွေး၊ ကျား/မ မရွေး ရောဂါပိုး ကူးစက်ခံရသူတိုင်း ဖြစ်ပွားနိုင်ပါသည်။ တီဘီ
ရောဂါသည် အဆုတ်တွင် အများဆုံးဖြစ်ပြီး၊ ကိုယ်ခန္ဒာ၏ အခြားနေရာများဖြစ်သော ဦးနှောက်၊ အ
ကြိတ်များ၊ အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ အရိုးအဆစ်များ စသည့်နေရာ အနှံ့အပြားတွင်
လည်းဖြစ်ပွားနိုင်ပါသည်။

တီဘီရောဂါလက္ခဏာများ


ယေဘူယျလက္ခဏာများ - အဖျားတက်ခြင်း(များသောအားဖြင့် ညနေပိုင်း)၊ အဖျားတာရှည်ခြင်း ၊


အစားအသောက်ပျက်ခြင်း ၊ ကိုယ်အလေးချိန် လျော့ခြင်း၊

အဓိကလက္ခဏာများ
- (၃)ပတ်ကျော် ချောင်းဆိုးခြင်း၊


- သလိပ်ထွက်ခြင်း၊ သွေးပါခြင်း၊
- ကျော၊ ရင် အောင့်ခြင်း၊



ရက်သတ္တပတ် (၃) ပတ်ကျော်၍ချောင်းဆိုးလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက် စစ်ဆေးကုသမှု ခံယူပါ ...

ကျမ်းမာရေးဌာနက သင့်ကို -
သလိပ်နမူနာ (၃)ကြိမ် စစ်ဆေးပါမည်။


မိမိတွင် ရောဂါပိုးတွေ့ရှိပါက -
မိမိ၏ မိသားစုဝင်အားလုံးတွင်ပါ ရောဂါ ရှိ၊ မရှိစစ်ဆေးပါ။



ဆေးကုသမှုခံယူခြင်း
- ကျမ်းမာရေးဝန်ထမ်းများမှ ညွှန်ကြားထားသည့်အတိုင်း ကုသမှုကို တိတိကျကျခံယူပါ။
- ဆေးများကို ရောဂါအမျိုးအစားအလိုက် (၆) လမှ (၈) လအထိ မပျက်မကွက်ပုံမှန် သောက်ရ
မည်ဖြစ်ပါသည်။
- ဆေးများကို တစ်ပေါင်းတည်း အစားမစားမီ (၁)နာရီ ခွာ၍လည်းကောင်း၊ အစာစားပြီးပါက
လည်း (၃)နာရီခွါ၍သောလည်းကောင်း သောက်ရန်ဖြစ်ပါသည်။ ဆေးသောက်ပြီးပါကလည်း (၁)နာရီ
ကြာမှ အစာစားရန်ဖြစ်ပါသည်။
- ဆေးကြောင့် ဆီး၊ ၀မ်းအရောင်များ နီလာနိုင်ပါသည်။ စိုးရိမ်စရာမရှိပါ။ သတ်မှတ်ထားသော
ဆေးတွဲများကို အပြည့်အ၀မသောက်ခြင်း၊ ပြတ်တောင်းပြတ်တောင်းသောက်ခြင်းကြောင့် ဆေးယဉ်ပါး
သည့် အန္တရယ် ဖြစ်လာနိုင်ပါသည်.
- ဆေးမှန်မှန်မသောက်ပါက ဆေးယဉ်ပါးပြီး ကုသ၍မရနိုင်သော အခြေအနေများဖြစ်လာနိုင်
သည်။
- ဆေးကုသနေစဉ်တချို့သည် မူးဝေခြင်း၊ နားလေထွက်ခြင်း၊ နားအကြားနှင့် မျက်စိအမြင်အာရုံ
များ လျော့ပါးခြင်း၊ အရေးပြားတွင် အဖုအပိန့်၊ အနီစက်များပေါ်လာခြင်း ဖြစ်လာပါက ဆေးသောက်
ခြင်းအားရပ်ဆိုင်းပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသရန် ဖြစ်ပါသည်။
- ဆေးကုသနေစဉ်အတွင်း သလိပ်ပြန်စစ်ရန်ညွှန်ကြားထားသောအချိန်တွင် သလိပ်ပြန်စစ်ရပါ
မည်။

