Tuesday, November 18, 2008

ကမ်းပျက်

အလွမ်းစက်တွေနဲ့

လမ်းတစ်ဝက်မှာ ထားခဲ့တယ်

အနမ်းတစ်စက်မှ မရခဲ့ဘူး

လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ

ထူးတော့မထူးပါဘူး အချစ်ရယ်

ရူးတော့ရူးသွားခဲ့တယ် ...

ဒါပေမဲ့

အရူးတစ်ယောက် ကမ်းပါးအစား

အသဲတစ်ခြမ်းကြွေကျခဲ့တာကိုတော့

သူသိမှာ ဟုတ်ပါဘူးလေ ....။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...