
နင့်ကိုတော့ ငါတကယ်ချစ်ပါတယ်
ဒါပေမဲ့ တဘ၀စာလက်တွဲရမယ်ဆိုတော့
ငါ့ကိုငါ ပြန်လှည့်ကြည့်နေမိတယ်
မရေရာ မပီပြင်သေးတဲ့
ငါ့ရဲ့အတတ်ပညာမစုံမလင်နဲ့
နင့်ဘ၀ကို ထမင်းနပ်မှန်အောင်မှ
လုပ်ကြွေးနိုင်ပါ့မလား ..... ။
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
နင်ငါ့ဘ၀ထဲမှာ ထမင်းရည်ပူအတူသောက်နိုင်ပါ့မလား
တဲအိုပျက်မှာနေရမယ်ဆိုရင်ကော
နင့်ဘ၀ကို အလှဖျက်ပြီးနေနိုင်ပါ့မလား
ဘာပဲဖြစ်ဖြစ်ပါချစ်သူ
ငါသိပ်ချစ်ရတဲ့ နင့်ကို
နေပူပူမှာမပြောနဲ့ နေရိပ်ထဲမှာတောင်
ချွေးထွက်အောင် ငါမခိုင်းရက်သူပါ
အခု နင်ရယ်ငါရယ်
အဝေးကြီးဝေးနေရတော့
ငါလေ အဆွေးကြီးဆွေးနေရတယ်ချစ်သူရယ်
ဘာကြောင့်မှန်းမသိတဲ့ ရင်ခုန်သံတွေကိုတိုင်းတာရင်း
နင့်အပေါ်မှာ ငါချစ်တဲ့အချစ်တွေ
လျော့သွားမှာ ဆိုးလို့
အလွမ်းတွေကို နှစ်နဲ့မြှောက်နေရသူပါ
ကံကြမ္မာက မျက်နှာသာပေးလို့
နင်နဲ့ပြေးတွေ့မိကာမှ နင့်အိမ်ကသိခဲ့တယ်လေ
နှစ်ဖက်မိဘတွေသဘောတူလို့
နင်နဲ့ငါနဲ့ နီးရမယ်ဆိုတော့
ငါလေ ... အရမ်းပျော်မိပါတယ်
ဒါပေမဲ့ဟာ မိဘတွေမျက်ရည်ကျြ့ပီးမှ
လက်တွဲရမဲ့ ငါတို့နှစ်ယောက်ရဲ့ဘ၀ခရီးက
သာယာနိုင်ပါ့လား ......... ။
နင့်အိမ်ကလဲ နင့်ကိုကလေးလေတဲ့
ငါအိမ်ကလဲ ငါ့ကိုငယ်သေးတယ်တဲ့လေ
မပေးစားရင် ခိုးပြေးခိုးရာနောက်လိုက်မယ်ဆိုတဲ့
ငါတို့နှစ်ယောက်ရဲ့သတ္တိတွေက
တကြိမ်တခါမှာတော့ မိဘတွေရဲ့စကားအောက်
ပြားပြားမှောက်ခဲ့ရတယ်ချစ်သူ
အခုနင်ဘယ်လမ်းကိုရွေးမလဲ ......
ငါကကောဘယ်လမ်းကိုလျောက်မလဲ ........ ။
2 comments:
ကဗျာခံစားသွားတယ်
ကောင်းတယ်
ကိုမျှော်လင့်ခြင်း
ကဗျာလေးက ဘ၀သရုပ်ဖော် အချစ်အကြောင်းကို
ရေးထားတာလေး ပြောင်မြောက်ပါတယ်
အဆင်ပြေပျော်ရွင်ပါစေ
Post a Comment