တိုက်ရိုက်ကြည့်ရှုအချိန်တိုကုထုံးနည်းဗျူဟာ ဆိုသည်မှာ -
ကျန်းမားရေးဝန်ထမ်း (သို့) စေတနာ့ဝန်ထမ်း ကျန်းမားရေးလုပ်သား (သို့) စေတနာ့ဝန်ထမ်းတစ်ဦး
ဦးမှ တီဘီလူနာအား တီဘီဆေးဝါးများကို အချိန်မှန်မှန်သောက်သုံးရန် ဂရုတစိုက် တိုက်ရိုက်စောင့်
ကြပ် ကြည့်ရှု၍ ရောဂါပျောက်ကင်းသည်အထိ ဆေးတိုက်ကျွေးခြင်းပင်ဖြစ်သည်။


တီဘီရောဂါရှိသူများ

- နှာချေလျင်၊ ချောင်းဆိုးလျင် အ၀တ် (သို့)လက်ကိုင်ပုဝါဖြင့် လုံအောင်အုပ်ပါ။


- သလိပ်တတွေးများတွေ့ရာမထွေးဘဲ အဖုံးပါသော ခွက်အတွင်း ထွေးပါ။ ၄င်းခွက်ထဲသို့ဖီနီးပိုး
သတ်ဆေးရည်(သို့) ကာဘော်လစ်ဆပ်ပြာရည်(သို့) ရေထည့်ထားပါ။


- သလိပ်များကို ရေအိမ်အတွင်း(သို့) မြေကြီးနက်နက်တူးပြီးစွန့်ပစ်ပါ။
- အာဟာရပြည့်ဝစွာ စားသုံးပါ။ အစားရှောင်ရန်မလိုပါ။


- သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုပြုပါ ။



- လေ၀င်လေထွက်ကောင်းပြီး နေရောင်ခြည်တိုက်ရိုက်ရနိုင်သည့် နေရာ၊ အခန်းများတွင်နေထိုင်
ပါ။


- လူနာအသုံးပြုပြီးသော လက်ကိုင်ပုဝါ၊ အ၀တ်အထည်များကို လျှော်ဖွပ်၍ နေပူလှမ်းပြီးမှ ပြန်အသုံးပြုပါ။


- ဆေးလိပ်အရက်မသောက်ပါနှင့်။


တီဘီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပါ ။



ရင်သွေးငယ်များအား၊ ဘီစီဂျီ တီဘီကာကွယ်ဆေးမပျက်မကွက်ထိုးပါ။


- ရောဂါလက္ခဏာ တစ်ခုခုဖြစ်လာပါက ကျန်းမားရေးဌာနသို့ သွားရောက်ကာ ရောဂါပိုးရှိ။ မရှိ
စစ်ဆေးပြီး စနစ်တကျ ကုသမှုခံပါ။

ကုသမှုခံယူခြင်းသည် အခြားသူများသို့ ကူးစက်စေခြင်းမှ
အကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။
တီဘီရောဂါသည် ကုသ၍ ပျောက်ကင်းသောရောဂါဖြစ်သည် ။
ကျန်းမားရေးဌာနများက တိုက်ရိုက်ကြည့်ရှုအချိန်တိုကုထုံး
(DOTS) နည်းဗျူဟာဖြင့်
ပျောက်ကင်းသည်အထိ အခမဲ့ ကုသပေးလျက်ရှိပါသည် ။

