Friday, January 16, 2009

ငါပြောချင်နေတဲ့စကားတချို့နဲ့ရင်ထဲက စပ်မိစပ်ရာ

ရှုပ်ရှက်ခက်အတွေးတွေကို စုပုံ
လိုချင်တာတွေ ပုံချပြီး
မျှော်လင့်ချက်တွေ ချစီကာ
ငါသီကုံးလိုက်တော့ . . .
ဘ၀ကလှပလိုက်တာ
အပြုံးပွင့်တွေ ကာရံထားတဲ့
လောကစာမျက်နှာတစ်ဖက်ချင်းစီကို
ငါအသာခိုးလှမ်းကြည့်မိတယ် . . .
ရင်ခုန်သံတွေက နွေးထွေး
ပြီးပြည့်စုံနေလိုက်တာ
ခါးသက်မှုတွေ ရီဝေစွာတွေးတတ်တဲ့
ငါ့အတွေးတွေ ခဏတာကျပျောက်ခဲ့တယ်
ချစ်သူရယ် . . .
အချစ်ထက်အရေးပါတဲ့အရာ လောကမှာ
မရှိဘူးလို့ ငါအထင်မှားခဲ့မိတယ်
အမှန်တကယ်တော့ ငါရင်ခုန်ချင်ပါတယ်
ချစ်သူ.. . .
ရင်ခုန်သံတွေကြာရှည်မခံမှာ ကြောက်တဲ့အတွက်
ငါ့ကိုငါ ဖြေကာသိပ်ကြိတ်ကာဆွေးနေရတာပါ
ထမင်းရည်ပူအတူလျှက်ရချည်းရဲ့လို့
စကားဆိုတွေရှိနေသောလည်း
မင်းကို ငါ့ဘ၀နွံ့ဗွက်ထဲ ဆွဲမနစ်ရက်ပါဘူးချစ်သူ
ငါတို့နှစ်ယောက်ရဲ့ ချိုမြိန်တဲ့အချစ်တွေ
လောကဓံတရားနဲ့အတွေ့မှာ
မင်း ... ... ငါ့ကိုထားသွားမှာ ငါဆိုးရိမ်တယ်ချစ်သူ
ဖြစ်နိုင်ရင် ချစ်သူရယ်
ငါလေ . . . အခုအမြန်ဆုံးပြေးထွက်လို့
မင်းဆီအရောက်လှမ်းလာချင်ပါရဲ့
ပြီးတော် မင်းလက်ကိုဆွဲပြီး
ကမ္ဘာ့အပြင်ဘက် ခုန်ထွက်ချင်ပါရဲ့
လူတွေနဲ့ဝေးတဲ့နေရာ တစ်နေရာအရောက်မှာ
ငါအသံကုန်ဟစ်အော်လို့ မင်းကိုအရမ်းချစ်ပါတယ်ဆိုတဲ့အကြောင်း
စာတသံပေတသံနောလို့ ဟစ်ကြွေးချင်လိုက်တာ ချစ်သူရယ်
ဒီလိုနဲ့ ငါဘ၀လည်းစဉ်းစားရင်နဲ့
အိပ်မောကျခဲ့ရတဲ့နေ့တွေ
မင်းနဲ့ဆုံနိုးနိုးဆိုပြီး ထိုင်စောင့်ခဲ့ရတဲ့
ပြက္ခဒိန်စာမျက်နှာတွေ တွန့်ကာကြေကာ
ကုန်ဆုံးသွားပင်မဲ့ တွေ့ဆုံမှုဆိုတာဘယ်ဆီနေမှန်းမသိသေးတဲ့
နေ့စွဲအပိုင်းအစတွေဟာ လက်ချိုးရီလို့တောင်
မပြည့်နိုင်တော့ပါလား . . .
ကံကြမ္မာကိုပဲ အပြစ်တင်ရမလိုလို
ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလိုလိုနဲ့
အချိန်တွေသာကုန်သွားတယ်
ငါအခုထိ ဘာကိုမှမဆုတ်ကိုင်မိသေးဘူးချစ်သူရယ် .. ..
ဆုတ်ကိုင်မိတာတစ်ခုတော့ရှိတယ်
အဲ့ဒါဘာလဲဆိုတော့အလွမ်းတွေပေါ့
သုံးစားမရတဲ့ဒီအလွမ်းတွေကိုခင်တွယ်ရင်း
ငါ့ကိုငါတောင်အသက်ဆက်ရှင်ဖို့အားယူနေရတယ်
မင်းမသိတဲ့ငါ့ရင်ထဲကအကြောင်းတရားတွေကို
တခါတလေ . . . ငါလေမင်းရှေ့မှာ
ပုံချပြလိုက်ချင်တယ်ချစ်သူ . . .
ဘယ်လောက်ထိချစ်ပါတယ် . . .
မည်သို့မည်ပုံလွမ်းပါတယ်ဆိုတဲ့အကြောင်းတွေနဲ့
ခိုင်းနှိုင်းပြီး ငါ့အချစ်တွေကို
ရင်ဖွင့်ပြီးစင်မြင့်တင်ချင်တယ်ဟာ . . .
ကြာပါတယ်ဟာ . . . အခုပဲစလိုက်ကြစို့
ဆိုပြီး ကဗျာတစ်ပုဒ်မဟုတ်တဲ့
စာကြောရှည်ကိုအဆုံးသတ်လိုက်ပြီး
ချစ်သူရှိရာသို့အတွေးတွေနဲ့ မျောလွင့်မိပါတော့တယ် ။

3 comments:

poemflower said...

တွေ့ဆုံမှုဆိုတာဘယ်ဆီနေမှန်းမသိသေးတဲ့
နေ့စွဲအပိုင်းအစတွေဟာ လက်ချိုးရီလို့တောင်
မပြည့်နိုင်တော့ပါလား . . .
ကံကြမ္မာကိုပဲ အပြစ်တင်ရမလိုလို
ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလိုလိုနဲ့
အချိန်တွေသာကုန်သွားတယ်
ငါအခုထိ ဘာကိုမှမဆုတ်ကိုင်မိသေးဘူးချစ်သူရယ် .. ..
စာသားတွေကထိတယ်ဗျို့ အဆင်ပြေပါစေ.

Anonymous said...

သူငယ်ချင်းရေ..ခံစားချက်လေးတွေ ကောင်းတယ်..အဆင်ပြေပါစေကွာ..

ပန်းခရေ said...

ဟာ စကားလုံးတွေသုံးထားတာ ကောင်းလွန်းလို့ ဘာရေးရမှန်းတောင်မသိတော့ဘူး ...
တော်လိုက်တာ ငါလောက်နီးနီးပဲ..
း))
မောင်လေးရေ ကဗျာလေးတွေဟတ်ထိလာတယ်

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...