ခါးသက်ခြင်း ရင်ခွင်မှာ
အဖော်မဲ့ လက်တစ်ဖက်နဲ့
ကိုယ့်ကိုကိုယ် ပြန်စမ်းကြည့်မိတယ်...။
လစ်ဟာနေတဲ့ ငါ့နှလုံးသားအောက်
မျက်ရည်စက်တွေနဲ့ အသက်မဲ့နေခဲ့တဲ့
ငါတစ်ယေက် ။
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်
နေခြည်ကို မျှော်ရင်း
ပါးပေါ်က ကျလာတဲ့
နာကျင်ခြင်း ဝေဒနာ၊
မပြည့်စုံတဲ့ ဘဝအချို့အကွေ့တွေကို
ရင်ဆိုင်ရင်း သက်ပြင်းချမိတယ်။
မနေ့ကငါ
ဒီနေ့ငါ
မတူညီ ခြားနားခြင်း
လွမ်းရက်တွေအောက်
အသက်မပျောက်အောင် ထိန်းရင်း
ဒီနေ့အတွက်နေဝင်ခဲ့တယ်၊
မနက်ဖြန်ကို မျှော်ရင်းနဲ့ပေါ့။
#ကျော်ကြီး#
No comments:
Post a Comment