
နင်ကပြောတယ် ငါ့မှာချစ်သူရှိတယ်တဲ့
ငါကပြောလိုက်တယ် နင်ကအရမ်းလှတာပဲလို့
နင်ကပြန်ပြောတယ် နင်အခုမှသိတာလားတဲ့
ငါကပြန်ပြောလိုက်တယ် ငါသိတာကြာပါပြီလို့
နင်ကနှစ်သက်စရာအပြုံးနဲ့ ငါ့ကိုချော့သိပ်ခဲ့တယ်
ငါကတော့ နင့်အပြုံးတွေရဲ့ရှေ့
နင့်စကားလုံးတွေရဲ့အောက်မှာ
ငါ့ကိုငါဟန်ချက်ထိန်းရင်း အိမ်ပြန်နောက်ကျခဲ့ရတယ် … ။
နင်မမှားပါဘူးချစ်သူ ငါကသာရင်ခုန်သံတစ်ဖက်သပ်နဲ့
ငါ့ကိုငါ အသက်သွင်းနေမိသူပါ … ။
နင်ဘက်ကဖြူစင်ပါတယ် ငါ့ကိုသူငယ်ချင်းပဲတဲ့လေ
ငါကအရောင်ဆိုးဖို့ကြံရွယ်နေတဲ့ ရူးမိုက်နေသူပါ … ။
နင်ငါ့အပေါ် အရောင်ပြောင်းလေနိုးနိုးနဲ့
ငါ့စကားလုံးတွေ နင့်အပေါ်မှာနယ်ကျွန်ခဲ့မိရင်
နင့်သူငယ်ချင်းတစ်ယောက်အနေနဲ့ နာလည်ပေးပါဟာ … ။
ငါ့ကိုငါမဖြစ်နိုင်မှန်းတော့ သိပါတယ်ချစ်သူ
နင့်ဆီကမေတ္တာတစ်ချို့ သူများဆီရောက်နေတဲ့
ငါလိုချင်တဲ့ အရာအားလုံး ငါရအောင်ယူဖို့
နင်မသိအောင်ကြိုးစားနေမိတယ် … ။
ငါတကယ်ပဲ တစ်ဖက်သက်ဆန်နေပြီလား
နင်ပုံရိပ်တွေ အမြဲတမ်းစိုးမိုးနေတဲ့
ငါ့နှလုံးသားက တစ်ခါတစ်ရံမဟုတ်ပဲအမြဲတမ်းလိုလို
နင်ဆိုမှနင်ပဲဖြစ်နေလို့ ဟန်မဆောင်နိုင်ပဲ
ငါ ….. မျက်နှာပြောက်တိုက်ခဲ့ရတာပါ
နင့်ရှေ့မှာရီသံတွေနှောကာ ပျော်ပျော်ပျက်ပျက်ပြောနေပေမဲ့
ငါ့ရင်ထဲက နင့်ကိုချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကတော့
နင်မမြင်နိုင်တဲ့ ငါ့နှလုံးသားကပေါက်ဖွားလာတာပါ … ။
ငါမ၀ံ့မရဲဝင်ခံရရင် သူငယ်ချင်းရယ် ..
နင့်ကိုဘယ်၍ဘယ်မျှ ဘယ်လောက်ထိချစ်ပါတယ်ဆိုတာ
ငါဖွင့်ဟချင်ပါရဲ့ ငါ့စကားလုံးတွေ
နင့်အပြုံးအောက်မှာ ကျပျောက်မှာဆိုးလို့
ငါ့ကိုငါနှစ်သိပ်ရင် ရင်ထဲကစကားတွေ
နင့်ရှေ့မှာ ဟာသဖြစ်ခဲ့ရတယ် … ။
ငါနင်နဲ့ပတ်သက်လို့ တွေးရင်းနဲ့ဆွေးခဲ့ရတဲ့နေ့တွေ
နင့်အကြောင်းစဉ်းစားရင်း ဆွေးရင်းနဲ့ခြောက်သွေ့ခဲ့ရတဲ့ရင်ခုန်သံတွေ
ငါတစ်ယောက်တည်း အနာတရနဲ့ပစ်လဲခဲ့ပေမဲ့
နင့်ရဲ့ငါ့အပေါ်ခင်မင်မှုတွေကြောင့် ငါ့ရင်ခုန်သံတို့နွေးထွေးခဲ့ရတယ် … ။
ငါဝန်ခံပါတယ်ချစ်သူ နင့်ကိုချစ်နေမိသူပါလို့
နင်နဲ့ငါနဲ့ သူငယ်ချင်းသံယောဇဉ်ကြိုး ဘယ်အချိန်ထိ
ငါတို့ခိုင်မြဲကြမလဲဆိုတာ
ငါထင်ပါတယ်….
ငါဆက်ပြီဟန်ဆောင်ကောင်းနေရင်
ဟို…..တစ်ချိန်ထိ
နင်ရယ်ငါရယ်ပေါ့…. ၁၅၀၀ မဖြစ်နိုင်ခဲ့ရင်တောင်
၅၂၈ တော့သေချာပါတယ် သူငယ်ချင်းရယ် ( ချစ်သူရယ် ) ….. ။
7 comments:
နင်နဲ့ငါနဲ့ ငါနဲ့နင်နဲ့ ၁၅၀၀ လား ၅၂၈ လား
ဒါမှမဟုတ် ၂၀၂၈ လားမောင်လေးရေ
လက်ရှိအခြေအနေကဘာလဲ
မောင်လေးအဆင်ပြေပါစေ ..နော်
ကဗျာကောင်းလေး လာခံစားသွားတယ်...
နောက်လဲ လာလည်မယ်နော်..
လေးစားစွာဖြင့်
ဂျစ်
ကဗျာတပုဒ်ဟာ ဇာတ်လမ်းရှည်ကြီးကြည့်ရသလို
ဝတ္ထုရှည်ဖတ်ရသလို လိုရင်းကို အချိန်တိုတိုနဲ့ ပြည့်စုံတယ်
ဆက်ရေးပါ. အားပေးနေပါတယ်။
ခင်မင်လျက်
သူငယ်ချင်းမက
ရည်းစားမကျ ဆိုတာဒါမျိုးထင်တယ်
ဟိုနေ့တွေကလာမန့်တာ မရလို့ ခုတစ်ခေါက်ပြန်လာဖတ်တယ်နော် ကျေးဇူးပြုပြီး Word Verification ကို ဖြုတ်ပေးပါလား မောင်လေး
ကဗျာလေးကောင်းတယ်.........အဲ့လိုခံစားချက်ကနေမြန်မြန်လွတ်ပါစေ။.........
ဆက်လက်အားပေးချင်သေးတယ်..
Post a Comment