
လူသုံးဦးဆုံစည်းရာ နေရာ
အဲ့ဒီသုံးဦးပဲ အရောင်မျိုးစုံ
အသွင်မျိုးစုံနဲ့ ၀င်ချည်းထွက်ချည်း
ခြေချင်းလိမ်နေတဲ့ နေရာ
အဲ့ဒီနေရာ ငါရောက်ခိုက်မှာ ...
အသွင်မျိုးစုံ ဟန်ဆောင်ထားတဲ့
လူသုံးဦးကို ငါကိုယ်တိုင်တွေ့နေရတယ်
ငါလဲ အဲ့ဒီထဲမှာတစ်ဦးအဖြစ်ပေါ့
အသွင်းမျိုးစုံဟန်ဆောင် ၀တ်စားဆင်ယင်ထားပေမဲ့
ထိုလူတွေထံမှ ညည်းသံတွေမှတပါး
တခြားဘာသံမှ သဲသဲကွဲကွဲမကြားရဘူး .... ။
ငါတစ်ယောက်တည်းမဟုတ်ပါဘူး
ငါ့ဘေးနား ငါ့အနားတ၀ိုက်မှာလဲ
အသက်ကိုမနည်းမှန်အောင် ရူနေကြရတယ် .. ။
တချို့ကလည်း နာကျင်လို့
ညည်းငြူးလူးလဲနေတဲ့သူတွေ
ထိုလူတွေရဲ့ကြား ခြေချင်ရှုတ်ကာ
အလှချင်ပြိုင်နေသူတွေက
အလုပ်သင်ဆရာဝန်မလေးတွေပါ
တချို့ကစေတနာနဲ့ တချို့ဆူပုပ်ပုပ်နဲ့
ငါဆရာဝန်ဆိုတဲ့ ဂုဏ်ပုပ်ကို
အပီယူထားကြတယ် ... ။
ထိုကြားထဲ ထိုကြားထဲမှာ
အသက်လုနေသူတွေ တိမ်ရှောင်ရင်
ဆေးကျောင်းနောက်ဆုံးနှစ်တွေက
ကျော့ကျော့မော့မော့ ယူနီဖောင်းအပြည့်နဲ့
ရီသံတွေနှောနေကြတယ် ... ။
ငါပြောတာမမှားလောက်ပါဘူး
ငါ့စကားတွေ ဆိုရုံရှိသေး
ခြောက်ကပ်ကပ်အသံနဲ့ ဒီဒုက္ခတစ်ယောက်
ဆရာဝန်တွေ လက်မြှောက်ကာ
အိမ်ပြန်ရတော့မည်လေ .... ။
စိတ်မကောင်းပါဘူး ကုလို့ကိုမရတဲ့
အစွန်းဆုံးကို ရောက်နေလို့ပါတဲ့
အော် ... ဒါဆိုရင်
ငါဘယ်အဆင့်မှာရှိလဲလို့ သိချင်ဇောနဲ့
ဆရာမကိုမေးကြည့်လိုက်တော့
ငါ့ရောဂါအစအဆုံးကို နောက်ကြောင်းပြန်ပြီး
ပြောပြနေရတယ် ..... ။
ဒါက နောက်တစ်ယောက်မို့
ငါ့အကြောင်း တစို့တဆ
သူမသိလေခြင်းဆိုပြီး
စီကာပတ်ကုံး ပြောပြနေရတာပါ
ငါ့အလှည့်ဘယ်တော့လဲ သိချင်ဇောနဲ့ပေါ့
ဆရာမက ပြောလိုက်ပါတယ်
နင်လဲမကြာခင် ဆင်းရမှာပါတဲ့
" ဗျာ ...... ......... ....... "
" နေကောင်းလျက်နဲ့ ဆင်းရမယ်လို့ပြောတာ "
အော် ... တော်ပါသေးရဲ့ ... ။
လူနာဘက်က သေရမှာကြောက်နေပေမဲ့
ဆရာဝန်တစ်ယောက်အနေနဲ့တော့
လူနာတစ်ယောက် သေသွားတာမစမ်းပါဘူးလေ ..... ။
ငါ့နှယ် ကျေးဇူးရှင်များ
ကျေးဆွတ်မိနေလား ပြန်ပြီးပြန်ပြီးစဉ်းစားကြည့်မိလေတော့
ကန်တော့ကန်တော့လို့ စိတ်ထဲမှာ
ကြိတ်တောင်းပန်ရင်း ...
ဆရာမဖြစ်စ အသစ်စက်စက်လေး
လေးငါးခြောက်ယောက် မျက်လုံးထဲပြေးမြင်ယောင်မိတယ်
လှလိုက်တာလို့ နုတ်ကရေရွတ်မိတော့
ကိုယ့်လိပ်ပြာကို ကိုယ်မလုံဘူးဖြစ်နေတယ်
ဘာကြောင့်လဲလို့စဉ်းစားမိတော့
ကျွန်တော့ကိုပြစ်ထားတဲ့ ချစ်သူမိရက်စက်က
ရင်ခွင်နှလုံးသားတစ်ခုလုံး သိမ်းပိုက်ထားခဲ့ပြီလေ ... ။
ဒါနဲ့ဒါနဲ့ပဲ အိပ်မရလို့အတွေးတွေ
ဖြန့်ကျက်နေလိုက်တာ
ဆရာဝန်ဆေးထိုးဖို့ အနားရောက်မှ
ကဗျာကယာစာအုပ်ကိုသိမ်းရင်း
သန်ခေါင်ယံထက်ကျွန်တော်တစ်ယောက်တည်း
သူငယ်ချင်းတွေကိုလွမ်းရင်း အိမ်ပြန်ဖို့ရက်
မျှော်နေမိတယ် ... ။
( ဆေးရုံသို့သတင်းမေးလာကြသောသူငယ်ချင်းအားလုံးကို အရမ်းကျေးဇူးတင်သလို မသိလို့မလာနိုင်ကြ သိရက်နဲ့ မအားလို့မလာနိုင် ဝေးလွန်းလို့ မရောက်လာနိုင်ကြတဲ့ သူငယ်ချင်းတွေလဲ အရမ်းသတိရပါတယ် ဆိုတဲ့အကြောင်းနဲ့ ကျွန်တော် ဌာနေကိုခေတ္တခဏအနားယူ ပြန်သွားပါတယ် ... ကျွန်တော့်ကိုအမြဲတမ်းသတိရ နေပေးပါနော် ....... အားလုံးအားလုံးကိုခင်မင်လျက် .... ။ )
ကျော်သူဟိန်း (မျှော်လင့်ခြင်း)