Sunday, January 11, 2009

ချစ်သူရယ် . . .


မနေ့က ချစ်သူနဲ့
ဖုန်းပြောရလို့ ပျော်မိပင်မဲ့
ခဏတာပါပဲ ငါတို့နှစ်ယောက်ရဲ့
မညီမျှခြင်းတွေကို နင်မှန်ပါတယ်
ငါမှန်ပါတယ်နဲ့ ချိန်ခွင်ထက်ပေါ်
စကားနိုင်လုရင်း အချိန်တွေကိုအသာပေးခဲ့ရတယ်
အမှန်တော့ နင်လဲအရှုံးငါလဲအရှုံးပေါ့ . . . ။
ဖုန်းမပြောခင် မင်းဆီကဖုန်းလာနိုးနိုး
ငါပဲဖုန်းဆက်ရကောင်းနိုးနိးနဲ့
ခြေတုန်ချတုန် စိတ်ဗျာပါ
ရောက်ရက်ခက်ခဲ့တာလဲများပါပြီချစ်သူ
အခုတော့ ငါဆန္ဒလေးပြည့်မလိုလို
ငါ့စကားတွေ နိဒါန်းပျိုးတုန်း
ရင်ခုန်မလို့လုပ်တုန်းမှာ
မင်းခပ်ယဲ့ယဲ့လေသံတွေနဲ့
ငါ့ဘ၀ကိုလှောင်ပြောင်ခဲ့တယ် . . .
ဒါကြောင့် ငါ့ပျော်ရွှင်ရမဲ့အချိန်အပိုင်းအဆတချို့
မင်းလေသံအောက်မှာ ကျပျောက်ခဲ့တယ်ချစ်သူ . . . ။
ငါ .. .. မင်းနဲ့စကားနိုင်လုပြောဖို့
မရည်ရွယ်ပါဘူးချစ်သူ ....
မင်းနဲ့ဘယ်လောက်ပဲစကားနိုင်လုလု
အချိန်တန်ရင် ငါပဲအရှုံးပေးခဲ့ရတာပါချစ်သူ
မင်းနဲ့ပတ်သက်ရင် ဘယ်တော့များမှ
အရှုံးထဲက အမြတ်မထွက်တဲ့
ငါလိုလူသားကို ဘာကြောင့်
စကားလုံးလှလှတွေသုံးပြီး
အမြတ်ထုတ်ချင်ရတာလဲချစ်သူရယ် ... ။
ကျေးဇူးပြုပြီးလူချင်းတွေ့ ဖုန်းပြောတဲ့အခါ
ငါ့ဘက်ကိုငဲ့ကွက်တစ်ကွက်လောက်ဖြစ်ဖြစ်
လှည့်ကြည့်သင့်ပါတယ် ချစ်သူ . . .
မင်းနဲ့တွေ့တိုင်း ပွန်းပဲ့ခဲ့တဲ့
နှလုံးသားက တခါတရံတော့
သက်သာရာရချင်ပါရဲ့တဲ့
သနားလိုက်ပါချစ်သူရယ် . . .
နင်ဆိုတဲ့အသိတစ်လုံးနဲ့
အသက်ရှင်ရပ်တည်နေရတဲ့
ငါနှလုံးသားပါ ...... ။
မယုံလို့ Lesson ပေးမယ်တော့မကြံလိုက်ပါနဲ့
မင်းနဲ့ပတ်သက်ပြီး သင်ရိုးတန်းအကုန်ကြေပြီးမှ
မင်းရင်ခွင်ထဲ ငါချစ်တယ်ဆိုတဲ့
ဝါကျတစ်ကြောင်းဖွင့်ဟခဲ့တာပါ . . . ။

3 comments:

Anonymous said...

ကောင်းတယ် သယ်ရင်းရေ...မိုက်တယ်
အာပေးလျက်ကွာ အဆင်ပြေပါစေ

အိပ်မက်နိဒါန်း said...

ကဗျာလေးကိုခံစားသွားတယ်.အရေးအသားလေးတွေကောင်းလာတယ်.
အလွမ်းတွေများနေပြီထင်တယ်.
ချစ်သူနဲ့အဆင်ပြေပါစေ..

ပန်းခရေ said...

ကဗျာလေးက အတော်ကောင်းတာပဲ.... ချစ်သူကိုသိပ်ချစ်တဲ့ ငါ့မောင်လေး ချစ်သူနဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...