Saturday, December 6, 2008

ဒီဇင်ဘာညရဲ့ အလွမ်းတို့အကြောင်း

မနှစ်က .. ဒီအချိန်
ငါ့အနားမှာ မင်းမရှိဘူးလေ
ဒီနှစ် .. ဒီအချိန်
ဒီဇင်ဘာဆောင်းတစ်ညမှာရော
ငါ့အနားမှာမင်းရှိသလား . . . ။
မင်းမရှိပါဘူး . . ဘယ်တော့များမှ
ငါ့ရင်ခွင်ထဲ မင်းလျှောက်လှမ်းလာမှာလဲ
မျှော်လင့်ချက်တွေနဲ့ အိပ်စက်ခဲ့တဲ့ညတွေကများလို့
ခြောက်ကပ်စွာ တမ်းတရင်း
အလွမ်းတွေက ခါးသက်
ညတွေမှာ အလွမ်းတွေကထပ်လို့
ရင်ခွင်တစ်ခုလုံး နှင်းနဲ့အတူဖုံးလွှမ်း
Christmas ညတွေနဲ့အတူ
မင်းကိုလွမ်းနေရတာ အချိန်တိုင်းဖြစ်နေလို့
ငါ...ဒီပျော်ရွှင်စရာ ဒီဇင်ဘာညတွေကို
ဆုံးရှုံးရတာ မင်းကိုချစ်ပြီးကတည်းကပေါ့ ...
စိတ်ညစ်တာတစ်ခုက ငါဘာကြောင့်
သူ့ကိုအဲ့ဒီလောက်ချစ်နေရတာလဲ
သူ့ကြောင့်ရင်ခုန်မှုတွေ ဘာလို့မရပ်တန့်သေးတာလဲ
ငါလွမ်းရတာ ပင်ပန်းလှပါပြီချစ်သူရယ် ... ။

2 comments:

Anonymous said...

တစ်ပုဒ်လုံး ကောင်းတယ် အားပေးလျက်ပါ
အဆင်ပြေပါစေဗျာ

အိပ်မက်နိဒါန်း said...

ကဗျာလေးကကောင်းတယ်.ခံစားသွားတယ်နော်..

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...