Wednesday, December 10, 2008

မာန နှင့် အလွမ်းစီးချင်းထိုးရာ

မပီပြင်တဲ့ တမ်းတသံ
ရင်ခုန်သံ နှေးတိနှေးကွေးနဲ့
အသဲက အေးတိအေးစက်
မာဆက်ဆက်ပါးပြင်က ကျလာတဲ့
မျက်ရည်ကြတော့ ပျော့ညံ့လိုက်တာ
ငါသူ့ကို မလွမ်းမိအောင်
အတန်တန်ထိန်းထားရင်းနဲ့
ကျဖြစ်အောင်ကျခဲ့တဲ့ မျက်ရည်စက်တွေက
ငါဆိုတဲ့မာနကိုမှ အားမနာ
ရင်ထဲဖြစ်တည်ချက်တွေက
ဟန်ဆောင်မှုကင်းမဲ့လိုက်တာ
အလွမ်းက မျက်ရည်
မျက်ရည်က အလွမ်းမှမဟုတ်တာ
ငါမျက်ရည်မကျမိရင် သူ့ကိုမလွမ်းမိဖူးပေါ့
ဝေးကွာနေခိုက် အလွမ်းမရှိ
သံယောဇဉ်ဆိုတာမရှိတော့ရင်
အချစ်တွေ စိတ်သုဉ်းလို့
ကြိတ်လွမ်းစရာ ငါဘာလိုသေးလို့လဲ
အဲ့ဒီတော့ အလွမ်းတွေကိုသိမ်း
မျက်ရည်စက်လပ် ပါးပြင်ကွက်လပ်ကို
ငါလူမသိအောင် အသာသုတ်လို့
ငါဆိုတဲ့မာနကို ဆယ်ယူဖို့ကြိုးစား
ဇာတ်လမ်းကို အဆုံးသပ်မယ်ကြံတော့
နှလုံးသားက လက်သင့်မခံ
ငါ့ကိုဝေဖန်ဖန်ချက်ကြီးကြီးနဲ့
စွဲချက်တွေတင် . . .
မင်းဟာတော်တော်ပျော့ညံ့တဲ့
ယောကျာင်္းတစ်ယောက်ပါလား
အချစ်ကိုသွယ်ဝှက် လွမ်းဆွတ်မှုကို
နိဂုံးချုပ်ချင်ရအောင် . . .
မင်းသူ့ကို ချစ်တုန်းက
ငါ့ကိုဘာလို့ ရင်ခုန်ခိုင်းခဲ့လဲ
အခုတော့ . . .
ငါ့ရင်ခုန်မှုနယ်ကျွန်နေပြီမို့
သူ့ကိုမလွမ်းမိအောင် ထိန်းထားမဲ့အစား
ရင်ခွင်ဖွင့်၍ မိုင်းကုန်သာလွမ်းလိုက်ပါတော့ . . .။
ကဲ .. .. ဒါဖြင့်လဲ
ဖြစ်ချင်ရာဖြစ် အရမ်းချစ်မယ်ဆိုပြီး
ဒီနေ့တော့ ရက်ရက်စက်စက်
လွမ်းပလိုက်ပါတော့တယ် . . .။

3 comments:

အိပ်မက်နိဒါန်း said...

ငါ့ရင်ခုန်မှုနယ်ကျွန်နေပြီမို့
သူ့ကိုမလွမ်းမိအောင် ထိန်းထားမဲ့အစား
ရင်ခွင်ဖွင့်၍ မိုင်းကုန်သာလွမ်းလိုက်ပါတော့ . . .။
ကဲ .. .. ဒါဖြင့်လဲ
ဖြစ်ချင်ရာဖြစ် အရမ်းချစ်မယ်ဆိုပြီး
ဒီနေ့တော့ ရက်ရက်စက်စက်
လွမ်းလိုက်ပါတော့တယ် . . .။

အိပ်မက်နိဒါန်း said...

စာသားလေးတွေကကောင်းတယ်.ဆက်ရေးနော်.စောင့်ဖတ်နေမယ်.

ကောင်းကင်ပြာ said...

ငါ့ရင်ခုန်မှုနယ်ကျွန်နေပြီမို့
သူ့ကိုမလွမ်းမိအောင် ထိန်းထားမဲ့အစား
ရင်ခွင်ဖွင့်၍ မိုင်းကုန်သာလွမ်းလိုက်ပါတော့ . . .။
ကဲ .. .. ဒါဖြင့်လဲ
ဖြစ်ချင်ရာဖြစ် အရမ်းချစ်မယ်ဆိုပြီး
ဒီနေ့တော့ ရက်ရက်စက်စက်
လွမ်းပလိုက်ပါတော့တယ် . . .။
ကျွန်မလွမ်းနေတဲ့ အချိန်မှာ ဒီစာသားလေးဖတ်ပီး
heart ထိသွားတယ်ရှင်၊အရမ်းကောင်းတဲ့ စာသားတွေနဲ့
ကဗျာကောင်းတပုဒ်ပါရှင်

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...