Sunday, September 18, 2011

လိုချင်တာ ... မျှော် ..

လိုချင်နေတာ ငါးထောင်တန်
မလိုချင်တာ ဆယ်တန်တစ်ရွက်
ငါးထောင်တစ်ရွက်နဲ့ တောင်တွေကိုကျော်လို့ရပေမဲ့
ဆယ်တန်တစ်ရွက်နဲ့တော့ ဒလသဘောင်္တောင်ကူးလို့မရတော့ဘူး
အခြေအနေတွေက မနေ့ကနဲ့
ဒီနေ့ မတူတော့တာမို့
အိမ်ထဲမှာ ပလက်အိပ်ကာနဖူးပေါ်လက်တင်
စဉ်းစားခန်းဖွင့်နေလို့ အချိန်မရှိတော့
လက်တွေ့ကြတဲ့ဘ၀မှာ အက္ခရာ ' အ ' အဆုံး
နှစ်လေးဆယ်ကျော် ကားတွေကိုဈေးကောင်းပေးဝယ်
မော်ဒယ် အသစ်ရမဲ့ဆိုတော့
လိုင်စင်တွေ အလုအယက်တင်နေလိုက်ကြတာ
ငါ့မှာတော့ တစ်ပြားတစ်ချပ်
ပြားကပ်ကပ်အိတ်ကို ငုံကြည့်ရင်း
နေနှင့်အုံးပေါ့ ငါးထောင်တန်ရယ် ...
ချမ်းသာချင်တော့ ဖြတ်လမ်းကလိုက်မယ်ကြံ
ထီးပြေးထိုးမိတယ် ... စိတ်ကူးနဲ့ သိန်း ၁၅၀၀ ငါ့ဟာပေါ့
ကားတစ်စီး ခပ်ကောင်းကောင်းဝယ်ပြီးစီးလေအုန်းမယ်
စဉ်စားခန်းဖွင့် ထီးတစ်စောင်အိတ်ကပ်ထဲထည့်
အိမ်ကိုပြန်ကားတိုးစီးကာ လကုန်ရက်ကိုမျှော်နေမိတယ် ..

Online Now Icons
အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...