ကျွန်တော်TB ရောဂါစဖြစ်ခဲ့ပုံ အကြံပေးလွှာ

ကျွန်တော်ဟာ TB ရောဂါဝေဒနာရှင် တစ်ယောက်ပါလို့ ပထမဦးဆုံးပြောပြချင်ပါတယ်။ ကျွန်တော်
TB ကိုဘယ်ကနေစဖြင့်ခဲ့တာလဲ ကျွန်တော့်ကိုကျွန်တော်တောင် အခုထိမေးခွန်းတွေ ထုတ်နေရဆဲပါပဲ
အမှန်တကယ်လည်း ကျွန်တော်ကိုတိုင် မသိလိုက်ပဲ TB ရောဂါသည်ဖြင့်ခဲ့ရပါတယ် ။ ကျွန်တော်မှတ်
မိတာကတော့ နေ့တစ်နေ့ HAPPY NEW – DECEMBER 31 နေ့ပေါ့ ။ အဲ့ဒီနေ့ကကျွန်တော်တို့
OFFICE မှာ PARTY လုပ်တယ်လေ မနက်မိုးလင်းကတည်းက ချက်ပြုတ်ပြီး ရုံးသူရုံးသားတွေ စားကြ
သောက်လိုက်ကြတာ ညပင်မရောက်သေးဘူးတော်တော်လေးကို ခရီးရောက်နေကြပါပြီ ပထမတော့
ကျွန်တော် မသောက်ပါဘူး။ အမှန်ပြောရရင် ကျွန်တော်အရက်မသောက်တက်ပါဘူး BEER တောင်
တစ်ခါတလေသူငယ်ချင်းတွေနဲ့ ဆုံဖြစ်မှ တခွက်တလေလောက်ပဲသောက်ဖြစ်တာပါ အခုတော့ ကျွန်
တော် BEER တစ်ခွက်သူငယ်ချင်းတစ်ယောက်အတင်းလာတိုက်တာနဲ့ သောက်ဖြစ်လိုက်ပါတယ် ..
အဲ့ဒီကနေသောက်ရင်းသောက်ရင်နဲ့ BEER ကုန်သွားပါတယ် ကျွန်တော်လည်းစုစုပေါင်းလေးခွက်
လောက်သောက်မိသွားတယ် ။ နောက်BEER ကနေအရက်တစ်ခွက်သောက်ဖြစ်သွားပါတယ်။ ကျွန်
တော်အခုသောက်တာ သိပ်မများသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ခေါင်းထဲမှာ မူးနောက်နောက်နဲ့ပါ
အခုမှ ကျွန်တော်အရက်မူးတဲ့အရသာကိုခံဖူးတာပါ။ ဒါနဲ့ကျွန်တော်အခန်းထဲကို ၀င်အိပ်လိုက်ပါတယ်။
တရေးနိုးတော့ အရမ်းကို အန်ချင်လာတယ် အဲ့ဒါနဲ့အန်လိုက်ရတာ လူကိုသေမတက်ကိုခံစားရတာ
တခါမှမဖြစ်ဘူးတော့လေ ။ နောက်နေ့မနက်မိုးလင်းတော့ ကျွန်တော်နေလို့သိပ်မကောင်းသလိုခံစား
ရပါတယ်။ သူငယ်ချင်းတွေက ပြောတယ်လေ မင်းအဲ့ဒါအရက်နာကျတာတဲ့ နောက်ထပ်တစ်ခွက်
ဒဏ်ပြန်လိုက်တဲ့ ကျွန်တော်မသောက်ပါဘူး ။ အဲ့လိုနဲ့နောက်ရက်တွေ အထိဖျားသလိုလိုနဲ့ကိုယ်ပူ
နေပါတယ်။ နောက်ကျွန်တော်လည်း ဆေးခန်းကိုသွားပြလိုက်ပါတယ်။ ဆေးခန်းရောက်တော့ ဆရာ
ဝန်က အဆုတ်အအေးပက်တာလို့ ကျွန်တော်ကိုပြောတယ် ပြီးတော်ဆေးပါပေးလိုက်တယ် ။ အဲ့ဒီ
ကနေ နေလိုက်တာ နောက်နေ့တွေကြတော့ ချောင်းအခြောက်ဆိုးလာတယ် တဟွတ်ဟွတ်နဲ့ပေါ့
အဲ့ဒါနဲ့ ဆရာဝန်ထပ်ပြပြန်ရော ဆရာဝန်က အဆုတ်ပွသွားတာလို့ ပြောပြန်တယ်။ ကျွန်တော့်ကို
