Sunday, June 14, 2009

ဆေးရုံတက်ခိုက် ... ( 8 th 11:45 to 14 th 11:00 )


လူသုံးဦးဆုံစည်းရာ နေရာ
အဲ့ဒီသုံးဦးပဲ အရောင်မျိုးစုံ
အသွင်မျိုးစုံနဲ့ ၀င်ချည်းထွက်ချည်း
ခြေချင်းလိမ်နေတဲ့ နေရာ
အဲ့ဒီနေရာ ငါရောက်ခိုက်မှာ ...
အသွင်မျိုးစုံ ဟန်ဆောင်ထားတဲ့
လူသုံးဦးကို ငါကိုယ်တိုင်တွေ့နေရတယ်
ငါလဲ အဲ့ဒီထဲမှာတစ်ဦးအဖြစ်ပေါ့
အသွင်းမျိုးစုံဟန်ဆောင် ၀တ်စားဆင်ယင်ထားပေမဲ့
ထိုလူတွေထံမှ ညည်းသံတွေမှတပါး
တခြားဘာသံမှ သဲသဲကွဲကွဲမကြားရဘူး .... ။
ငါတစ်ယောက်တည်းမဟုတ်ပါဘူး
ငါ့ဘေးနား ငါ့အနားတ၀ိုက်မှာလဲ
အသက်ကိုမနည်းမှန်အောင် ရူနေကြရတယ် .. ။
တချို့ကလည်း နာကျင်လို့
ညည်းငြူးလူးလဲနေတဲ့သူတွေ
ထိုလူတွေရဲ့ကြား ခြေချင်ရှုတ်ကာ
အလှချင်ပြိုင်နေသူတွေက
အလုပ်သင်ဆရာဝန်မလေးတွေပါ
တချို့ကစေတနာနဲ့ တချို့ဆူပုပ်ပုပ်နဲ့
ငါဆရာဝန်ဆိုတဲ့ ဂုဏ်ပုပ်ကို
အပီယူထားကြတယ် ... ။
ထိုကြားထဲ ထိုကြားထဲမှာ
အသက်လုနေသူတွေ တိမ်ရှောင်ရင်
ဆေးကျောင်းနောက်ဆုံးနှစ်တွေက
ကျော့ကျော့မော့မော့ ယူနီဖောင်းအပြည့်နဲ့
ရီသံတွေနှောနေကြတယ် ... ။
ငါပြောတာမမှားလောက်ပါဘူး
ငါ့စကားတွေ ဆိုရုံရှိသေး
ခြောက်ကပ်ကပ်အသံနဲ့ ဒီဒုက္ခတစ်ယောက်
ဆရာဝန်တွေ လက်မြှောက်ကာ
အိမ်ပြန်ရတော့မည်လေ .... ။
စိတ်မကောင်းပါဘူး ကုလို့ကိုမရတဲ့
အစွန်းဆုံးကို ရောက်နေလို့ပါတဲ့
အော် ... ဒါဆိုရင်
ငါဘယ်အဆင့်မှာရှိလဲလို့ သိချင်ဇောနဲ့
ဆရာမကိုမေးကြည့်လိုက်တော့
ငါ့ရောဂါအစအဆုံးကို နောက်ကြောင်းပြန်ပြီး
ပြောပြနေရတယ် ..... ။
ဒါက နောက်တစ်ယောက်မို့
ငါ့အကြောင်း တစို့တဆ
သူမသိလေခြင်းဆိုပြီး
စီကာပတ်ကုံး ပြောပြနေရတာပါ
ငါ့အလှည့်ဘယ်တော့လဲ သိချင်ဇောနဲ့ပေါ့
ဆရာမက ပြောလိုက်ပါတယ်
နင်လဲမကြာခင် ဆင်းရမှာပါတဲ့
" ဗျာ ...... ......... ....... "
" နေကောင်းလျက်နဲ့ ဆင်းရမယ်လို့ပြောတာ "
အော် ... တော်ပါသေးရဲ့ ... ။
လူနာဘက်က သေရမှာကြောက်နေပေမဲ့
ဆရာဝန်တစ်ယောက်အနေနဲ့တော့
လူနာတစ်ယောက် သေသွားတာမစမ်းပါဘူးလေ ..... ။
ငါ့နှယ် ကျေးဇူးရှင်များ
ကျေးဆွတ်မိနေလား ပြန်ပြီးပြန်ပြီးစဉ်းစားကြည့်မိလေတော့
ကန်တော့ကန်တော့လို့ စိတ်ထဲမှာ
ကြိတ်တောင်းပန်ရင်း ...
ဆရာမဖြစ်စ အသစ်စက်စက်လေး
လေးငါးခြောက်ယောက် မျက်လုံးထဲပြေးမြင်ယောင်မိတယ်
လှလိုက်တာလို့ နုတ်ကရေရွတ်မိတော့
ကိုယ့်လိပ်ပြာကို ကိုယ်မလုံဘူးဖြစ်နေတယ်
ဘာကြောင့်လဲလို့စဉ်းစားမိတော့
ကျွန်တော့ကိုပြစ်ထားတဲ့ ချစ်သူမိရက်စက်က
ရင်ခွင်နှလုံးသားတစ်ခုလုံး သိမ်းပိုက်ထားခဲ့ပြီလေ ... ။
ဒါနဲ့ဒါနဲ့ပဲ အိပ်မရလို့အတွေးတွေ
ဖြန့်ကျက်နေလိုက်တာ
ဆရာဝန်ဆေးထိုးဖို့ အနားရောက်မှ
ကဗျာကယာစာအုပ်ကိုသိမ်းရင်း
သန်ခေါင်ယံထက်ကျွန်တော်တစ်ယောက်တည်း
သူငယ်ချင်းတွေကိုလွမ်းရင်း အိမ်ပြန်ဖို့ရက်
မျှော်နေမိတယ် ... ။

