Friday, July 24, 2009

အိပ်ရာထဲက အတွေးတစ်ပုဒ်


ဟိုအဝေးကို မျှော်ငေးမိတော့
ဟိုအဝေးတစ်နယ်က ချစ်သူကို
လွမ်းမိပါတယ် ...
တစ်ပတ်လောက် ဆက်သွယ်မှုမဲ့ယုံနဲ့
အသဲက တဆစ်ဆစ်ဖြစ်ကာ
နာကျင်လွမ်းရှ အလွမ်းတို့
ပူလောင်လှပါတယ်လို့ မင်းကိုပြောရင်
ယုံပါ့မလားချစ်သူ ...
တစ်ကိုယ်ရေ တမ်းတနေရလို့
အဖော်မရှိပေမဲ့ မင်းဓါတ်ပုံလေးကြည့်ကာ
ဟို...... အနာဂတ် မျှော်ငေးမိပါတယ်
ငေးရင်းနဲ့ တွေးမိတယ်ဆိုရင်ပဲ
ရေရာတာတွေရော မရေရာတာတွေရော
သေချာတာတွေရော မသေချာတာတွေရော
မရေရာတာတွေခြားက ရေရာတာလေးရယ်
မသေချာတာတွေခြားက သေချာတာလေးရယ်
တွေးတွေးပြီး ယုံကြည်ချက်ကိုအုတ်မြစ်ချကာ
ငါတစ်ကြိမ်မက ကြိုးစားခဲ့ဖူးပါတယ် ချစ်သူ...
အခု.... ငါနေမကောင်းနေလို့
အိပ်ရာထဲမှာ မင်းနဲ့ဘယ်လိုနီးအောင်ကြိုးစားရမလဲ
စဉ်းစားရင်းနဲ့ အဖျားတက်နေတယ်ချစ်သူရေ ...
အပူချိန်က 100ကျော်ယုံလေးမို့
မင်းဓါတ်ပုံတစ်ချို့ထုတ်ကြည့်ကာ ချွေးထုတ်နေမိတယ်ချစ်သူ...
ဒါတွေကို မင်းသိပါ့မလား
မသိတာပဲကောင်းပါတယ် ချစ်သူရယ်
မင်းသိရက်နဲ့ ငါ့အနားကိုမလာနိုင်ရင်
ခံစားရမဲ့ ငါ့အဖြစ်က
ပိုဆိုးလွန်းလို့ ဒီအတိုင်းလေးပဲ
ချစ်သူကိုမျှော်ငေးကာ သတိတရလွမ်းနေမိပါတယ် ...
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...