စမ်းသပ်ကြည့်တော့ အရမ်းအားနည်းနေတယ်လို့ပြောပြီး အားဆေးပုလင်းကြီး၊ အကြောဆေးတွေ
ထိုးပေးလိုက်ပြန်ပါတယ်။ ပြီးတော်စားဆေးတွေလည်းပေးလိုက်ပြန်ပါတယ် .။ အဲ့လိုနဲ့နေလာလိုက်
တာ နေမကောင်းတာ နှစ်ပတ်ကျော်လောက်ကြာသွားတယ် ။ ညဘက်ညဘက်အဖျားတွေပုံမှန်တက်
လာတယ် ။ ချောင်းဆိုးတာကလဲ တဖြေးဖြေးသလိပ်တွေပါလာတယ် ။ အဲ့ဒါနဲ့ဆေးခန်းကိုထပ်သွားပါ
တယ် ပထမသွားခဲ့တဲ့ဆရာဝန်ဆီကို မဟုတ်ပါဘူး နောက်တစ်ယောက်ပါ။ အဲ့ဒီရောက်တော့ဆရာဝန်
ကပြောပြန်ပါတယ် အဖျားက ၁၂၀ ထိဖြစ်နေတယ်တဲ့။ ချောင်းလေးကလဲတဟွတ်ဟွတ်နဲ့ဆိုတော့
အဆုတ်ပွတာလို့ ထပ်ပြောပြန်ရော။ ကျွန်တော်လည်း အဲ့ဒီဆေးတွေကို သောက်ပါတယ်။ ဒါပေမဲ့မရ
ပါဘူး တဖြေးဖြေးနဲ့ နေလာလိုက်တာ တစ်လလောက်ကြာသွားတယ်။ နောက်ပိုင်းချောင်းဆိုးတာက
ကြောတွေရင်တွေ အောင့်လာတယ်။ သလိပ်ထဲမှာ သွေးဆတွေပါလာပါတယ်။ ကျွန်တော်အထင်က
တော့ လည်ချောင်းတွေတော့ ကွဲထွက်ကုန်ပြီနဲ့တူတယ်လို့လေ။ သူငယ်ချင်းတွေက ၀ိုင်းပြောကြပါ
တယ် ကျွန်တော်ပုံစံကိုကြည့်ပြီး မင်းTBဖြစ်နေလားမသိဘူး။ ကျွန်တော်ကတော့မဖြစ်နိုင်ဘူးလို့ ငါဘာ
လို့ဖြစ်ရမှာလဲလို့ပေါ့။ နောက်သူတို့ကအတင်းတိုက်တွန်းတာနဲ့ ကျွန်တော်လဲဆေးရုံးကိုသလိပ်သွား
စစ်လိုက်ရတယ် ။ ပထမဆေးရုံကိုရောက်တော့ ကျွန်တော်လူနာစာအုပ်လုပ်ရပါတယ် နောက်သူတို့
က ကျွန်တော့်ကိုယ်အလေးချိန်ကိုပါ ချိန်ပါတယ်။ ပြီးတာနဲ့ ကျွန်တော့်ကိုဘူးတစ်ဘူးပေးပါတယ်။ ကျွန်တော်အဲ့ဒီဘူးလေးတစ်ဘူးထဲကို သလိပ်ချက်ချင်းခံကာ ပထမတစ်ကြိမ်စာရွက်နဲ့ ကောင်တာမှာ
ပေးထားခဲ့ရပါတယ်။ ကောင်တာကဆရာမကကျွန်တော့်ကို ဘူးနှစ်ဘူးထပ်ပေးလိုက်ပါတယ်။ တစ်ဘူး
ကညအိပ်ခန်းနီး ခံဖို့၊ နောက်တစ်ဘူးက မနက်နိုးနိုးချင်း သလိပ်ခံဖို့ပါ။ ကျွန်တော်လည်းသူပြောတဲ့
အတိုင်းပါပဲ သလိပ်တွေကို ကျကျနနခံပြီး နောက်နေ့မနက် ၈နာရီလောက်အရောက်သွားပို့ပါတယ်။
ကျွန်တော်ဆေးရုံးကိုသွားတာ အခုဆိုနှစ်ရက်ရှိပါပြီ။ နောက်သုံးရက်မြောက်တဲ့နေ့မှာ သလိပ်အဖြေစာ
ရွက်ကို ဓါတ်ခွဲခန်းကောင်တာမှာသွားယူပြီး စာရွက်နဲ့အတူ ဒေါက်တာကိုပြဖို့သွားရပါတယ်။ နောက်
ဓါတ်မှန်ရိုက်ကမယ်ဆိုလို့ ကျွန်တော်ဓါတ်မှန်ရိုက်လိုက်ပါတယ်။ ဓါတ်မှန်နဲ့အတူ သလိပ်အဖြေကိုဆ
