Friday, November 7, 2008

တိတ်တခိုးနဲ့တဖက်သပ်ရင်ခုန်သံ

တိတ်တခိုးနဲ့ ကြိတ်ပိုးချစ်ခဲ့သူပါ


ငါတိတ်တိတ်ရှိုးခဲ့တာ သူဘယ်သိမှာလဲ


အချစ်တွေကို ပေါ်တင်ဖွင့်ဟခွင့်မရခဲ့တဲ့


ငါရဲ့အချစ် ဖြစ်တည်ချက်တွေက


အချိန်ရယ်နှောင်းခဲ့ပြီမို့ …


ကိုယ့်စိတ်ကို ကိုယ်အပြစ်မတင်ချင်ပါဘူး


သူနဲ့ဆုံခဲ့တာကိုက နောက်ကျခဲ့တာကို


ငါ့ရင်ထဲမှာ ပေါက်ဖွားနေတဲ့


ရင်ခုန်သံက အသစ်ဖြစ်ပင်မဲ့


မင်းဆီမှာကြတော့ တပတ်ရစ်ဖြစ်နေပြီလေ


ငါ့အဖြစ်က


သို့သော် … သို့သော်နဲ့


မင်းအပေါ်ဝေဖန်ချက် ခပ်ဆိုးဆိုးတွေပယ်ချကာ


တပတ်ရစ်က အသစ်ဖြစ်လိမ့်နိုးနိုးနဲ့ပေါ့


မဖြစ်နိုင်မှန်းတော့ သိပါတယ်


မင်းကြောင့် ဖြစ်တည်လာတဲ့


ရူးသွပ်ခြင်း ရင်ခုန်သံတဖက်သက်ကို


လစ်လျူရှု့လို့ မရလို့ပါ . . .

1 comment:

Unknown said...

your poem is very nice ...but is not makeing everybody..your poem is so many word..i think so..
it is needed deeply word that arrow throw my heard.i hope that shortly of nice word eg: demolition lover....i hope so u can so many poem for me..
thank..fri

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...