မင်းမရှိတဲ့ အရပ်ဒေသ
နေရတာ ပျင်းတိပျင်းခြောက်နဲ့
ရင်ခွင်မှာ ဟာတာတာ
ပြည့်စုံမှုမရှိတဲ့ နာရီလက်တံ
ရိုက်ချက်တွေကို ကြည့်ရင်း
သက်ပြင်းတွေ အခါခါချ
ငါ့ကိုယ်ငါ ဘ၀င်မကျ
ထိုင်နေရမလိုလို ထပဲသွားရမလိုလို
စိတ်ထဲမှာ အလိုမကျ
ပူတိပူဆာ ဟာတိဟာတာနဲ့
စပ်ဖျင်းဖျင်း အလွမ်းတွေက
ခံရခက်ဆိုး ညဆိုအတွေးကတစ်မျိုး
တရေးကနိုးနဲ့ အိပ်လို့ကမရ
ငါ့နှယ်ဒုက္ခ ပတ်ဝန်းကျင်ကိုအလိုမကျ
ကံကြမ္မာကို အပြစ်တွေပုံချ
ငါတစ်ယောက် လူတွေကြားမှာ
ထော်လော်ကန့်လန့်နဲ့ နေရတာအထိုင်မကျ
ကုန်းကုန်းကွကွနဲ့ ကဗျာရေးလိုက်
မှောက်ရက်တွေးလိုက် အရက်ဆိုင်ပြေးလိုက်နဲ့
အချစ်ကြောင့် ပျာရာတွေခက်
ရောက်တက်ရာရာတွေးလိုက် ရောက်တက်ရာရာဆွေးလိုက်နဲ့
ပုံပျက်ပန်းပျက် အတွေးတွေရောက်ရက်ခက်
နှလုံးသားကို ထိုးနှက်
ရင်ခွင်တစ်ခုလုံး စုတ်ပျက်သက်
နေရတာ ပူစပ်စပ်
ခြောက်ကပ်ကပ် ကဗျာတစ်ပုဒ်က
မျက်ရည်လေး စို့တို့စက်တက်
အေးစက်စက်နဲ့ ခါးသက်စွာ
ငါကြိတ်ငိုချလည်း လွမ်းဆွတ်မှုကိုဖြေသိပ်မရ
မင်းမရှိတဲ့ အရပ်ဒေသ
ငါကဗျာရေးလို့တောင် အလွမ်းစကားလုံးတွေသီကာထပ်
ရင်ခွင်တစ်ခုလုံးလဲ ကြည့်ရက်စရာတောင်
မရှိတော့ဘူး စုတ်ပျက်သက်ကုန်ပါပြီ
ချစ်သူရယ် ....... ။
1 comment:
ကဗျာလေးကို လာဖတ်ပါတယ် မျှော်လင့်ခြင်း နေကောင်းသွားပြီလား
Post a Comment