( ဆေးရုံသို့သတင်းမေးလာကြသောသူငယ်ချင်းအားလုံးကို အရမ်းကျေးဇူးတင်သလို မသိလို့မလာနိုင်ကြ သိရက်နဲ့ မအားလို့မလာနိုင် ဝေးလွန်းလို့ မရောက်လာနိုင်ကြတဲ့ သူငယ်ချင်းတွေလဲ အရမ်းသတိရပါတယ် ဆိုတဲ့အကြောင်းနဲ့ ကျွန်တော် ဌာနေကိုခေတ္တခဏအနားယူ ပြန်သွားပါတယ် ... ကျွန်တော့်ကိုအမြဲတမ်းသတိရ နေပေးပါနော် ....... အားလုံးအားလုံးကိုခင်မင်လျက် .... ။ )
ကျော်သူဟိန်း (မျှော်လင့်ခြင်း)

5 comments:

may16 said...

မောင်လေး အမြန်ဆုံးနေကောင်းပါစေရှင်

kiki said...

ဒါက လူနာဖက်ကနေ ကြည့်တဲ့အမြင်တခုပါ ။
ဆရာဝန် တိုင်းက ဒီလိုချည်းဘဲ လို့ တော့ မဟုတ်ပါဘူး ။ ငခုံးမ တကောင်ကြောင့် တလှေလုံးပုတ်ရတာမျိုးတွေ ခုခေတ်ကြီးထဲ အများကြီးပါဘဲ ။
ပြန်လမ်းမရှိတဲ့ လမ်းကို သွားခဲ့ ရတဲ့ လူနာတိုင်းအတွက် ပူဆွေးသောကရောက်နေရမယ်ဆိုတာလဲ မဖြစ်နိုင်ဘူးလေ ။ဒါပေမဲ့  ရှိနေစဉ်မှာ အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ပေးတတ်တဲ့  ဆရာဝန်စိတ်ရှိတဲ့ ဆရာဝန်တွေလည်း ရှားပါးကုန် အနေနဲ့ ရှိနေပါသေးတယ်။
နားလည်နိုင်ပါစေ ။
ခုရော... နေကောင်းသွားပြီလား( ခုမှ မေးဖို့ သတိရတယ် ဟဲ ဟဲ) ..ခုခေတ်ကြီးမှာ နေထိုင်မကောင်းဖြစ်ရင် မလွယ်ဘူးနော ..ဒီတော့ ကြိုတင်ကာကွယ်ရေးက အရေးကြီးဆုံး ဆိုတာ သဘောပေါက်ပါ...

ခင်တဲ့ 
အမ.ကိကီ.။

ရောင်ပြန် said...

(နေကောင်းပါစေ)3 သုံးခါဆုတောင်းပေးလိုက်တယ်.. ဥုံ ပျောက်စေ.. ပျောက်စေ.. ရောဂါ..
အယ်.. မေးမလို့.. ဆေးရုံက စိတ်ကျန်းမာရေးဆေးရုံတော့ဟုတ်ပါဘူးနော်... အဟဲ နောက်တာပါ

မသက်ဇင် said...

ကျော်သူဟိန်း (မျှော်လင့်ခြင်း) ရေ
ကဗျာလေးဖတ်ပြီး ကြေကွဲနေမိတယ်
မောင်လေးနေကောင်းလာမှာပါ
စိတ်ဓါတ်ကို ကြံ့ခိုင်အောင်နေ
တရားမှတ်ပါ။ ဝိပသနာတရားတော်ဟာ
ရောဂါကုခြင်းတမျိုးပဲတဲ့
မောင်လေးအမြန်ကျန်းမာပါစေ
ခင်မင်လျက်

Unknown said...

ဦးနောက်ထဲကျန်နေတဲ့အမှတ်တရကိုမျှဝေချင်လို့ပါ လောကမှာ ရောဂါကင်းတဲ့သူရယ်လို့မရှိနိုင်ဘူးတဲ့ ကိုယ်မှာဖြစ်တဲ့ရောဂါ စိတ်မှာဖြစ်တဲ့ရောဂါ နုတ်မှာဖြစ်တဲ့ရော တစ်ခုခုတော့ နေစဉ်နဲအမျှ ခံစားနေကြရတာပါ ဒါတွေကိုသက်သာပြောက်ကင်းဖို့ ဆိုရင်တော့ သတိဆိုတဲ့ဆေးဟာ လူတိုင်းအတွက်တော့ အကောင်းဆုံသောဆေးပါတဲ့ (သံယုတ်ပါဠိတော်မှာ) ဘုရားဟောထာပါတယ် ဒကာကျော်သူဟိန်းရေ မေတ္တာစိတ်ကိုအမြဲးမွေမြူပြီးတော့ စိတ်ကိုနူညံအောင် အမြဲထားပေးပါ ဒါဆိုရင်တော့ အမြန်လန်းဆန်းလာပါ လိမ့်မယ်နော် (သစ္ဆိကရောထ) ကျမ်းမာခြင်းလက်ဆောင်ကြီးကို အမြန်ဆောင်ယူနုင်ပါစေနော်....။

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...