ရာဝန်ကကြည့်ပြီး ကျွန်တော့်မှာ TB ရောဂါဖြစ်နေပြီလို့ပြောလာပါတယ်။ ကျွန်တော်နားကိုတောင်ကျွန်
တော်မယုံချင်ပါဘူး ။ ဒါပေမဲ့လက်သင့်ခံခဲ့ရတာပါ ။ ဆေးထုတ်ဖို့ ကျန်းမာရေးဌာနတစ်ခုကို ကျွန်
တော်လိပ်စာနဲ့အတူ ညွှန်လိုက်ပါတယ်။ အဲ့ဒါနဲ့ကျွန်တော်လည်း ကျန်းမာရေးဌာနတစ်ခုဆေးကိုထုတ်
အဲ့ဒီကဆရာမလေးပြောတဲ့အတိုင် ဒီနေ့အထိဆေးကိုပုံမှန်သောက်လာခဲ့တာပါ ။ဆေးကတော်တော်
ပြင်းပါတယ် ။ဒါကြောင့်တီဘီရောဂါသည်ဟာ အာဟာရပြည့်အောင် နေ့စဉ်စားသုံးရန် အရမ်းအရေး
ကြီးပါတယ် ။ ကျွန်တော့်ကိုTBရောဂါအကြောင်းရှင်းပြပေးခဲ့တဲ့ သူမမမိငယ်ကိုလည်း အလွန်ကျေးဇူး တင်ကြောင်းပါ ။ TB ရောဂါဆိုတာ ကြောက်ဖို့တော့မကောင်းပါဘူး ၊ ဒါပေမဲ့ ရောဂါဆိုတာမျိုးက ဖြစ်လာရင် ပျောက်အောင်ကုမှပါ မကုရင်ရောဂါရဲ့ဆိုးကျိုးတွေကို ခံစားရမှာမလွဲမသွေးပါပဲ ။ TB ရောဂါဆိုတာလည်း ထိုနည်းအတူပါပဲ ဆေးကိုမှန်မှန်မသောက်လျှင် ဆေးပတ်မလည်ပဲ ရောဂါပိုးကို ထိရောက်စွာ မကုသနိုင်ပဲ ရောဂါဒဏ်ကို ပြန်ခံရမှာ ဖြစ်ပါတယ်။ TB ဆေးဟာအလွန်ပြင်းပါတယ် ဒါကြောင့် ဆေးစားပြီး (၃) ပတ်အကြာမှာ ရောဂါပျောက်သလိုလိုဖြစ်သွားပါမယ် ပုံမှန်ချောင်းဆိုးနေတာ အဖျားမကြာမကြာတက်နေတာမျိုးမရှိတော့ပါဘူး ။ ပုံမှန်လူကောင်းလိုမျိုး ပြန်ဖြစ်သွားလေ့ရှိပါတယ် ။ ဒါပေမဲ့ကောင်းပြီးဆိုပြီး ဆေးကိုမဖြတ်ပစ်လိုက်ပါနှင့် ဆေးစသောက်ပြီးဆိုတာနဲ့ဆေးသောက်ကမဲ့ ကာလသတ်မှတ်ထားသည်တိုင်ပြည့်အောင်သောက်ရမည် သာဖြစ်ပါတယ် ။ ဆေးသောက်ချိန်လည်းမှန်ရပါ့မယ် ။ အကောင်းဆုံးကတော့ ဆရာဝန် ( ကျမ်းမာရေးဌာန ) ကညွှန်ပြသည့်အတိုင်း သောက်ရမည်သာဖြစ်ပါတယ်။
ကျွန်တော်ဒီစာကိုရေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ TB ဆိုတဲ့ကူးစက်လွယ်တဲ့ရောဂါ
တစ်ခုအကြောင်းကို ကျွန်တော့်ဆီကို အလည်လာတဲ့ သူငယ်ချင်းတွေ တစိတ်တဒေသ သိရှိရအောင်
ကျွန်တော်တင်ပြလိုက်ခြင်းဖြစ်ပါတယ် ။ အလည်လာပြီးစာဖတ်ပေးတဲ့သူငယ်ချင်းတွေကို အထူးကျေးဇူးတင်
ကြောင်းထပ်မံပြောကြားအပ်ပါသည်။

မှတ်ချက်။ ။ အပေါ်မှပုံနှင့် စာများသည် တီဘီရောဂါအကြောင်းသိကောင်းစရာစာအုပ်မှ ကောက်နုတ် တင်ပြသည် ။

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...